ပရိသတ္ေတြ စိတ္၀င္းစားေနၾကတဲ့ Mary နဲ႔ အင္တာဗ်ဴး

အနုပညာရပ္၀န္း

ျမန္မာနိုင္ငံမွာ အသက္(၁၀) ႏွစ္အထိ ေနထိုင္ခဲ့ၿပီး ဂ်ပန္နိုင္ငံမွာ အလယ္တန္း၊ အထက္တန္းနဲ႔ အခုဆိုရင္ တကၠသိုလ္ေနာက္ဆုံးႏွစ္ တက္ေရာက္ေနတဲ့ အဆိုေတာ္ Mary ကို ဒီတစ္ပတ္ရဲ့ Cover Star အျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။ ၀ဲ နဲ႔ Mask သီခ်င္းေတြနဲ႔အတူ ပရိသတ္ေတြ ႏွစ္သက္အားေပးမွုရခဲ့တဲ့ Mary ကို မိတ္ကပ္ေမဦးက အလွဆုံး လိမ္းျခယ္ေပးထားသလို ဓာတ္ပုံ Jason ကလည္း ဆန္းသစ္တဲ့ ရိုက္ခ်က္ေတြနဲ႔ ရိုက္ကူးပုံေဖာ္ေပးထားပါတယ္။

 

 

  1. ဂ်ပန္မွာေနစဥ္ ျမန္မာစာ၊ ျမန္မာစကားေတြနဲ႔ အဆက္မျပတ္ေအာင္ ဘယ္လိုေလ့လာျဖစ္လဲ။
  2. အေမက ျမန္မာလူမ်ိဳးဆိုေတာ့ ျမန္မာစကားမေမ့ေအာင္ အေျပာေလ့က်င့္ေပးတယ္။ Mary ကိုယ္တိုင္ကလည္း ျမန္မာစာကို စိတ္ဝင္စားတယ္။ ဖတ္စာအုပ္ေတြကို ကိုယ္တိုင္ဝယ္ၿပီးေတာ့ ေလ့လာတယ္။
  3. ျမန္မာျပည္ျပန္လာျဖစ္တာက…
  4. ဒီတစ္ေခါက္ကေတာ့ အလုပ္ကိစၥနဲ႔ပါ။ အရင္ကေတာ့ ခဏခဏအလည္ျပန္လာျဖစ္တယ္။ ေက်ာင္းပိတ္တိုင္း တစ္နိုင္ငံမဟုတ္ တစ္နိုင္ငံ ခရီးေလၽွာက္သြားေနတယ္။ အခုေနာက္ပိုင္း ျမန္မာျပည္မွာ သီခ်င္းလုပ္ျဖစ္ေတာ့ အလုပ္ကိစၥအတြက္ ေက်ာင္းပိတ္ရက္ေတြမွာ ျပန္လာျဖစ္ပါတယ္။
  5. ဘယ္အရြယ္ကစၿပီး သီခ်င္း ကို စိတ္ဝင္စားခဲ့တာလဲ။
  6. ငယ္ငယ္ေလးကတည္းက သီခ်င္းဆိုတာ ၀ါသနာပါတယ္။ အေဖက ငယ္ငယ္ကတည္းက ဂစ္တာတီးသင္ေတာ့ ႏွစ္ေယာက္အတူ သီခ်င္းဆိုတာေတြလည္းရွိတယ္။

 

 

  1. ဘယ္လိုသီခ်င္းေတြဆိုရတာ ပိုၿပီးသေဘာက်လဲ။
  2. Mary ႀကိဳက္တဲ့သီခ်င္းေတြ၊ ဆိုတဲ့သီခ်င္းေတြက သာမန္ လူတစ္ေယာက္အေနနဲ႔ဆိုရင္ အရမ္း ပ်င္းဖို႔ေကာင္းတယ္။ ေအးေအးေလး ေတြႀကိဳက္တယ္။ ေမ်ာၿပီးလြင့္ေနတဲ့ သီခ်င္းပုံစံေလးေတြႀကိဳက္တယ္။ ျမဴးတဲ့ သီခ်င္းေတြေတာ့ သိပ္မႀကိဳက္တဲ့အထဲမွာပါတယ္။
  3. Mary ဆိုတာ နာမည္ အရင္းလား။
  4. နာမည္အရင္းက Mary Soe ပါ။
  5. သီခ်င္းေအးေအးေလးေတြ ႀကိဳက္တာေၾကာင့္ online ေပၚမွာ ၀ဲ သီခ်င္း တင္ျဖစ္သြားတာလား။
  6. Mary က ငယ္ငယ္က တည္းက သီခ်င္းေတြေရးတယ္။ Officially သီခ်င္းလုပ္မယ္လို႔ စဥ္း စားလိုက္တဲ့အခါမွာ ကိုယ္ေရးတဲ့ သီခ်င္းေတြထဲမွာ ဘယ္သီခ်င္းကို အရင္ဆုံး ပရိသတ္ေတြကိုခ်ျပရင္ ေကာင္းမလဲ၊ ဘယ္သီခ်င္းက ကိုယ့္ ပုံစံအေပါက္ဆုံးလဲ ၾကည့္လိုက္တဲ့ အခါမွာ ၀ဲ သီခ်င္းက Mary ပုံစံ ပိုေပါက္သလို Mary ႀကိဳက္တဲ့ Music ပုံစံနဲ႔လည္းတူတယ္။ တျခား သီခ်င္းေတြက ငယ္ငယ္တုန္းကေရး ထားတာေၾကာင့္ နည္းနည္း Pop ဆန္တယ္။ ၀ဲက အခုလက္ရွိခံစား ေနရတဲ့ပုံစံနဲ႔အနီးစပ္ဆုံးျဖစ္လို႔ ဒီသီခ်င္းကိုေရြးၿပီးေတာ့ အရင္ဆုံး ခ်ျပခဲ့တာပါ။

 

 

  1. ပရိသတ္ေတြက ၀ဲ သီခ်င္းကို ေဝဖန္မွုအေပၚ မခံနိုင္လို႔ facebook ကို deactivate လုပ္ခဲ့ တာလား။ ဘာေၾကာင့္လဲ။
  2. Mary က တစ္ဦးတည္း ေသာသမီးပါ။ အျမဲတမ္းတစ္ေယာက္တည္း ေအးေအးေဆးေဆးပဲေနတယ္။ သီခ်င္းစလုပ္တုန္းက အေမလည္းမသိဘူး၊ ဘယ္သူမွမသိဘူး။ တစ္ေယာက္တည္း Producer နဲ႔လုပ္တယ္။ ၀ဲ သီခ်င္းထြက္တုန္းက ေဝဖန္မွုေတြျဖစ္ေနတဲ့ အခ်ိန္မွာ Mary က ဂ်ပန္ျပည္ကို ျပန္ေရာက္ေနၿပီ။ အေျပာခံရတဲ့ အခ်ိန္မွာ ရင္ဖြင့္စရာလူလည္းမရွိသလို အေဖအေမေတြကလည္း မသိဘူး။ ဂ်ပန္သူငယ္ခ်င္းေတြကလည္း ျမန္မာ Music အေၾကာင္း နားမလည္ေတာ့ ေျပာလို႔မရဘူး။ တစ္ေယာက္တည္း ကိုယ့္အခ်ိန္ကို ကိုယ္လိုခ်င္ခဲ့တယ္။ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးတယ္။ ဒီေလာကက ဒီလိုေတြရွိတယ္၊ ခံနိုင္လား၊ လုပ္နိုင္ မွာလား၊ တကယ္ Music လုပ္ခ်င္တာလား၊ ဒါမွမဟုတ္ ရိုးရိုးတကၠသိုလ္ေအာင္ၿပီးေတာ့ ဂ်ပန္ ကုမၸဏီတစ္ခုခုမွာ အလုပ္ဝင္လုပ္မွာလား။ ေအးေအးေဆးေဆးအခ်ိန္ယူၿပီး စဥ္းစားခဲ့တယ္။ တကယ္လုပ္ခ်င္ တယ္လို႔ ဆုံးျဖတ္ၿပီးမွ Account ျပန္ဖြင့္ၿပီး Mask သီခ်င္းကို လုပ္ ျဖစ္တာပါ။

 

  1. အဆိုေတာ္တင္ဇာေမာ္ ကိုယ္တိုင္က ဒီမိန္းကေလး ဘယ္သူလဲ။ ဒီလိုအဆိုေတာ္တစ္ေယာက္ကို ႀကိဳဆိုသင့္တယ္ဆိုၿပီး ေရးထားတဲ့ Comment ေတြကိုျမင္ရလား၊ ဘယ္ လိုခံစားမိလဲ။
  2. အဲဒီတုန္းက Istagram ပဲ သုံးေတာ့တယ္။ ပထမဦးဆုံး အႀကိမ္ Fan ေတြက အားေပး စကားလာေျပာတဲ့အခ်ိန္မွာ ငိုေတာင္ငိုမိတယ္။ ကိုယ္နဲ႔မသိတဲ့သူ တစ္ေယာက္က ကိုယ္လုပ္တဲ့ Music တစ္ခုကို ဒီေလာက္သေဘာက်ၿပီး ကိုယ္နဲ႔လုံးဝမသိဘဲ အားေပးတာကို ၀မ္းသာလြန္းလို႔ငိုမိတယ္။ တျခား Fan ေတြကလည္း Message ေတြ ပို႔လာတယ္။ အဆိုေတာ္ႀကီးေတြ ကိုယ္တိုင္ကပါ အားေပးစကားေတြ ေျပာလာတဲ့အခါ အရမ္းဝမ္းသာတယ္။ Mary အေမကိုလည္း ေျပာျပတဲ့အခ်ိန္မွာ အေမကလည္း အဲဒီ အဆိုေတာ္ေတြကို အရမ္းႀကိဳက္တဲ့ အတြက္ အရမ္းဝမ္းသာၿပီး ပိုၿပီးေတာ့ ေထာက္ပံ့ေပးလာတယ္။ အားေပးလာတယ္။ အနီးစပ္ဆုံးလူ ေတြကပါ အားေပးမွုေတြရွိလာတယ္။

 

  1. Socail Media မွာ Low Profile အေနနဲ႔ပဲေနၿပီး Instagram ပဲသုံးၿပီး Facebook ကို Personal Account သုံးတာ မေတြ႕ရတာ ဘာေၾကာင့္လဲ။
  2. အမွန္က Low Profile ေနတာမဟုတ္ပါဘူး။ Social Media ေတြ သိပ္သုံးေလ့မရွိဘူး။ ပုံေတြလည္း သိပ္တင္ေလ့မရွိဘူး။ နဂိုကတည္းက Privacy ကို အရမ္းလို ခ်င္တဲ့သူျဖစ္တာေၾကာင့္ ကိုယ့္ Privacy ကို သူမ်ားေတြသိတာ သေဘာမက်တာေၾကာင့္ Acitvity ေတြကိုလည္း သိပ္မတင္ျဖစ္ဘူး။ အဲဒါေၾကာင့္ Low Profile ပုံစံ ေပါက္သြားတာပါ။

 

  1. သီခ်င္းဆိုတဲ့အခါ ပရိသတ္ကို ဘယ္အရာကို အဓိကထားၿပီး ေပးခ်င္တာလဲ။
  2. သီခ်င္းတစ္ပုဒ္ခ်င္းစီရဲ့ Message ပါ။ သီခ်င္းဆိုတဲ့အခါ မွာ Mood ကို အဓိကထားတယ္။ Marry ကိုယ္တိုင္ အသည္းကြဲေနသလို၊ လူတစ္ေယာက္ကို ႀကိတ္ ေႂကြေနသလို ခံစားတယ္။ သီခ်င္း နားေထာင္ေနသူတစ္ေယာက္ကို ပုံျပင္ေျပာသလို Mood ျဖစ္ေအာင္ ဆိုတယ္။ နားေထာင္ေနတဲ့သူက လည္း ကိုယ္ကိုယ္တိုင္ခံစားေနရသလို၊ အသည္းမကြဲရင္ေတာင္ အသည္းကြဲေနသလို၊ Crush မရွိရင္ေတာင္ Crush တစ္ေယာက္ရွိသြား တဲ့ပုံစံ feeling မ်ိဳးေပးခ်င္တာပါ။

 

 

  1. အရမ္းအားက်ရတဲ့ ျပည္ တြင္းအဆိုေတာ္ရွိလား၊ ဘယ္သူလဲ။
  2. ျပည္တြင္းျပည္ပ အဆိုေတာ္အားလုံးကို သေဘာက်ပါတယ္။ တစ္ေယာက္တည္းေတာ့ ေျပာလို႔မရဘူး။
  3. Album ထြက္ဖို႔ အစီအစဥ္ ရွိလား။ ဘယ္ေတာ့လဲ။
  4. ဒီႏွစ္ထဲေတာ့မရွိေသးဘူး။ အခုျပန္လာတဲ့တစ္လအတြင္းမွာ ေတာ့ အေခြစီစဥ္မွုမျဖစ္နိုင္ဘူး။ ေနာက္ႏွစ္ သုံးလပိုင္း ေက်ာင္းၿပီး တဲ့အခ်ိန္ေလာက္မွ ျမန္မာျပည္ျပန္လာၿပီး ျပန္ေနျဖစ္ရင္ သီခ်င္းလုပ္ ျဖစ္ပါမယ္။

 

  1. Mask သီခ်င္းကို ကိုယ္တိုင္ ဘာလို႔ MTV မရိုက္ေတာ့တာလဲ။
  2. အစကေတာ့ ရွစ္လပိုင္းျပန္လာမယ္ဆိုရင္ ရိုက္ဖို႔စဥ္းစားထားတာပါ။ ဒါေပမဲ့ Mask ထြက္တဲ့ အခ်ိန္မွာ ကိုယ္က ဂ်ပန္နိုင္ငံမွာဆိုေတာ့ ရိုက္ဖို႔အဆင္မေျပခဲ့ဘူး။ Album ထြက္တဲ့အခါက်ရင္ေတာ့ Mask ကိုရိုက္ၿပီးေတာ့ ျပန္ထည့္ဖို႔ စဥ္းစားထားပါတယ္။
  3. Mary ရဲ့ ဘယ္အခ်က္ ေတြက ပရိသတ္ရင္ထဲေရာက္ခဲ့တယ္ထင္လဲ။
  4. ပရိသတ္ေတြက အသံတစ္ခုတည္းနားေထာင္ၿပီး သိခဲ့တာဆိုေတာ့ သီခ်င္းဆိုတဲ့ပုံစံလို႔ထင္တယ္။ သူတို႔ကိုယ္တိုင္ကိုက Feel တစ္မ်ိဳး မ်ိဳးရသြားတယ္လို႔ ထင္တယ္။

 

 

 

  1. Mary ရဲ့ ပရိသတ္ေတြကို ဘာမ်ားေျပာခ်င္ေသးလဲ။
  2. Mary အသံကိုပဲၾကားၿပီး Mary ဆိုတာ ျဖဴလား၊ မဲလားေတာင္ မသိတဲ့အခ်ိန္ကတည္းကစ ၿပီး အသံတစ္ခုပဲၾကားၿပီး အားေပးခဲ့တဲ့သူေတြ Mary အဆိုးဆုံးေရာက္ ေနတဲ့အခ်ိန္၊ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္ အားေပးခဲ့တဲ့သူေတြကို အရမ္းအရမ္းေက်းဇူးတင္ပါတယ္။ ျမန္မာျပည္မွာမရွိတာေၾကာင့္ Mary လုပ္ေနတဲ့သီခ်င္းေတြက တျခားအဆိုေတာ္ေတြနဲ႔ယွဥ္လိုက္ရင္ အရမ္းေႏွးေနပါတယ္။ လုပ္နိုင္တဲ့ အခ်ိန္မွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ သီခ်င္းေကာင္းေကာင္းေလးေတြကို ဆိုျပခ်င္ပါတယ္။

Credit to 8 Days Journal

 

 

Unicode

ပရိသတ်တွေ စိတ်ဝင်းစားနေကြတဲ့ Mary နဲ့ အင်တာဗျူး

 

မြန်မာနိုင်ငံမှာ အသက်(၁၀) နှစ်အထိ နေထိုင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အလယ်တန်း၊ အထက်တန်းနဲ့ အခုဆိုရင် တက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေတဲ့ အဆိုတော် Mary ကို ဒီတစ်ပတ်ရဲ့ Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၀ဲ နဲ့ Mask သီချင်းတွေနဲ့အတူ ပရိသတ်တွေ နှစ်သက်အားပေးမှုရခဲ့တဲ့ Mary ကို မိတ်ကပ်မေဦးက အလှဆုံး လိမ်းခြယ်ပေးထားသလို ဓာတ်ပုံ Jason ကလည်း ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ရိုက်ကူးပုံဖော်ပေးထားပါတယ်။

 

  1. ဂျပန်မှာနေစဉ် မြန်မာစာ၊ မြန်မာစကားတွေနဲ့ အဆက်မပြတ်အောင် ဘယ်လိုလေ့လာဖြစ်လဲ။
  2. အမေက မြန်မာလူမျိုးဆိုတော့ မြန်မာစကားမမေ့အောင် အပြောလေ့ကျင့်ပေးတယ်။ Mary ကိုယ်တိုင်ကလည်း မြန်မာစာကို စိတ်ဝင်စားတယ်။ ဖတ်စာအုပ်တွေကို ကိုယ်တိုင်ဝယ်ပြီးတော့ လေ့လာတယ်။
  3. မြန်မာပြည်ပြန်လာဖြစ်တာက…
  4. ဒီတစ်ခေါက်ကတော့ အလုပ်ကိစ္စနဲ့ပါ။ အရင်ကတော့ ခဏခဏအလည်ပြန်လာဖြစ်တယ်။ ကျောင်းပိတ်တိုင်း တစ်နိုင်ငံမဟုတ် တစ်နိုင်ငံ ခရီးလျှောက်သွားနေတယ်။ အခုနောက်ပိုင်း မြန်မာပြည်မှာ သီချင်းလုပ်ဖြစ်တော့ အလုပ်ကိစ္စအတွက် ကျောင်းပိတ်ရက်တွေမှာ ပြန်လာဖြစ်ပါတယ်။
  5. ဘယ်အရွယ်ကစပြီး သီချင်း ကို စိတ်ဝင်စားခဲ့တာလဲ။
  6. ငယ်ငယ်လေးကတည်းက သီချင်းဆိုတာ ၀ါသနာပါတယ်။ အဖေက ငယ်ငယ်ကတည်းက ဂစ်တာတီးသင်တော့ နှစ်ယောက်အတူ သီချင်းဆိုတာတွေလည်းရှိတယ်။

 

 

  1. ဘယ်လိုသီချင်းတွေဆိုရတာ ပိုပြီးသဘောကျလဲ။
  2. Mary ကြိုက်တဲ့သီချင်းတွေ၊ ဆိုတဲ့သီချင်းတွေက သာမန် လူတစ်ယောက်အနေနဲ့ဆိုရင် အရမ်း ပျင်းဖို့ကောင်းတယ်။ အေးအေးလေး တွေကြိုက်တယ်။ မျောပြီးလွင့်နေတဲ့ သီချင်းပုံစံလေးတွေကြိုက်တယ်။ မြူးတဲ့ သီချင်းတွေတော့ သိပ်မကြိုက်တဲ့အထဲမှာပါတယ်။
  3. Mary ဆိုတာ နာမည် အရင်းလား။
  4. နာမည်အရင်းက Mary Soe ပါ။
  5. သီချင်းအေးအေးလေးတွေ ကြိုက်တာကြောင့် online ပေါ်မှာ ၀ဲ သီချင်း တင်ဖြစ်သွားတာလား။
  6. Mary က ငယ်ငယ်က တည်းက သီချင်းတွေရေးတယ်။ Officially သီချင်းလုပ်မယ်လို့ စဉ်း စားလိုက်တဲ့အခါမှာ ကိုယ်ရေးတဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းကို အရင်ဆုံး ပရိသတ်တွေကိုချပြရင် ကောင်းမလဲ၊ ဘယ်သီချင်းက ကိုယ့် ပုံစံအပေါက်ဆုံးလဲ ကြည့်လိုက်တဲ့ အခါမှာ ၀ဲ သီချင်းက Mary ပုံစံ ပိုပေါက်သလို Mary ကြိုက်တဲ့ Music ပုံစံနဲ့လည်းတူတယ်။ တခြား သီချင်းတွေက ငယ်ငယ်တုန်းကရေး ထားတာကြောင့် နည်းနည်း Pop ဆန်တယ်။ ၀ဲက အခုလက်ရှိခံစား နေရတဲ့ပုံစံနဲ့အနီးစပ်ဆုံးဖြစ်လို့ ဒီသီချင်းကိုရွေးပြီးတော့ အရင်ဆုံး ချပြခဲ့တာပါ။

 

 

  1. ပရိသတ်တွေက ၀ဲ သီချင်းကို ဝေဖန်မှုအပေါ် မခံနိုင်လို့ facebook ကို deactivate လုပ်ခဲ့ တာလား။ ဘာကြောင့်လဲ။
  2. Mary က တစ်ဦးတည်း သောသမီးပါ။ အမြဲတမ်းတစ်ယောက်တည်း အေးအေးဆေးဆေးပဲနေတယ်။ သီချင်းစလုပ်တုန်းက အမေလည်းမသိဘူး၊ ဘယ်သူမှမသိဘူး။ တစ်ယောက်တည်း Producer နဲ့လုပ်တယ်။ ၀ဲ သီချင်းထွက်တုန်းက ဝေဖန်မှုတွေဖြစ်နေတဲ့ အချိန်မှာ Mary က ဂျပန်ပြည်ကို ပြန်ရောက်နေပြီ။ အပြောခံရတဲ့ အချိန်မှာ ရင်ဖွင့်စရာလူလည်းမရှိသလို အဖေအမေတွေကလည်း မသိဘူး။ ဂျပန်သူငယ်ချင်းတွေကလည်း မြန်မာ Music အကြောင်း နားမလည်တော့ ပြောလို့မရဘူး။ တစ်ယောက်တည်း ကိုယ့်အချိန်ကို ကိုယ်လိုချင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးတယ်။ ဒီလောကက ဒီလိုတွေရှိတယ်၊ ခံနိုင်လား၊ လုပ်နိုင် မှာလား၊ တကယ် Music လုပ်ချင်တာလား၊ ဒါမှမဟုတ် ရိုးရိုးတက္ကသိုလ်အောင်ပြီးတော့ ဂျပန် ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်လုပ်မှာလား။ အေးအေးဆေးဆေးအချိန်ယူပြီး စဉ်းစားခဲ့တယ်။ တကယ်လုပ်ချင် တယ်လို့ ဆုံးဖြတ်ပြီးမှ Account ပြန်ဖွင့်ပြီး Mask သီချင်းကို လုပ် ဖြစ်တာပါ။

 

  1. အဆိုတော်တင်ဇာမော် ကိုယ်တိုင်က ဒီမိန်းကလေး ဘယ်သူလဲ။ ဒီလိုအဆိုတော်တစ်ယောက်ကို ကြိုဆိုသင့်တယ်ဆိုပြီး ရေးထားတဲ့ Comment တွေကိုမြင်ရလား၊ ဘယ် လိုခံစားမိလဲ။
  2. အဲဒီတုန်းက Istagram ပဲ သုံးတော့တယ်။ ပထမဦးဆုံး အကြိမ် Fan တွေက အားပေး စကားလာပြောတဲ့အချိန်မှာ ငိုတောင်ငိုမိတယ်။ ကိုယ်နဲ့မသိတဲ့သူ တစ်ယောက်က ကိုယ်လုပ်တဲ့ Music တစ်ခုကို ဒီလောက်သဘောကျပြီး ကိုယ်နဲ့လုံးဝမသိဘဲ အားပေးတာကို ၀မ်းသာလွန်းလို့ငိုမိတယ်။ တခြား Fan တွေကလည်း Message တွေ ပို့လာတယ်။ အဆိုတော်ကြီးတွေ ကိုယ်တိုင်ကပါ အားပေးစကားတွေ ပြောလာတဲ့အခါ အရမ်းဝမ်းသာတယ်။ Mary အမေကိုလည်း ပြောပြတဲ့အချိန်မှာ အမေကလည်း အဲဒီ အဆိုတော်တွေကို အရမ်းကြိုက်တဲ့ အတွက် အရမ်းဝမ်းသာပြီး ပိုပြီးတော့ ထောက်ပံ့ပေးလာတယ်။ အားပေးလာတယ်။ အနီးစပ်ဆုံးလူ တွေကပါ အားပေးမှုတွေရှိလာတယ်။

 

  1. Socail Media မှာ Low Profile အနေနဲ့ပဲနေပြီး Instagram ပဲသုံးပြီး Facebook ကို Personal Account သုံးတာ မတွေ့ရတာ ဘာကြောင့်လဲ။
  2. အမှန်က Low Profile နေတာမဟုတ်ပါဘူး။ Social Media တွေ သိပ်သုံးလေ့မရှိဘူး။ ပုံတွေလည်း သိပ်တင်လေ့မရှိဘူး။ နဂိုကတည်းက Privacy ကို အရမ်းလို ချင်တဲ့သူဖြစ်တာကြောင့် ကိုယ့် Privacy ကို သူများတွေသိတာ သဘောမကျတာကြောင့် Acitvity တွေကိုလည်း သိပ်မတင်ဖြစ်ဘူး။ အဲဒါကြောင့် Low Profile ပုံစံ ပေါက်သွားတာပါ။

 

  1. သီချင်းဆိုတဲ့အခါ ပရိသတ်ကို ဘယ်အရာကို အဓိကထားပြီး ပေးချင်တာလဲ။
  2. သီချင်းတစ်ပုဒ်ချင်းစီရဲ့ Message ပါ။ သီချင်းဆိုတဲ့အခါ မှာ Mood ကို အဓိကထားတယ်။ Marry ကိုယ်တိုင် အသည်းကွဲနေသလို၊ လူတစ်ယောက်ကို ကြိတ် ကြွေနေသလို ခံစားတယ်။ သီချင်း နားထောင်နေသူတစ်ယောက်ကို ပုံပြင်ပြောသလို Mood ဖြစ်အောင် ဆိုတယ်။ နားထောင်နေတဲ့သူက လည်း ကိုယ်ကိုယ်တိုင်ခံစားနေရသလို၊ အသည်းမကွဲရင်တောင် အသည်းကွဲနေသလို၊ Crush မရှိရင်တောင် Crush တစ်ယောက်ရှိသွား တဲ့ပုံစံ feeling မျိုးပေးချင်တာပါ။

 

 

  1. အရမ်းအားကျရတဲ့ ပြည် တွင်းအဆိုတော်ရှိလား၊ ဘယ်သူလဲ။
  2. ပြည်တွင်းပြည်ပ အဆိုတော်အားလုံးကို သဘောကျပါတယ်။ တစ်ယောက်တည်းတော့ ပြောလို့မရဘူး။
  3. Album ထွက်ဖို့ အစီအစဉ် ရှိလား။ ဘယ်တော့လဲ။
  4. ဒီနှစ်ထဲတော့မရှိသေးဘူး။ အခုပြန်လာတဲ့တစ်လအတွင်းမှာ တော့ အခွေစီစဉ်မှုမဖြစ်နိုင်ဘူး။ နောက်နှစ် သုံးလပိုင်း ကျောင်းပြီး တဲ့အချိန်လောက်မှ မြန်မာပြည်ပြန်လာပြီး ပြန်နေဖြစ်ရင် သီချင်းလုပ် ဖြစ်ပါမယ်။

 

  1. Mask သီချင်းကို ကိုယ်တိုင် ဘာလို့ MTV မရိုက်တော့တာလဲ။
  2. အစကတော့ ရှစ်လပိုင်းပြန်လာမယ်ဆိုရင် ရိုက်ဖို့စဉ်းစားထားတာပါ။ ဒါပေမဲ့ Mask ထွက်တဲ့ အချိန်မှာ ကိုယ်က ဂျပန်နိုင်ငံမှာဆိုတော့ ရိုက်ဖို့အဆင်မပြေခဲ့ဘူး။ Album ထွက်တဲ့အခါကျရင်တော့ Mask ကိုရိုက်ပြီးတော့ ပြန်ထည့်ဖို့ စဉ်းစားထားပါတယ်။
  3. Mary ရဲ့ ဘယ်အချက် တွေက ပရိသတ်ရင်ထဲရောက်ခဲ့တယ်ထင်လဲ။
  4. ပရိသတ်တွေက အသံတစ်ခုတည်းနားထောင်ပြီး သိခဲ့တာဆိုတော့ သီချင်းဆိုတဲ့ပုံစံလို့ထင်တယ်။ သူတို့ကိုယ်တိုင်ကိုက Feel တစ်မျိုး မျိုးရသွားတယ်လို့ ထင်တယ်။

 

 

 

  1. Mary ရဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။
  2. Mary အသံကိုပဲကြားပြီး Mary ဆိုတာ ဖြူလား၊ မဲလားတောင် မသိတဲ့အချိန်ကတည်းကစ ပြီး အသံတစ်ခုပဲကြားပြီး အားပေးခဲ့တဲ့သူတွေ Mary အဆိုးဆုံးရောက် နေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့ အချိန် အားပေးခဲ့တဲ့သူတွေကို အရမ်းအရမ်းကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာမရှိတာကြောင့် Mary လုပ်နေတဲ့သီချင်းတွေက တခြားအဆိုတော်တွေနဲ့ယှဉ်လိုက်ရင် အရမ်းနှေးနေပါတယ်။ လုပ်နိုင်တဲ့ အချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ သီချင်းကောင်းကောင်းလေးတွေကို ဆိုပြချင်ပါတယ်။

Credit to 8 Days Journal