သင္လံုးဝမသိေသးတဲ႔ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ လွ်ဳိ႕၀ွက္ခ်က္မ်ား

Featured

ေဒၚေအာင္ဆန္းစုၾကည္ သည္ ေန႔စဥ္ တရားထိုင္ေလ့ရွိပါတယ္။

– ေျခေလးေခ်ာင္းသားမ်ားကို ေရွာင္ျပီး ပင္လယ္စာၾကိဳက္တတ္ပါတယ္။

– ကိုယ္အေလးခ်ိန္မွာ ၁၀၆ ေပါင္ခန္႔ ရွိပါတယ္။
– အသားအရည္ ထိန္းသိမ္းျခင္းႏွင့္ ပတ္သက္ျပီး အလွျပင္ဆိုင္ကုိသြားျပီး အထူးတလည္ ထိန္းသိမ္း ျပဳလုပ္ျခင္းမရွိဘဲ သာမာန္မိန္းကေလးမ်ား ျပဳလုပ္ေလ့ရွိတဲ့ အသားအရည္ထိန္းသိမ္းတဲ့ နည္းလမ္းမ်ားသာ အသုံးျပဳတတ္ပါတယ္။

 

– ေအာင္ဆန္းစုၾကည္ဆိုသည့္ အမည္သည္ ဖခင္ျဖစ္သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အမည္မွ ဆင္းသက္လာတဲ့ “ေအာင္ဆန္း”၊ ဖခင္ဘက္မွ အဖြားျဖစ္သူ ေဒၚစုအမည္မွ “စု” ႏွင့္ မိခင္ျဖစ္သူ ေဒၚခင္ၾကည္အမည္မွ “ၾကည္”တို႔ျဖစ္ပါတယ္။

– ျမန္မာနိုင္ငံသားမ်ားမွ “ေဒၚ” လုိ႔ ၀ိျဂိဳဟ္ျပဳျပီး ေဒၚေအာင္ဆန္းစုၾကည္ ကုိ အန္တီစု၊ အေမစု ဟုလည္း အမ်ားအားျဖင့္ ေခၚဆိုေလ့ရွိၾကကာ အဂၤလိပ္ဘာသာအျဖစ္ The Lady, Mrs. Suu Kyi, Su Kyi…စသျဖင့္လည္း ႏိုင္ငံတကာ မီဒီယာေတြမွာ သုံးႏႈန္းၾကေလ့ရွိပါတယ္။

 

– အိႏၵိယ ႏုိင္ငံ ေမရီ ကြန္ဘင့္ေက်ာင္းတြင္ ပညာဆက္လက္သင္ယူခဲ့ျပီး၊ ဂ်ပန္ပန္း အလွျပင္နည္း၊ အႏုပညာ ႏွင့္ ျမင္းစီးသင္ျခင္း တုိ႔ကုိလည္း တတ္ေျမာက္ခဲ့ပါတယ္။
– ေနရူး၏ ေျမး၊ အင္ဒီရာဂန္ဒီ၏ သားျဖစ္သူ ဆန္ေဂ်တ႔ို နွင့္လည္း ရင္းႏွီးေတြ႔ဆုံေလ့ရွိပါတယ္။

– ၁၉၆၂ မွ ၁၉၆၃၊ ေဒလီတကၠသုိလ္ ေလဒီရွယ္ရီရမ္ေကာလိပ္၌ ႏုိင္ငံေရးသိပၸံံဘာသာရပ္ကို ဆည္းပူးခဲ့ပါတယ္။

 

– စာဖတ္ျခင္း ဝါသနာပါျပီး သတင္းစာဆရာဦးအုန္း ႏွင့္ ဦးညိဳျမ(ရန္ကုန္တကၠသုိလ္ အိုးေဝမဂၢဇင္း အယ္ဒီတာ)တို႔မွ စာအုပ္မ်ားေထာက္ပံ့ေပးပုိ႔ လမ္းညြန္ခဲ့ၾကပါတယ္။

 

– ၁၉၆၄ မွ ၁၉၆၇၊ ေအာက္စဖို့တကၠသုိလ္ ဟူ့စ္ေကာလိပ္မွာ ဒႆနေဗဒ၊ နိုင္ငံေရးသိပၸံႏွင့္ စီးပြားေရးပညာရပ္မ်ားကို ေလ့လာဆည္းပူးခဲ့ျပီး၊ ဝိဇၨာဂုဏ္ထူးဘြဲ႕ကို ရရွိခဲ့ပါတယ္။

– ၁၉၆၈ခုနွစ္တြင္ လန္ဒန္တကၠသုိလ္ ္အေရွ႕တိုင္းႏွင့္ အာဖရိကေလ့လာေရးဌာန၊ နိုင္ငံေရးသိပၸံဌာန မွာ သုေတသန လက္ေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနခ်ိန္ မိုက္ကယ္အဲရစ္ႏွင့္ ခ်စ္ကၽြမ္း၀င္ခဲ့ပါတယ္။
– ျဗိတန္ႏုိင္ငံသား ႏွင့္ လက္ထပ္ထားေသာ္လည္း ျဗိတိန္ႏုိ္င္ငံသား ခံယူျခင္းမရွိခဲ့ေပ။

– ၁၉၈၈ ခုနွစ္ မတ္လ ကုန္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ မိခင္ ေဒၚခင္ၾကည္မွာ ေလျဖတ္ေရာဂါ ခံစားေနရသျဖင့္၊ မိခင္အားျပဳစုရန္ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ လန္ဒန္တကၠသုိလ္ အေရွ႕တိုင္းႏွင့္ အာဖရိကေလ့လာေရးဌာနမွာ ပါရဂူဘြဲ႕အတြက္ “၁၉၂၀-၁၉၄၅ အတြင္း ထုတ္ေဝခဲ့ေသာ စာနယ္ဇင္းမ်ားသည္ ျမန္မာ့လြတ္လပ္ေရးကို အေထာက္အကူျပဳခဲ့ပုံ” အမည္ရွိ ဘြဲ႕လြန္စာတမ္းကို တင္သြင္းႏုိင္ရန္ ျပဳစုေနခ်ိန္လည္းျဖစ္ပါတယ္။

– ၁၉၈၈ ဒီဇင္ဘာ ၂၇ ရက္ေန႔တြင္ မိခင္ျဖစ္သူ ေဒၚခင္ၾကည္ ကြယ္လြန္တိမ္းပါးခဲ့ျပီး ေဒၚခင္ၾကည္ရရွိခဲ့သည့္ ဘဲြ႔မွာ မဟာသီရိသုဓမၼသိဂၤီဘဲြ႔ ျဖစ္ပါတယ္။

– ျမန္မာႏုိင္ငံ ရဲ႕ ၀င္ေငြအေကာင္းဆုံး အမ်ဳိးသမီး စာေရးဆရာမ ျဖစ္ပါတယ္။
သူမ ေရးသားထားတဲ့ စာအုပ္ေတြဟာ ကမာၻ႕စာေပေလာကမွာ အႀကိမ္ႀကိမ္ ထပ္မံပုံႏွိပ္ထုတ္ေဝခဲ့ရတဲ့ စာအုပ္ေတြျဖစ္ၾကပါတယ္။

– Letters from Burma (၅) ႀကိမ္ေျမာက္
– Freedom from Fear (၉) ႀကိမ္ေျမာက္
– The voice of Hope (၁၅) ႀကိမ္ေျမာက္ ထုတ္ေဝခဲ့ၾကတာပါ။

– ဒီစာရင္းဟာ Amazon.com လုိမ်ဳိး၊ အြန္လိုင္းမွာ ေရာင္းခ်တဲ့ အြန္လိုင္းေစ်းကြက္မပါဝင္ေသးပါဘူး။

– ျပည္ပ Printed Media ေတြဟာ တစ္ခါထုတ္ရင္ အုပ္ေရ (၅) ေသာင္း ၊ (၁) သိန္း ထုတ္ေလ့ရွိၾကပါတယ္။ စာမူခကို ပထမဦးဆုံးအႀကိမ္ ေဒၚလာ ၄,၀၀၀ မွ ေဒၚလာ ၁၀,၀၀၀ ပတ္ဝန္းက်င္ ေပးေလ့ရွိၿပီး၊ စာအုပ္တစ္အုပ္ ကို royalties ၁၀% ထပ္ေပးပါတယ္။ စာအုပ္ရဲ႕တန္ဖိုးဟာ ေဒၚလာ ၂၀ ျဖစ္မယ္ဆိုရင္ တစ္အုပ္ေရာင္းရတိုင္း ၂ ေဒၚလာ ရရွိမွာပါ။

– နမူနာ အေနနဲ႔ တြက္ခ်က္ျပရမယ္ ဆုိရင္ ..
– Freedom from Fear ၂ ေဒၚလာ x ၅၀,၀၀၀ အုပ္ေရ x ၉ ႀကိမ္ = ေဒၚလာ ၉၀၀,၀၀၀ (၉ သိန္း) ၀င္ေငြရွိပါတယ္။ ေဒၚေအာင္ဆန္းစုျကည္ ပါဝင္ ေရးသားတည္းျဖတ္ခဲ့တဲ့ စာအုပ္ စာရင္း

– ေၾကာက္ရြံ႕ျခင္းမွ လြတ္ကင္းေရး

– ေမွ်ာ္လင့္ျခင္း၏ အသံမ်ား

– ျမန္မာျပည္မွ ေပးစာမ်ား

– ဗမာ့ ေအာင္ဆန္း

– ေအာင္ဆန္း၊ အာရွႏုိင္ငံမွ ေခါင္းေဆာင္မ်ား

 

– ဘူတန္သို႔ သြားလည္ၾကစို႔

– ျမန္မာျပည္သို႔ အလည္တစ္ေခါက္

– နီေပါသို႔ သြားလည္ၾကစို႔

– မ်က္နွာဖုံး ေနာက္ကြယ္ရွိ ျမန္မာျပည္

– ျမန္မာႏွင့္ အိႏၵိယ ကိုလိုနီလက္ေအာက္ ဘ၀မ်ား၏ ရႈေထာင့္မ်ား

– စစ္မွန္ေသာ ခိုကိုးရာ ဆီသို႔

– ကမာၻ႔ျငိမ္းခ်မ္းေရး ႏုိဘယ္လ္ဆု၏ ဆုေငြေဒၚလာ ၁.၃ သန္း၏ ေငြေၾကးအားလုံးကုိ ျမန္မာႏုိင္ငံ က်န္းမာေရးနွင့္ ပညာေရးမ်ားအတြက္ ရံပုံေငြ အျဖစ္ ထူေထာင္ခဲ့ပါတယ္။

– ေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး ရံပုံေငြ- အမည္ေပးထားသည့္ ရံပုံေငြကို ေနာ္ေဝအေျခစိုက္ အစိုးရမဟုတ္သည့္ Partnership For Change အဖြဲ႔, ေနာ္ေဝ မီဒီယာအဖြဲ့ျကီးတစ္ခုျဖစ္သည့္ HippieMedia ၊ ေနာ္ေဝ ဝန္ၾကီးခ်ဳပ္္ေဟာင္း မစ္စတာ ဘိုနဗစ္နွင့္ ေနာ္ေဝေရာက္ ျမန္မာအသိုင္းအဝိုင္းတုိ႔ ပါဝင္ ထူေထာင္ခဲ့ၾကပါတယ္။ ဂုဏ္ထူးေဆာင္ ဥကၠဌ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေပးအပ္ခဲ့ျပီးေနာက္ လက္မွတ္ထိုး အတည္ျပဳေပးခဲ့ပါတယ္။ ဇြန္လ ၁၆ ရက္ေန႔၌ ေအာ္စလိုျမိဳ႕တြင္ ရံပုံငြ အေမရိကန္ ေဒၚလာ ၁ သန္းႏွင့္ စတင္ မတည္ခဲ့သည္။

– Prospect Burma ျမန္မာနိုင္ငံသားမ်ားနွင့္ ျပည္ပေရာက္ ဒုကၡသည္မ်ား ပညာေရးဆက္လက္သင္ယူနိုင္ရန္ ပညာသင္ေငြေၾကးမ်ား ေထာက္ပံ့ေပးသည့္ ရံပုံေငြအဖြဲ႔ႀကီးျဖစ္ပါတယ္။ အဲ့ဒီ အဖဲြ႔မွာ ေဒၚေအာင္ဆန္းစုျကည္ ရရွိခဲ့တဲ့ ၁၉၉၁ ႏုိဘယ္လ္ ျငိမ္းခ်မ္းေရးဆု နွင့္ အျခားဆုေၾကးမ်ားမွ ေငြေၾကးတစ္ခ်ိဳ႕ပါဝင္ခဲ့ပါတယ္။

 

– အိမ္ေထာင္ဖက္ ေဒါက္တာ မိုက္ကယ္အဲရစ္၊ သားၾကီး အလက္ဇႏၵား(ခ) ျမင့္ဆန္းေအာင္၊ သားငယ္ ကင္မ္(ခ) ထိန္လင္း
– မိခင္ၾကီးအတြက္ ရည္ရြယ္ကာ ေဒၚခင္ၾကည္ေဖာင္ဒေရးရွင္းကုိ စတင္တည္ေထာင္ခဲ့ပါတယ္။
– အထိမ္းသိမ္းခံ အခ်ိန္မ်ား
– (၂၀ ဇူလိုင္ ၁၉၈၉ ခုႏွစ္ ) မွ (၂၀ ဇူလိုင္ ၁၉၉၂ ခုႏွစ္ )
( သက္တမ္းတုိး ၁၀ ဇူလိုင္ ၁၉၉၅ ခုႏွစ္)
(၆) ႏွစ္
– (၂၃ စက္တင္ဘာ ၂၀၀၀ ခုႏွစ္ ) မွ ( ၆ ေမလ ၂၀၀၂ ခုႏွစ္ )
(၁ ႏွစ္ ႏွင့္ ၆ လ)
– (၃၀ ေမလ ၂၀၁၃ ခုႏွစ္ ) မွ ( ၃၀ ေမလ ၂၀၀၈ ခုႏွစ္ )
(၅) ႏွစ္
– ( ၂၇ ေမလ ၂၀၀၈ ခုႏွစ္ ) မွ ( ၂၆ ေမလ ၂၀၀၉ ခုႏွစ္ )
(၁) ႏွစ္
– ( ၁၈ ေမလ ၂၀၀၉ ခုႏွစ္) မွ ( ၁၃ ႏုိ၀င္ဘာ ၂၀၁၀ ခုႏွစ္ )
(၆) လ
– မီဒီယာမ်ား

ျမန္မာႏိုင္ငံႏွင့္ ႏုိင္ငံတကာ သတင္းစာ၊ဂ်ာနယ္၊ ရုပ္သံႏွင့္ မီဒီယာ အသုိင္းအ၀ုိင္း က ေဒၚေအာင္ဆန္းစုၾကည္ အေၾကာင္း ကုိ သြယ္၀ုိက္၍ေသာ္လည္းေကင္း ၊ တုိက္ရုိက္ေသာ္လည္းေကာင္း စာေပ ၊ ၀ထၱဳ ေဆာင္းပါး ၊ကဗ်ာ၊ အင္တာဗ်ဴး၊ စသည္ တုိ႔ကုိ မ်ားစြာ ေရးသားခဲ့ၾကရာ အထင္ရွားဆုံးမွာ ႏုိင္ငံတကာ မွ ရုိက္ကူးခဲ့ေသာ ရုပ္ရွင္ဇာတ္လမ္းမ်ား ျဖစ္ခဲ့ပါတယ္။ ‘ရန္ကုန္အလြန္’(Beyond Yangoon)- ၁၉၉၅ ခုနွစ္တြင္ ဂ်ြန္ေဘာ္မင္းရိုက္ကူးခဲ့သည့္ ရုပ္ရွင္ကားတြင္ ေဒၚေအာင္ဆန္းစုျကည္အား သိသာစြာ ေဖာ္ထုတ္ထားပါတယ္။

 

‘ေၾကာက္ရြ႔ံမႈ မရွိေသာ အမ်ိုးသမီး – ေအာင္ဆန္းစုၾကည္ – (Aung San Suu Kyi – Lady of No Fear)’၅၈ မိနစ္ျကာ ေဒၚေအာင္ဆန္းစုျကည္၏ ျဖစ္ရပ္မွန္မ်ားကို ရိုက္ကူးထားသည့္ မွတ္တမ္းရုပ္ရွင္ကား -Denmark 2010, 58 min.A Kamoli Films Production, by Anne Gyrithe Bonne
‘အမ်ဳိးေကာင္းသမီး ’(The Lady)- ေဒၚေအာင္ဆန္းစုျကည္နွင့္ သူ၏ခင္ပြန္းသည္ မိုက္ကယ္အဲရစ္တို့၏ ဘဝဇာတ္ေၾကာင္းကို အျေခခံသည့္ အခ်စ္၊ အက္ရွင္ ရုပ္ရွင္ဇာတ္ကားတစ္ခုကို ၂၀၁၀ ခုနွစ္ ေအာက္တိုဘာလမွ ၂၀၁၁ ခုနွစ္ ဇန္နဝါရီလအတြင္း ရိုက္ကူးခဲ့ျပီး ၂၀၁၁ ခုနွစ္ ေအာက္တိုဘာလတြင္ ကမာၻအႏွံ႔တြင္ ျပသခဲ့သည္။ ဤဇာတ္ကားတြင္ မေလးရွားနိုင္ငံသူ သရုပ္ေဆာင္ မီရွဲလ္ယို႔ဟ္ (Michelle Yeoh) မွ ေဒၚေအာင္ဆန္းစုၾကည္၊ အဂၤလန္နိုင္ငံသား ေဒးဗစ္သွ်ဴးလစ္ (David Thewlis) မွ ခင္ပြန္းသည္ မိုက္ကယ္ အဲရစ္ အျဖစ္ သရုပ္ေဆာင္ခဲ့ပါတယ္။ ဆက္ေလွ်ာက္ (Walk On)- ၂၀၀၁ ခုနွစ္တြင္ အိုင္းရစ္ေရာ့ခ္ေတးဂီတအဖြဲ႔ ယူတူးတြင္ သီဆိုသူ ဘိုႏုိ၏ လက္ရာျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္အား ရည္မွန္း၍ စပ္ဆိုထားသည့္ အေခြလည္း ထြက္ခဲ့ပါတယ္။။

‘မတီးခတ္ရေသးသည့္ စႏၵယား’ (Unplayed piano)- ေအာင္ဆန္းစုၾကည္ ၏ နွစ္ ၆၀ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ရိုက္စ္၏ လီစာဟဲန္ဂန္းႏွင့္ ပူးတြဲထုတ္လုပ္ခဲ့သည့္ ေတးသရုပ္ေဖာ္ ဗီဒီယို ကို အဂၤလန္ႏုိင္ငံ၌ ၂၀ ဇြန္လ ၂၀၀၅ ႏွင့္ အိုင္ယာလန္၌ ၁၇ ဇြန္လ ၂၀၀၅ ခုနွစ္တြင္ စတင္ေရာင္းခ်ခဲ့ပါတယ္။

..
( မွ … ” ဆုေတြနဲ႔ စု” ေဇယ်ာစံ)

#Credit_My Media Page

 

 

Unicode
ခင်ဗျားတို့ လုံးဝမသိသေးတဲ့ဒေါ်အောင်ဆန်းစုကြည် ရဲ့ လျှို့ဝှက်ချက်များ

– ဒေါ်အောင်ဆန်းစုကြည် သည် နေ့စဉ် တရားထိုင်လေ့ရှိပါတယ်။

– ခြေလေးချောင်းသားများကို ရှောင်ပြီး ပင်လယ်စာကြိုက်တတ်ပါတယ်။

– ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ခန့် ရှိပါတယ်။
– အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အလှပြင်ဆိုင်ကိုသွားပြီး အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်လေ့ရှိတဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းများသာ အသုံးပြုတတ်ပါတယ်။

– အောင်ဆန်းစုကြည်ဆိုသည့် အမည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အမည်မှ ဆင်းသက်လာတဲ့ “အောင်ဆန်း”၊ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုအမည်မှ “စု” နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်မှ “ကြည်”တို့ဖြစ်ပါတယ်။

– မြန်မာနိုင်ငံသားများမှ “ဒေါ်” လို့ ဝိဂြိုဟ်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် ကို အန်တီစု၊ အမေစု ဟုလည်း အများအားဖြင့် ခေါ်ဆိုလေ့ရှိကြကာ အင်္ဂလိပ်ဘာသာအဖြစ် The Lady, Mrs. Suu Kyi, Su Kyi…စသဖြင့်လည်း နိုင်ငံတကာ မီဒီယာတွေမှာ သုံးနှုန်းကြလေ့ရှိပါတယ်။

– အိန္ဒိယ နိုင်ငံ မေရီ ကွန်ဘင့်ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့ပြီး၊ ဂျပန်ပန်း အလှပြင်နည်း၊ အနုပညာ နှင့် မြင်းစီးသင်ခြင်း တို့ကိုလည်း တတ်မြောက်ခဲ့ပါတယ်။
– နေရူး၏ မြေး၊ အင်ဒီရာဂန်ဒီ၏ သားဖြစ်သူ ဆန်ဂျေတ့ို နှင့်လည်း ရင်းနှီးတွေ့ဆုံလေ့ရှိပါတယ်။

– ၁၉၆၂ မှ ၁၉၆၃၊ ဒေလီတက္ကသိုလ် လေဒီရှယ်ရီရမ်ကောလိပ်၌ နိုင်ငံရေးသိပ္ပံံဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။

– စာဖတ်ခြင်း ဝါသနာပါပြီး သတင်းစာဆရာဦးအုန်း နှင့် ဦးညိုမြ(ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ)တို့မှ စာအုပ်များထောက်ပံ့ပေးပို့ လမ်းညွန်ခဲ့ကြပါတယ်။

– ၁၉၆၄ မှ ၁၉၆၇၊ အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်မှာ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့ပါတယ်။

– ၁၉၆၈ခုနှစ်တွင် လန်ဒန်တက္ကသိုလ် ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာန မှာ သုတေသန လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေချိန် မိုက်ကယ်အဲရစ်နှင့် ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
– ဗြိတန်နိုင်ငံသား နှင့် လက်ထပ်ထားသော်လည်း ဗြိတိန်နိုင်ငံသား ခံယူခြင်းမရှိခဲ့ပေ။

 

– ၁၉၈၈ ခုနှစ် မတ်လ ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်မှာ လေဖြတ်ရောဂါ ခံစားနေရသဖြင့်၊ မိခင်အားပြုစုရန်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနမှာ ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်းကို တင်သွင်းနိုင်ရန် ပြုစုနေချိန်လည်းဖြစ်ပါတယ်။

– ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်တိမ်းပါးခဲ့ပြီး ဒေါ်ခင်ကြည်ရရှိခဲ့သည့် ဘွဲ့မှာ မဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ဖြစ်ပါတယ်။

– မြန်မာနိုင်ငံ ရဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး စာရေးဆရာမ ဖြစ်ပါတယ်။
သူမ ရေးသားထားတဲ့ စာအုပ်တွေဟာ ကမ္ဘာ့စာပေလောကမှာ အကြိမ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တွေဖြစ်ကြပါတယ်။

– Letters from Burma (၅) ကြိမ်မြောက်
– Freedom from Fear (၉) ကြိမ်မြောက်
– The voice of Hope (၁၅) ကြိမ်မြောက် ထုတ်ဝေခဲ့ကြတာပါ။

– ဒီစာရင်းဟာ Amazon.com လိုမျိုး၊ အွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းဈေးကွက်မပါဝင်သေးပါဘူး။

– ပြည်ပ Printed Media တွေဟာ တစ်ခါထုတ်ရင် အုပ်ရေ (၅) သောင်း ၊ (၁) သိန်း ထုတ်လေ့ရှိကြပါတယ်။ စာမူခကို ပထမဦးဆုံးအကြိမ် ဒေါ်လာ ၄,၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ ပတ်ဝန်းကျင် ပေးလေ့ရှိပြီး၊ စာအုပ်တစ်အုပ် ကို royalties ၁၀% ထပ်ပေးပါတယ်။ စာအုပ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀ ဖြစ်မယ်ဆိုရင် တစ်အုပ်ရောင်းရတိုင်း ၂ ဒေါ်လာ ရရှိမှာပါ။

– နမူနာ အနေနဲ့ တွက်ချက်ပြရမယ် ဆိုရင် ..
– Freedom from Fear ၂ ဒေါ်လာ x ၅၀,၀၀၀ အုပ်ရေ x ၉ ကြိမ် = ဒေါ်လာ ၉၀၀,၀၀၀ (၉ သိန်း) ဝင်ငွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရေးသားတည်းဖြတ်ခဲ့တဲ့ စာအုပ် စာရင်း

– ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

– မျှော်လင့်ခြင်း၏ အသံများ

– မြန်မာပြည်မှ ပေးစာများ

– ဗမာ့ အောင်ဆန်း

– အောင်ဆန်း၊ အာရှနိုင်ငံမှ ခေါင်းဆောင်များ

– ဘူတန်သို့ သွားလည်ကြစို့

– မြန်မာပြည်သို့ အလည်တစ်ခေါက်

– နီပေါသို့ သွားလည်ကြစို့

– မျက်နှာဖုံး နောက်ကွယ်ရှိ မြန်မာပြည်

– မြန်မာနှင့် အိန္ဒိယ ကိုလိုနီလက်အောက် ဘဝများ၏ ရှုထောင့်များ

– စစ်မှန်သော ခိုကိုးရာ ဆီသို့

– ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၏ ဆုငွေဒေါ်လာ ၁.၃ သန်း၏ ငွေကြေးအားလုံးကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် ပညာရေးများအတွက် ရံပုံငွေ အဖြစ် ထူထောင်ခဲ့ပါတယ်။

– အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရံပုံငွေ- အမည်ပေးထားသည့် ရံပုံငွေကို နော်ဝေအခြေစိုက် အစိုးရမဟုတ်သည့် Partnership For Change အဖွဲ့, နော်ဝေ မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်သည့် HippieMedia ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ်စတာ ဘိုနဗစ်နှင့် နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းတို့ ပါဝင် ထူထောင်ခဲ့ကြပါတယ်။ ဂုဏ်ထူးဆောင် ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပြီးနောက် လက်မှတ်ထိုး အတည်ပြုပေးခဲ့ပါတယ်။ ဇွန်လ ၁၆ ရက်နေ့၌ အော်စလိုမြို့တွင် ရံပုံငွ အမေရိကန် ဒေါ်လာ ၁ သန်းနှင့် စတင် မတည်ခဲ့သည်။

– Prospect Burma မြန်မာနိုင်ငံသားများနှင့် ပြည်ပရောက် ဒုက္ခသည်များ ပညာရေးဆက်လက်သင်ယူနိုင်ရန် ပညာသင်ငွေကြေးများ ထောက်ပံ့ပေးသည့် ရံပုံငွေအဖွဲ့ကြီးဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ ၁၉၉၁ နိုဘယ်လ် ငြိမ်းချမ်းရေးဆု နှင့် အခြားဆုကြေးများမှ ငွေကြေးတစ်ချို့ပါဝင်ခဲ့ပါတယ်။

– အိမ်ထောင်ဖက် ဒေါက်တာ မိုက်ကယ်အဲရစ်၊ သားကြီး အလက်ဇန္ဒား(ခ) မြင့်ဆန်းအောင်၊ သားငယ် ကင်မ်(ခ) ထိန်လင်း
– မိခင်ကြီးအတွက် ရည်ရွယ်ကာ ဒေါ်ခင်ကြည်ဖောင်ဒရေးရှင်းကို စတင်တည်ထောင်ခဲ့ပါတယ်။
– အထိမ်းသိမ်းခံ အချိန်များ
– (၂၀ ဇူလိုင် ၁၉၈၉ ခုနှစ် ) မှ (၂၀ ဇူလိုင် ၁၉၉၂ ခုနှစ် )
( သက်တမ်းတိုး ၁၀ ဇူလိုင် ၁၉၉၅ ခုနှစ်)
(၆) နှစ်
– (၂၃ စက်တင်ဘာ ၂၀၀၀ ခုနှစ် ) မှ ( ၆ မေလ ၂၀၀၂ ခုနှစ် )
(၁ နှစ် နှင့် ၆ လ)
– (၃၀ မေလ ၂၀၁၃ ခုနှစ် ) မှ ( ၃၀ မေလ ၂၀၀၈ ခုနှစ် )
(၅) နှစ်
– ( ၂၇ မေလ ၂၀၀၈ ခုနှစ် ) မှ ( ၂၆ မေလ ၂၀၀၉ ခုနှစ် )
(၁) နှစ်
– ( ၁၈ မေလ ၂၀၀၉ ခုနှစ်) မှ ( ၁၃ နိုဝင်ဘာ ၂၀၁၀ ခုနှစ် )
(၆) လ
– မီဒီယာများ

မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သတင်းစာ၊ဂျာနယ်၊ ရုပ်သံနှင့် မီဒီယာ အသိုင်းအဝိုင်း က ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို သွယ်ဝိုက်၍သော်လည်းကေင်း ၊ တိုက်ရိုက်သော်လည်းကောင်း စာပေ ၊ ဝထ္တု ဆောင်းပါး ၊ကဗျာ၊ အင်တာဗျူး၊ စသည် တို့ကို များစွာ ရေးသားခဲ့ကြရာ အထင်ရှားဆုံးမှာ နိုင်ငံတကာ မှ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်လမ်းများ ဖြစ်ခဲ့ပါတယ်။ ‘ရန်ကုန်အလွန်’(Beyond Yangoon)- ၁၉၉၅ ခုနှစ်တွင် ဂျွန်ဘော်မင်းရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အား သိသာစွာ ဖော်ထုတ်ထားပါတယ်။

 

‘ကြောက်ရွံ့မှု မရှိသော အမျိုးသမီး – အောင်ဆန်းစုကြည် – (Aung San Suu Kyi – Lady of No Fear)’၅၈ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား -Denmark 2010, 58 min.A Kamoli Films Production, by Anne Gyrithe Bonne
‘အမျိုးကောင်းသမီး ’(The Lady)- ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ်တို့၏ ဘဝဇာတ်ကြောင်းကို အြခေခံသည့် အချစ်၊ အက်ရှင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအနှံ့တွင် ပြသခဲ့သည်။ ဤဇာတ်ကားတွင် မလေးရှားနိုင်ငံသူ သရုပ်ဆောင် မီရှဲလ်ယို့ဟ် (Michelle Yeoh) မှ ဒေါ်အောင်ဆန်းစုကြည်၊ အင်္ဂလန်နိုင်ငံသား ဒေးဗစ်သျှူးလစ် (David Thewlis) မှ ခင်ပွန်းသည် မိုက်ကယ် အဲရစ် အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်လျှောက် (Walk On)- ၂၀၀၁ ခုနှစ်တွင် အိုင်းရစ်ရော့ခ်တေးဂီတအဖွဲ့ ယူတူးတွင် သီဆိုသူ ဘိုနို၏ လက်ရာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ရည်မှန်း၍ စပ်ဆိုထားသည့် အခွေလည်း ထွက်ခဲ့ပါတယ်။။

‘မတီးခတ်ရသေးသည့် စန္ဒယား’ (Unplayed piano)- အောင်ဆန်းစုကြည် ၏ နှစ် ၆၀ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရိုက်စ်၏ လီစာဟဲန်ဂန်းနှင့် ပူးတွဲထုတ်လုပ်ခဲ့သည့် တေးသရုပ်ဖော် ဗီဒီယို ကို အင်္ဂလန်နိုင်ငံ၌ ၂၀ ဇွန်လ ၂၀၀၅ နှင့် အိုင်ယာလန်၌ ၁၇ ဇွန်လ ၂၀၀၅ ခုနှစ်တွင် စတင်ရောင်းချခဲ့ပါတယ်။

..
( မှ … ” ဆုတွေနဲ့ စု” ဇေယျာစံ)

#Credit_My Media Page