ဆက္စီ ဓာတ္ပံုရိုက္ကူးမႈမ်ားလို႔ေပါက္ေစ်းခဏခဏအေမးခံရတယ္ဆိုတဲ့ ဇာဇာထက္

အနုပညာရပ္၀န္း

Sexy ဓာတ္ပံုေတြ ႐ိုက္ကူးခဲ႔လို႔ လူအမ်ားက အထင္ေသးၾကၿပီး ေပါက္ေစ်းလာလာေမးၾကတဲ႔ ျဖစ္ရပ္ေတြအထိ ႀကံဳေတြ႔တယ္ခဲ့ရတယ္လို႔ ေမာ္ဒယ္လ္ဇာဇာထက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

“တခ်ိဳ႕ေတြဆိုရင္ Sexy photo ႐ိုက္ေတာ့ အထင္ေသးၾကတယ္။ ဇာဇာထက္က ေခၚရင္ရတယ္။ ေပါက္ေစ်း ဘယ္ေလာက္ရိွတယ္ကအစ ေျပာၾကတယ္။ ေဖ့စ္ဘြတ္ကေန ဆက္သြယ္ၾကတယ္။ ဘယ္ေလာက္ေပါက္ေစ်းရိွတယ္။ ေခၚလို႔ရလားဆိုတာကအစေပါ့။ ညီမလည္း ရယ္ခ်င္မိတယ္။ ကိုယ့္ေပါက္ေစ်း ကိုယ္တိုင္မသိေတာ့ေလ” လို႔ဇာဇာထက္က ေျပာပါတယ္။

လက္ရွိမွာ ဇာတ္ကားေတြ ႐ိုက္ကူးခြင့္ရလာၿပီျဖစ္တဲ့ ေမာ္ဒယ္လ္ဇာဇာထက္က သ႐ုပ္ေဆာင္ဘက္မွာ အခိုင္အမာရပ္တည္ခြင့္ရလာခဲ႔ရင္ သူရပ္တည္ေနတဲ့ Sexy ဓာတ္ပံု႐ိုက္ကူးမႈေတြကို တျဖည္းျဖည္းရပ္နားေတာ့မယ္လို႔လည္း ေျပာလာပါတယ္။

အရင္က ဇာတ္ကား႐ိုက္ကူးဖို႔ကမ္းလွမ္းမႈေတြရွိလို႔ သြားေရာက္ခဲ့တဲ႔အခါမွာေတာ႔ ႐ိုက္ကြင္းေပၚေရာက္မွသာ ျဖတ္ေလွ်ာက္သေဘာဆန္ဆန္ေနရာရခဲ့ျပီး လွည့္ျပန္ခဲ့ရတာေတြရိွတယ္လို႔ ဇာဇာထက္က ေျပာပါတယ္။

“တခ်ိဳ႕ေတြက ပြဲေတြမွာေတြ႔ရင္ အခုလိုကိုယ္ရပ္တည္ေနရတဲ့ အေျခအေနကိုၾကည့္ၿပီး အထင္ေသးသလိုအၾကည့္၊ မတူမတန္သလိုအၾကည့္ေတြနဲ႔ ႀကံဳခဲ့ရဖူးတယ္။ အဲဒီအခ်ိန္ စိတ္ဓာတ္က်တတ္ေတာ့ အေမက အားေပးခဲ့တယ္။ ဆက္လုပ္ဖို႔၊ စိတ္ဓာတ္မက်ဖို႔ေတြကိုေပါ့။ ဒီခြန္အားေတြနဲ႔ေရွ႕ဆက္ခဲ့ပါတယ္”လို႔ ဇာဇာထက္က ေျပာပါတယ္။

ေမာ္ဒယ္လ္ဇာဇာထက္ကို အဓိကသ႐ုပ္ေဆာင္အျဖစ္နဲ႔႐ိုက္ကူးဖို႔ နန္းေခါင္ထုတ္လုပ္ေရးက ကမ္းလွမ္းလာတာေၾကာင့္ အခုေတာ႔အဓိကဇာတ္ေကာင္ေနရာက ဇာတ္ကားရိုက္ကူးခြင္႔ရေနပါျပီ။

“ဒီဇာတ္ကားထဲမွာ လုပ္ကြက္ေတြရပါတယ္။ ကိုယ္က အ႐ူးမလုပ္ရတယ္။ စိတ္ေဝဒနာစြဲကပ္ေနေတာ့ ဘာဆို ဘာမွမသိဘူး။ ေညာင္ပင္မွာ ႀကိဳးဆြဲခ်ၿပီးေသရတယ္။ ညဘက္႐ိုက္ရတဲ့အခန္းေတြဆို ေၾကာက္ဖို႔ေကာင္းတယ္။ စတီးႀကိဳးေတြနဲ႔ ေညာင္ပင္အျမင့္ကေနဆြဲထားေတာ့ ကိုယ္မွာ ဒဏ္ရာေတြရတဲ့အထိ ျဖစ္ရတယ္။ ေနမေကာင္း ေတာင္ျဖစ္ရပါတယ္”လို႔ ဖြင္႔ဟပါတယ္။

သူမဟာ ဇာတ္လမ္းေမထြဋ္ေခါင္၊ ဇာတ္ညႊြန္းနဲ႔ဒါ႐ိုက္တာ ေခါေခါ(ဆရာ့ပညာ)႐ိုက္ကူးတဲ့ “ႏွစ္ ၁၀၀ မကြၽတ္မလြတ္ ဂ်ပန္တေစၦနဲ႔ ႀကိဳးဆြဲခ်သရဲမ” ဇာတ္ကားမွာ ေမထြဋ္ေခါင္၊ ဆည္းဆာညီညီတို႔နဲ႔အတူတြဲဖက္ပါဝင္ထားျပီး ဒါရုိက္တာညိဳမင္းလြင္ရိုက္ကူးတဲ႔ကိုယ္ပိုင္အမွတ္(၃၇၆)ဇာတ္ကားမွာလည္း ပါဝင္ထားတယ္လို႔သိရပါတယ္။

Credit# akhayar

Photo# Zar Zar Htet Fb

 Unicode
Sexy ဓာတ်ပုံရိုက်ကူးမှုများလို့ပေါက်စျေးခဏခဏအမေးခံရတယ်ဆိုတဲ့ ဇာဇာထက်
——
Sexy ဓာတ်ပုံတွေ ရိုက်ကူးခဲ့လို့ လူအများက အထင်သေးကြပြီး ပေါက်စျေးလာလာမေးကြတဲ့ ဖြစ်ရပ်တွေအထိ ကြုံတွေ့တယ်ခဲ့ရတယ်လို့ မော်ဒယ်လ်ဇာဇာထက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“တချို့တွေဆိုရင် Sexy photo ရိုက်တော့ အထင်သေးကြတယ်။ ဇာဇာထက်က ခေါ်ရင်ရတယ်။ ပေါက်စျေး ဘယ်လောက်ရှိတယ်ကအစ ပြောကြတယ်။ ဖေ့စ်ဘွတ်ကနေ ဆက်သွယ်ကြတယ်။ ဘယ်လောက်ပေါက်စျေးရှိတယ်။ ခေါ်လို့ရလားဆိုတာကအစပေါ့။ ညီမလည်း ရယ်ချင်မိတယ်။ ကိုယ့်ပေါက်စျေး ကိုယ်တိုင်မသိတော့လေ” လို့ဇာဇာထက်က ပြောပါတယ်။
လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရလာပြီဖြစ်တဲ့ မော်ဒယ်လ်ဇာဇာထက်က သရုပ်ဆောင်ဘက်မှာ အခိုင်အမာရပ်တည်ခွင့်ရလာခဲ့ရင် သူရပ်တည်နေတဲ့ Sexy ဓာတ်ပုံရိုက်ကူးမှုတွေကို တဖြည်းဖြည်းရပ်နားတော့မယ်လို့လည်း ပြောလာပါတယ်။
အရင်က ဇာတ်ကားရိုက်ကူးဖို့ကမ်းလှမ်းမှုတွေရှိလို့ သွားရောက်ခဲ့တဲ့အခါမှာတော့ ရိုက်ကွင်းပေါ်ရောက်မှသာ ဖြတ်လျှောက်သဘောဆန်ဆန်နေရာရခဲ့ပြီး လှည့်ပြန်ခဲ့ရတာတွေရှိတယ်လို့ ဇာဇာထက်က ပြောပါတယ်။
“တချို့တွေက ပွဲတွေမှာတွေ့ရင် အခုလိုကိုယ်ရပ်တည်နေရတဲ့ အခြေအနေကိုကြည့်ပြီး အထင်သေးသလိုအကြည့်၊ မတူမတန်သလိုအကြည့်တွေနဲ့ ကြုံခဲ့ရဖူးတယ်။ အဲဒီအချိန် စိတ်ဓာတ်ကျတတ်တော့ အမေက အားပေးခဲ့တယ်။ ဆက်လုပ်ဖို့၊ စိတ်ဓာတ်မကျဖို့တွေကိုပေါ့။ ဒီခွန်အားတွေနဲ့ရှေ့ဆက်ခဲ့ပါတယ်”လို့ ဇာဇာထက်က ပြောပါတယ်။
မော်ဒယ်လ်ဇာဇာထက်ကို အဓိကသရုပ်ဆောင်အဖြစ်နဲ့ရိုက်ကူးဖို့ နန်းခေါင်ထုတ်လုပ်ရေးက ကမ်းလှမ်းလာတာကြောင့် အခုတော့အဓိကဇာတ်ကောင်နေရာက ဇာတ်ကားရိုက်ကူးခွင့်ရနေပါပြီ။
“ဒီဇာတ်ကားထဲမှာ လုပ်ကွက်တွေရပါတယ်။ ကိုယ်က အရူးမလုပ်ရတယ်။ စိတ်ဝေဒနာစွဲကပ်နေတော့ ဘာဆို ဘာမှမသိဘူး။ ညောင်ပင်မှာ ကြိုးဆွဲချပြီးသေရတယ်။ ညဘက်ရိုက်ရတဲ့အခန်းတွေဆို ကြောက်ဖို့ကောင်းတယ်။ စတီးကြိုးတွေနဲ့ ညောင်ပင်အမြင့်ကနေဆွဲထားတော့ ကိုယ်မှာ ဒဏ်ရာတွေရတဲ့အထိ ဖြစ်ရတယ်။ နေမကောင်း တောင်ဖြစ်ရပါတယ်”လို့ ဖွင့်ဟပါတယ်။
သူမဟာ ဇာတ်လမ်းမေထွဋ်ခေါင်၊ ဇာတ်ညွှွန်းနဲ့ဒါရိုက်တာ ခေါခေါ(ဆရာ့ပညာ)ရိုက်ကူးတဲ့ “နှစ် ၁၀၀ မကျွတ်မလွတ် ဂျပန်တစ္ဆေနဲ့ ကြိုးဆွဲချသရဲမ” ဇာတ်ကားမှာ မေထွဋ်ခေါင်၊ ဆည်းဆာညီညီတို့နဲ့အတူတွဲဖက်ပါဝင်ထားပြီး ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတဲ့ကိုယ်ပိုင်အမှတ်(၃၇၆)ဇာတ်ကားမှာလည်း ပါဝင်ထားတယ်လို့သိရပါတယ်။
by akhayar