အေမျပန္မလာခဲ႔ဘူး

Featured

ေရးထားတဲ့စာေလးအရမ္းေကာင္းလို႔

အေမျပန္မလာခဲ႔ဘူး
~~
အဘြားဆုံးသြားျပီး အိမ္ျပန္ေတာ့ အေမ ျပန္ပါမလါေတာ့ဘူး ၁၉၈၈ ကြ်န္ေတာ့္အသက္ ၁၁ ႏွစ္ ေမေမရင္ခြင္မွာ ေနရတာ ေမ့ေမ့နဲ႔ အတူတူေနရတာ မဝ ေသးဘူး အေမ အေမကြ်န္ေတာ့္ကိုထားခဲ႔ျပီး က်န္ေနရစ္ခဲ႔ျပီေလ

၁၉၉၉ အေဖ အသဲအသန္ျဖစ္တယ္
အေမ ျပန္မလါခဲ႔ဘူး
ေဝဒနာကို ခံစားေနရတဲ႔ အေဖ မ်က္ဝန္းေတြရဲ႕ အႀကည့္မွာ အေမ့ကို အရမ္းေမွ်ာ္လင့္ေနတယ္ဆိုတာ

ကြ်န္ေတာ္ျမင္ေတြ႔ခဲ႔ရတယ္ အေမ့ကိုသိပ္ခ်စ္တဲ႔ အေဖ ဟာ အေမ့ကို အျပစ္တစ္လုံးတပါဒ မွာမေျပားရွာဘူးေလ အေဖ ဆုံးသြားတယ္ ဝမ္းနည္းေနတဲ႔ႀကားက ႀကိ္တ္ေပ်ာ္သလိုျဖစ္တယ္ အေမျပန္လါမယ္ထင္လို႔
ဒါလည္း အေမ ျပန္မလါခဲ႔ဘူး
အဲ႔က လူႀကီးေတြကလည္း သားလို ႀကိတ္ေပ်ာ္ေနမယ္ အေမ အရွဳတ္ထုတ္ႀကီး ျပန္ေတာ့မယ္ထင္လို႔ေလ ဒါေပမဲ႔ သူတို႔လည္း ပါးစပ္အေဟာင္းသားျဖစ္သြားမယ္ထင္တယ္ အေမ မျပန္ပဲ ကုတ္ကပ္ေနလို႔ေလ

“သူျပန္လါရင္ ျပန္လါလို႔ရမွာမဟုတ္ေတာ့ဘူးတဲ႔”

 

ဒီေလာက္ ဆင္းရဲစုတ္ပ်က္သတ္ေနတဲ႔ ႏိုင္ငံႀကီးကို အေမသိပ္တြယ္တာ တာပဲဗ်ာ
အေမ ဟာ သူယုံႀကည္ခ်က္ကို ပစ္မခ်ဘူး
သူအေရွမွာ အတိဒုကၡေရာက္ေနတဲ႔ ျပည္သူလူထု အတြက္ သူ႔ခႏၶာကိုယ္ ႏြဲ႕ႏြဲ႔ကေလးနဲ႔ က်ားကုတ္က်ားခဲ႔ကုတ္ကပ္ေနတယ္
အေမ့မွာ လက္နတ္လည္းမရိွဘူး ကိုယ္ခံပညာလည္းမတက္ဘူး
အေမ႔အေနာက္မွာလည္း အေမ့လို
ဘာမွမရိွတဲ႕လူေတြပဲရိွေနတာ

အယ္…… ဘာမွမရိွတာေတာ့မဟုတ္ဘူး

 

 

#မဆုတ္မနစ္တဲ႔ အမွန္တရားကိုျမတ္ႏိုးျပီး သိပ္သတၱိရိွတဲ႔လက္နက္ကိုင္လူေတြကို အံတုမဲ႔ လူေတြနဲ႔အတူတူရိွေန က်န္ေနရစ္ခဲ႔တာ

ေမေမ့ကို သိပ္လြမ္းတာပဲဗ်ာ
ကြ်န္ေတာ္တို႔ဘဝဟာသိပ္ခတ္ခဲပါတယ္
ျမန္မာျပည္လြတ္ေျမာက္ေရးထက္
ပိုျပီးအေရးႀကီးတာ အေမ့ဘဝမွာမရိွေတာ့ပါဘူးတဲ႔
ကေလးပဲရိွေသးတဲ႔ ကြ်န္ေတာ္မွာ
အေမ့ အတြက္ ဂုဏ္ယူတက္ေနတဲ႔ စိတ္ကေလးေတာ့ရိွေနပါျပီ

 

#အေမဒီလိုဆုံးျဖတ္တာ ကြ်န္ေတာ္ေလးစားရပါမယ္
ကြ်န္ေတာ္တို႔ အေဖ မရိွေတာ့တဲ႔ မိဘမဲ႔ ဘဝမွာ အေဝးက အေမ့ရဲ႕ဆုံးျဖတ္ခ်က္ကို သားဂုဏ္ယူပါတယ္ အေမ
ရင္နာစရာေတြ ငိုေႀကြးျပီး အခ်ိန္ျဖဳန္းဖို႔ဝါသနာမပါဘူးလို႔ ေမေမ ေျပားခဲ႔တယ္
ဘဝ ကအဆင္မေျပဘူး အေမ အခုေနတဲ႔ အိမ္ႀကီးေရာင္းပစ္လိုက္ရတယ္
ျဖစ္သလိုေနျပီး ဘဝ ကို လက္သမား လုပ္ျပီးရိုးရိုးသားသားျဖတ္သန္းခဲ႔တယ္
အေမ ေထာင္က်တယ္
အဲ႔က လူေတြ ကလီကမာေတြေျပားျပီး
အဘိုးမ်က္ႏွာေထာက္ျပီး ျပန္လႊတ္ေပးသတဲ႔လါး


ဒါလည္း အေမျပန္မလါဘူး
အေမ ေထာင္ထဲဝင္လိုက္ ျပန္လြတ္လိုက္ ေနာက္ဆုံး အေမ့ကိုသိကၡာေတြခ် “ေဒၚစုျပန္လိုကျပန္ႏိုင္သည္ဆိုျပီး” အတင္းျပန္လႊတ္လည္း အေမက ျပန္မလါဘူး
တစ္ခါတစ္ေလ အေမ အဲ႔လူေတြစိတ္နာျပီး ျပန္ခ်လာရင္ေကာင္းမွာပဲလို႔ ကေလး အေတြးနဲ႔ အလုပ္ႀကမ္းေတြလုပ္ေနရင္း ေတြးေန သတိရေနမိတယ္ ေမေမရယ္
ဝမ္းနည္းစရာရိွေနရင္ေတာင္ လုပ္စရာရိွတာေတြ ဆက္လုပ္ေနဦးမဲ႔
အေမ့ ေမြးရာပါ သဘာဝ စိတ္ကိုသားသိေနပါတယ္ ေမေမရယ္

ကမၻာက ေမေမကိုသတိထားမိျပီေလ အင္တာဗ် ဴ းသမားေတြ ကြ်န္ေတာ့္ေဘးမွာရိွတယ္ ဘယ္စာေစာင္ ဘယ္မီဒီယာကိုမွ အင္တာဗ် ဴ းမလုပ္ခဲ႔ဘူး အင္တာဗ် ဴ းတစ္ခါလုပ္ရင္
ေဒၚလာေသာင္းခ်ီရတာ သားသိပါတယ္ေလ
ဒါေပမဲ႔ ကြ်န္ေတာ္ေျပာလိုက္တဲ႔ စကားတစ္ခြန္းကိုစစ္အစိုးရက လိုရာဆြဲသုံးျပီး ကလီကမာလုပ္ရင္ အက်ယ္ခ် ဳပ္က်ေနတဲ႔ ေမေမ႔ အတက္ေကာ ျမန္မာျပည္အတြက္ မေကာင္းႏိုင္ပါဘူးမလိုလါးပါဘူးဗ်ာ
အေမ့ရဲ႕ စိတ္ဓာက္ကိုေလးစားပါ
တယ္ ျဖစ္သလိုေနျပီး ရုန္းကန္ရလည္း
ေက်နပ္ပါတယ္ ေမေမ
၁၇. ၉.၂၀၁၆

Zawlin Aung
Copy Khant Naing Facebook

 

Uniode
ရေးထားတဲ့စာလေးအရမ်းကောင်းလို့

အမေပြန်မလာခဲ့ဘူး
~~
အဘွားဆုံးသွားပြီး အိမ်ပြန်တော့ အမေ ပြန်ပါမလါတော့ဘူး ၁၉၈၈ ကျွန်တော့်အသက် ၁၁ နှစ် မေမေရင်ခွင်မှာ နေရတာ မေ့မေ့နဲ့ အတူတူနေရတာ မဝ သေးဘူး အမေ အမေကျွန်တော့်ကိုထားခဲ့ပြီး ကျန်နေရစ်ခဲ့ပြီလေ

၁၉၉၉ အဖေ အသဲအသန်ဖြစ်တယ်
အမေ ပြန်မလါခဲ့ဘူး
ဝေဒနာကို ခံစားနေရတဲ့ အဖေ မျက်ဝန်းတွေရဲ့ အကြည့်မှာ အမေ့ကို အရမ်းမျှော်လင့်နေတယ်ဆိုတာ
ကျွန်တော်မြင်တွေ့ခဲ့ရတယ် အမေ့ကိုသိပ်ချစ်တဲ့ အဖေ ဟာ အမေ့ကို အပြစ်တစ်လုံးတပါဒ မှာမပြေားရှာဘူးလေ အဖေ ဆုံးသွားတယ် ဝမ်းနည်းနေတဲ့ကြားက ကြိတ်ပျော်သလိုဖြစ်တယ် အမေပြန်လါမယ်ထင်လို့
ဒါလည်း အမေ ပြန်မလါခဲ့ဘူး


အဲ့က လူကြီးတွေကလည်း သားလို ကြိတ်ပျော်နေမယ် အမေ အရှုတ်ထုတ်ကြီး ပြန်တော့မယ်ထင်လို့လေ ဒါပေမဲ့ သူတို့လည်း ပါးစပ်အဟောင်းသားဖြစ်သွားမယ်ထင်တယ် အမေ မပြန်ပဲ ကုတ်ကပ်နေလို့လေ

 

“သူပြန်လါရင် ပြန်လါလို့ရမှာမဟုတ်တော့ဘူးတဲ့”

ဒီလောက် ဆင်းရဲစုတ်ပျက်သတ်နေတဲ့ နိုင်ငံကြီးကို အမေသိပ်တွယ်တာ တာပဲဗျာ
အမေ ဟာ သူယုံကြည်ချက်ကို ပစ်မချဘူး
သူအရှေမှာ အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထု အတွက် သူ့ခန္ဓာကိုယ် နွဲ့နွဲ့ကလေးနဲ့ ကျားကုတ်ကျားခဲ့ကုတ်ကပ်နေတယ်
အမေ့မှာ လက်နတ်လည်းမရှိဘူး ကိုယ်ခံပညာလည်းမတက်ဘူး
အမေ့အနောက်မှာလည်း အမေ့လို
ဘာမှမရှိတဲ့လူတွေပဲရှိနေတာ

အယ်…… ဘာမှမရှိတာတော့မဟုတ်ဘူး

#မဆုတ်မနစ်တဲ့ အမှန်တရားကိုမြတ်နိုးပြီး သိပ်သတ္တိရှိတဲ့လက်နက်ကိုင်လူတွေကို အံတုမဲ့ လူတွေနဲ့အတူတူရှိနေ ကျန်နေရစ်ခဲ့တာ

မေမေ့ကို သိပ်လွမ်းတာပဲဗျာ
ကျွန်တော်တို့ဘဝဟာသိပ်ခတ်ခဲပါတယ်
မြန်မာပြည်လွတ်မြောက်ရေးထက်
ပိုပြီးအရေးကြီးတာ အမေ့ဘဝမှာမရှိတော့ပါဘူးတဲ့
ကလေးပဲရှိသေးတဲ့ ကျွန်တော်မှာ
အမေ့ အတွက် ဂုဏ်ယူတက်နေတဲ့ စိတ်ကလေးတော့ရှိနေပါပြီ

 

#အမေဒီလိုဆုံးဖြတ်တာ ကျွန်တော်လေးစားရပါမယ်
ကျွန်တော်တို့ အဖေ မရှိတော့တဲ့ မိဘမဲ့ ဘဝမှာ အဝေးက အမေ့ရဲ့ဆုံးဖြတ်ချက်ကို သားဂုဏ်ယူပါတယ် အမေ
ရင်နာစရာတွေ ငိုကြွေးပြီး အချိန်ဖြုန်းဖို့ဝါသနာမပါဘူးလို့ မေမေ ပြေားခဲ့တယ်
ဘဝ ကအဆင်မပြေဘူး အမေ အခုနေတဲ့ အိမ်ကြီးရောင်းပစ်လိုက်ရတယ်
ဖြစ်သလိုနေပြီး ဘဝ ကို လက်သမား လုပ်ပြီးရိုးရိုးသားသားဖြတ်သန်းခဲ့တယ်
အမေ ထောင်ကျတယ်
အဲ့က လူတွေ ကလီကမာတွေပြေားပြီး
အဘိုးမျက်နှာထောက်ပြီး ပြန်လွှတ်ပေးသတဲ့လါး
ဒါလည်း အမေပြန်မလါဘူး
အမေ ထောင်ထဲဝင်လိုက် ပြန်လွတ်လိုက် နောက်ဆုံး အမေ့ကိုသိက္ခာတွေချ “ဒေါ်စုပြန်လိုကပြန်နိုင်သည်ဆိုပြီး” အတင်းပြန်လွှတ်လည်း အမေက ပြန်မလါဘူး
တစ်ခါတစ်လေ အမေ အဲ့လူတွေစိတ်နာပြီး ပြန်ချလာရင်ကောင်းမှာပဲလို့ ကလေး အတွေးနဲ့ အလုပ်ကြမ်းတွေလုပ်နေရင်း တွေးနေ သတိရနေမိတယ် မေမေရယ်
ဝမ်းနည်းစရာရှိနေရင်တောင် လုပ်စရာရှိတာတွေ ဆက်လုပ်နေဦးမဲ့
အမေ့ မွေးရာပါ သဘာဝ စိတ်ကိုသားသိနေပါတယ် မေမေရယ်

ကမ္ဘာက မေမေကိုသတိထားမိပြီလေ အင်တာဗျ ူ းသမားတွေ ကျွန်တော့်ဘေးမှာရှိတယ် ဘယ်စာစောင် ဘယ်မီဒီယာကိုမှ အင်တာဗျ ူ းမလုပ်ခဲ့ဘူး အင်တာဗျ ူ းတစ်ခါလုပ်ရင်
ဒေါ်လာသောင်းချီရတာ သားသိပါတယ်လေ
ဒါပေမဲ့ ကျွန်တော်ပြောလိုက်တဲ့ စကားတစ်ခွန်းကိုစစ်အစိုးရက လိုရာဆွဲသုံးပြီး ကလီကမာလုပ်ရင် အကျယ်ချ ုပ်ကျနေတဲ့ မေမေ့ အတက်ကော မြန်မာပြည်အတွက် မကောင်းနိုင်ပါဘူးမလိုလါးပါဘူးဗျာ
အမေ့ရဲ့ စိတ်ဓာက်ကိုလေးစားပါ
တယ် ဖြစ်သလိုနေပြီး ရုန်းကန်ရလည်း
ကျေနပ်ပါတယ် မေမေ
၁၇. ၉.၂၀၁၆

Zawlin Aung
Copy Khant Naing Facebook