အာဆာအကြမ်းဖက်မှု နောက်ကွယ်က အမှန်တရား

Featured

 

ျမန်မာနိုင်ငံမှာ အသစ်ပေါ်ထွက်လာသော အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က သူတို့ကိုယ်သူတို့နိုင်ငံတစ်ဝန်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်နေကြသော တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အတူတူပါဟုပြောကြားသည်။ သူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းဟု အမည်မတပ်သင့်ဟု ဆိုသည်။ သို့သော် တကယ့်အခြေအနေမှာ သူတို့ပြောသည်နှင့် တခြားစီဖြစ်၏။

 

အာဆာအဖွဲ့က လုံးဝကွဲ ပြားသော ပုံစံအသစ်ဖြင့် လက် နက်ကိုင်စွဲတိုက်ခိုက်မှုကို  ကိုယ် စားပြုသည်။ သူတို့၏ တိုက်ခိုက် မှုပုံစံကို မြန်မာစစ်တပ်က မည်သို့ တုံ့ပြန်ရမှန်းမသိသေးဘူးဆိုသည် ကို တွေ့နေရ၏။ ကချင်၊ ရှမ်း၊ ကရင်၊ မွန်ကဲ့သို့ မြန်မာက တခြားတိုင်းရင်းသားလက်နက်ကိုင်များ မှာ သူတို့အုပ်စုကို ကိုယ်စားပြု သည့် စစ်ဝတ်စုံများကို ထင်ထင် ရှားရှားဝတ်ဆင်ထားသည်။ သူတို့ရာထူးများကိုပြသည့် တံဆိပ်တွေ ကိုလည်း တပ်ထားသည်။

 

အာဆာမွတ်စလင်တိုက် ခိုက်သူများကတော့ ဆန့်ကျင်ဘက်ဖြစ်၏။ သူတို့က ရွာသားတွေ နှင့် ရောနှောနေထိုင်ပြီး အရပ် သားဝတ်စုံများကို ဝတ်ဆင်သည်။ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ တွေကို ပစ်မှတ်ထားသည့် သူတို့ ၏ အသေးစားတိုက်ပွဲများအပြီး တွင် သူတို့နှင့် ဘာသာစကား လည်းတူ၊ ကိုးကွယ်ရာဘာသာ လည်းတူသော ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အာဆာအဖွဲ့များက ဆုတ်ခွာသွားသည်ဟု သိရသည်။ သည်အနေအထားအရ အာဆာ အဖွဲ့၏ လှုပ်ရှားမှုပုံစံသည် မြန်မာပြည်က တိုင်းရင်းသားလက်နက် ကိုင်များထက် မလေးရှားနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းတောင်ပိုင်း က မွတ်စလင်သူပုန်များ၏ အနေ အထားနှင့် ပိုဆင်သည်။

 

နီပေါနှင့် အိန္ဒိယနိုင်ငံက မောဆတ်သူပုန်များနှင့် အတွေး အခေါ်အယူအဆများ မျှဝေခြင်း မရှိသော်ငြား အာဆာများက သူ တို့၏ တိုက်ခိုက်မှုနည်းဗျူဟာကို အတုခိုးထားပုံရသည်။ မြန်မာစစ် တပ်ကို တိုက်ပွဲများနှင့် ချုံခိုတိုက် ခိုက်မည့်အစား မောဆတ်သူပုန် များကဲ့သို့ လက်နက်မကိုင်သည့် ရွာသားများအကြားမှာ သွားလာ နေထိုင်ပြီး ညလယ်ကျမှ အစိုးရ ၏ တပ်စခန်းများကို တိုက်ခိုက်ရ သည်ကို သူတို့က ပိုကြိုက်သည်။

ဩဂုတ် ၂၅ ရက်က ရခိုင် ပြည်နယ်က တိုက်ခိုက်မှုများအပြီး မှာ သူပုန် ၄၀၀ ကို အသေရမိခဲ့ သည်ဟု မြန်မာစစ်တပ်က ဆို သည်။ သို့သော်လည်း သူတို့အ များစုမှာ တပ်ဖွဲ့အတွင်း သွတ် သွင်းခြင်းခံရသော ရွာသားများ ဖြစ်နိုင်သည်။ အကယ်၍ အာဆာ တိုက်ခိုက်သူများ အမှန်တကယ် သေဆုံးသွားခဲ့ပါက သူတို့က တစ် ဖွဲ့လုံးလည်း ကုန်သလောက်ရှိ လိမ့်မည်ဟု လုံခြုံရေးအကဲခတ် စောင့်ကြည့်အဖွဲ့များက ဆို၏။ ထို့အပြင် မြန်မာစစ်တပ်တာဝန်ရှိ သူများ ပြောကြားသည်ထက် အာ ဆာအဖွဲ့၏ အင်အားမှာ အများ ကြီး နည်းနိုင်သည်ဟု သူတို့က ဆို သည်။ အတွင်းလူများ အဆိုအရ အာဆာ၏ အင်အားသည် ထောင် ချီဆိုသည်ထက် ရာချီမျှသာရှိ သည်။ တိုက်ပွဲမှာ တိုက်ခိုက်ရန် လေ့ကျင့်ထားသူ အရေအတွက် စုစုပေါင်းမှာ ၅၀၀ ထက်မကျော် ဟု သိရသည်။

 

 

အာဆာ၏ စစ်ရေးစွမ်း ဆောင်ရည်က အကန့်အသတ်ရှိ သော်လည်း သူ၏ ဝါဒဖြန့်မှုက အ တော်ပေါက်ရောက်၏။ တွစ်တာ နှင့် တခြားဆိုရှယ်မီဒီယာများမှာ ကြေညာချက်များ ထုတ်ပြန်ပြီး အံ့ ဩစရာကောင်းလောက်အောင် အင်္ဂလိပ်စာကျွမ်းကျွမ်းကျင်ကျင် ဖြင့် သူတို့သူပုန်အုပ်စုမှာ ပျော့ ပျောင်းပြီး အကျိုးအကြောင်းဆီ လျော်စွာ ဖြစ်တည်လာသော ပုံစံ ပေါက်အောင် ရည်ရွယ်ပြောဆို ထားသည်။

စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သော သူတို့၏ ပထမ ဆုံးကြေညာချက်တွင် အကူအညီပေးရေးအဖွဲ့များ ဘင်္ဂါလီ (မူရင်းဆောင်းပါးတွင် ရိုဟင်ဂျာဟု ဖော်ပြထား)ဒုက္ခသည်များဆီ ရောက်စေရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအခြေအနေများ ပိုဆိုးလာမှာဖြစ်လာမှာကို ရှောင်ရှားသည့်အနေဖြင့်  တစ်လကြာ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ အာဆာအဖွဲ့၏ ဩဂုတ် ၂၅ ရက် တိုက်ခိုက်မှုနှင့် မြန်မာစစ်တပ်၏ ရက်ရက်စက်စက်တန်ပြန်ထိုးစစ်စကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြေးဝင်လာသူ ဘင်္ဂါလီဦးရေ လေးသိန်းကျော်ရှိမည်ဟု အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းကြသည်။

စနစ်တကျဖွဲ့စည်းထား သော စစ်တပ်တစ်ခုမဟုတ်သည့် လက်နက်ကိုင်အုပ်စု အသေးစား လေးအတွက် သည်ကြေညာချက် သည် အတော်အတင့်ရဲ့သော ကြေညာချက်ဖြစ်သည်။ သူတို့ အုပ်စု၏ တိုက်ခိုက်မှုအများစုက ဓားရှည်များနှင့်ဖြစ်သည်။ သူတို့ ၏ လူအနည်းငယ်နှင့် လက်နက် မပြည့်မစုံတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများက မည်ကဲ့သို့ မြန်မာစစ်တပ် များနှင့် ရင်ဆိုင်ပြီး ဘင်္ဂါလီလူ မျိုးတွေကို ကာကွယ်မည့်ဆောင် ရွက်မှုဆိုသည်ကို မပြသနိုင်ခဲ့ပါ။

အာရှတိုင်းမ်က ရရှိခဲ့သော သတင်းပေးပို့ချက်များသာ အမှန် ဖြစ်ပါက မြန်မာစစ်တပ်ကို ထို ဒေသရှိ ဘင်္ဂါလီနှင့် တခြားတိုင်း ရင်းသားလူမျိုးစုများကို လူမျိုးရေးအရ သုတ်သင်ရှင်းလင်းရေးလုပ် ရန် အခွင့်အလမ်းပေးခဲ့သည့်အ တွက် ဒေသခံများက အာဆာကို ဒေါသထွက်နေကြသည်ဟု သိရ သည်။ စက်တင်ဘာ ၁၄ ရက်တွင် အာဆာက သူတို့သည် အယ်လ် ကိုင်ဒါ၊ အိုင်အက်စ်၊ ဆီးရီးယား၊ လက်ရှ်ခါအီတီဘာနှင့် တခြားနိုင်ငံတကာ အကြမ်းဖက်အုပ်စုများနှင့် လုံးဝအချိတ်အဆက်မရှိ ဘူးဆိုသည်ကို ရှင်းလင်းသိစေချင်သည်ဟု ဆိုသည်။ သူတို့အနေဖြင့်ရခိုင်ဒေသသို့ ဝင်ရောက်လာမည့် အကြမ်းဖက်များနှင့် အခြေအနေ ကို သည့်ထက်ပိုဆိုးလာမည်ကို ကာကွယ်ရန်၊ လုံခြုံရေးအဖွဲ့အ စည်းများနှင့် အလုပ်လုပ်ရန် ပြင် ဆင်ထားကြောင်း အားလုံးကို သိ စေချင်သည်ဟုလည်း ဆိုသည်။

အဆိုပါအုပ်စုသည် ပါကစ္စ တန်ကအပါအဝင် နိုင်ငံခြားအ စွန်းရောက်အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိဘူးဆိုသည်ကို လုံခြုံရေးဆိုင်ရာ လေ့လာသူ သုတေသီများနှင့် အကြမ်းဖက်ဆိုင်ရာ ကျွမ်းကျင်သူများက သဘောမတူချေ။ အာဆာအဖွဲ့ခေါင်းဆောင် ဟာဖ်စ်တိုဟာဟု  သိကြသည့် အဒူလာအာဘူအမာဂျူနူနီသည် ပါကစ္စတန်နိုင်ငံ ကရာချိ မှာ မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဗီး ယားနိုင်ငံတွင် အစ္စလာမ်မစ်ပညာ ရေးကို သင်ကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အိုရန်ဂျီ၊ ကိုရန်ဂျီ၊ လန်ဟီနှင့် တခြားဆင်း ရဲသော ကရာချိ၏ ဆင်ခြေဖုံး ဒေသများတွင် ပထမ၊ ဒုတိယ၊ တတိယ မျိုးဆက်တိုင်အောင် နေ ထိုင်နေကြသော ဘင်္ဂါလီများ ရာ နှင့်ချီရှိသည်။ သူတို့သည် ပါကစ္စ တန်တွင် နေထိုင်နေသည်မှာ နှစ် ပေါင်းများစွာရှိနေသော်လည်း၊ အများစုက ထိုဒေသမှာပင် မွေးသော်လည်း သူတို့မှာ နိုင်ငံမရှိကြပါ။ သူတို့နေထိုင်သည့်ဒေသများက လည်း အစွန်းရောက်လှုပ်ရှားမှု များ ကာလများစွာ အခြေချပျိုး ထောင်ရာလည်းဖြစ်သည်။ တချို့ သည် အာဖဂန်နစ္စတန်က စစ်ပွဲ များတွင် တိုက်ခိုက်ဖို့ တပ်သားစု ဆောင်းသော နေရာများအဖြစ် သိကြသည်။

အာဆာကိုအစက ‘ဟာရခါ အာလာရာဘင်’ ခေါ် ယုံကြည်မှု အတွက် လှုပ်ရှားမှုဆိုသည့်အ မည်ဖြင့် သိခဲ့ကြသည်။ ထိုနာမည် သည် သိသိသာသာ ဘာသာရေး အရ မှည့်ခေါ်ထားခြင်းဖြစ်ပြီး ဘင်္ဂါလီဆိုသည်ရော၊ အာရကန်(ရခိုင်) ဆိုသည့် နာမည်တစ်လုံးမျှ မပါဝင်ချေ။ အာဆာဆိုသည့် တိုင်းရင်းသားပုံစံပိုပေါက်သည့် အသုံးကို စသုံးသည်မှာ မနှစ်ကမှဖြစ်သည်။ ထိုကဲ့သို့ သုံးစွဲခြင်း သည် သူတို့ လှုပ်ရှားမှုစတင်မွေး ဖွားခဲ့သည့် ကရာချိက လူမှုပတ်ဝန်းကျင်နှင့် သူတို့က မပတ်သက်ဘူးဆိုတာပြအောင် ကြိုးစားခြင်းလည်း ဖြစ်နိုင်သည်။

စုံစမ်းထောက်လှမ်းချက် များအရ သူတို့အဖွဲ့၏ အကြံပေး အုပ်ချုပ်သူမှာ ရိုဟင်ဂျာလေသံ နှင့် စကားပြောသည့် ပါကစ္စတန် လူမျိုး အဘူဒတ်စ်ဂါဒို့စ်ဘာမီဖြစ် သည်။ ကရာချိမှာ အခြေချသူဖြစ် သည်နှင့် အားလျော်စွာ ဆိုရှယ် မီဒီယာပေါ်မှာ ပြန့်နေသော ဗီဒီ ယိုမှာ သူက မြန်မာအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲဆင်နွှဲရန် ဆော် ဩထားသည်။

အဘူဒတ်စ်ဂါဒို့စ်ဘာမီ သည် တောင်အာရှမှာ အကြီးဆုံး အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ ကြီးတစ်ခုဖြစ်သည့် ပါကစ္စတန် မှာ အဓိကလှုပ်ရှားနေသည့် လကျ်ာယိမ်းတပ် (ခေါ်) လက်ရှ်ခါ အီတီဘာနှင့် အဆက်အသွယ်ရှိ ကြောင်း အထောက်အထားခိုင် ခိုင်လုံလုံရှိသည်။ အဆိုပါအုပ်စု ကို ကွယ်လွန်သူ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို တည် ထောင်သူ  အိုစမာဘင်လာဒင်၏ ထောက်ပံ့ငွေဖြင့် အာဖဂန်နစ္စ တန်မှာ ၁၉၈၇ က တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ အဘူဒတ်စ်ဂါဒို့စ် ဘာမီသည် လက်ရှ်ခါအီတီဘာ၏ ခေါင်းဆောင်ဟာဖက်ဇ်မိုဟာ မက်ဆာအိဒ်နှင့် အစည်းအဝေး များတွင် အတူတွဲတွေ့ရဖူးသည်။ အာဆာ၏ ဒုတိယအဆင့် ခေါင်း ဆောင်မှာ လူသိသိပ်မခံသူတစ် ယောက်ဖြစ်ပြီး  ရှာရိဖ်ဟုသာ သိကြသည်။ သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံအနောက်တောင်ပိုင်းက စစ် တကောင်းကလာပြီး မည်သည့် အုပ်စု၏ မူဝါဒဖြန့်ချိသည့် ဗီဒီယို ထဲမှာမှ မပါဝင်ပါ။ သူသည် ပါကစ္စတန်နိုင်ငံ၏ တရားဝင်ဘာ သာစကားဖြစ်သော အူရဒူဘာ သာစကားလေသံဖြင့် ပြောဆိုခဲ့ သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလား ဒေ့ရှ်က ဘင်္ဂါလီများထဲက ဒေါ သထွက်ပြီး ဒုက္ခဆင်းရဲရောက်နေ သူ လူငယ်များကို အာဆာအဖွဲ့ ကိုယ်တိုင် တပ်သားသစ်အဖြစ် စည်းရုံးနိုင်ပါလိမ့်မည်။ သို့သော် လေ့လာသုတေသနပြုချက်များ အရ သူတို့တပ်သားများအကြား မှာ ထူးခြားသော နိုင်ငံခြားသား ၁၅၀ လည်းရှိနေသည်။

အများစုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်သည်။ ရှစ်ဦးက နေ ၁၀ ဦးခန့်က ပါကစ္စတန်နိုင်ငံ သားများ၊ ကျန်သည့်လူနည်းစု များက အင်ဒိုနီးရှား၊ မလေးရှား နှင့် ထိုင်းတောင်ပိုင်းကဖြစ်သည်။  နှစ်ဦးမှာ ဥဇဘက်ကစ္စတန်က ဖြစ် သည်။ သင်တန်းများကို ဘင်္ဂလား ဒေ့ရှ်-မြန်မာနယ်စပ်မှာ လုပ်ခဲ့ပြီး သူတို့ကို အာဖဂန်စစ်ပွဲမှာ တိုက် ခဲ့သူ စစ်ပြန်များက သင်ပေးသည် ဟု လုံခြုံရေးဆိုင်ရာ အကဲခတ် စောင့်ကြည့်သူများက ဆိုသည်။

ဩဂုတ် ၂၅ ရက်က မြန်မာ တပ်ဖွဲ့များကို အဆက်မပြတ် တိုက်ခိုက်မှုများအတွက် သေချာ ပြင်ဆင်အကွက်ချမှုလိုအပ်ခဲ့ ကြောင်း ယခုအခါမှာ ထင်ထင် ရှားရှား မြင်နိုင်ပါသည်။ သည် တိုက်ခိုက်မှုများမတိုင်ခင် လများ စွာအတွင်း နယ်မြေအတွင်းက မြန်မာစစ်ထောက်လှမ်းရေးများ ကို ဖယ်ရှားနိုင်ရန် အစိုးရသတင်း ပေးဟု သံသယရှိသည့် မွတ်စလင်များရော ဗုဒ္ဓဘာသာများ ပါဝင် သည့် လူ ၅၀ ဦးခန့် လည်လှီး သတ်ခြင်းခံခဲ့ရသည်။

တိုက်ခိုက်သည့်အချိန်က လည်း တိုက်ဆိုင်မှုဆိုတာမဖြစ် နိုင်ပါ။ ဩဂုတ် ၂၄ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ဦးဆောင် သည့် ရခိုင်ဒေသ အကြံပေးကော် မတီက ရခိုင်ဒေသက ပဋိပက္ခ များ အဆုံးသတ်စေရန် ငြိမ်းချမ်း ရေးသဘောဆောင်သည့် အကြံ ပေးချက်များပါသည့် အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့သည်။

လက်ရှိ ပြဿနာတက်ပြီး အကြမ်းဖက်မှုများဖြစ်နေသော အခြေအနေအောက်တွင် သူတို့ အဆိုပြုတင်ပြချက်အတိုင်း ငြိမ်း ချမ်းရေးကို ပြန်ရဖို့က ခက်ခဲပါ လိမ့်မည်။ ပိုပြီး မငြိမ်မသက်စစ် သွေးကြွလှုပ်ရှားမှုများအတွက် လမ်းဖွင့်ပေးလိုက်သလိုဖြစ်စေ သည်။ အင်ဒိုနီးရှားနိုင်ငံထဲက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်များတွင် ဆူ မာတြားကျွန်းမြောက်ပိုင်း အာ ချေးဒေသမှာ စစ်သင်တန်းများ တက်နေသည့် လူငယ်တွေကို ပြ ထားသည်။ သူတို့က ရခိုင်ဒေသ မှာ ဂျီဟတ် (ခေါ်) ဘာသာရေး စစ်ပွဲများ ဆင်နွှဲဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။ ဘင်္ဂါလီတွေကို ထောက်ခံအားပေးသည့် အကြီး အကျယ်ဆန္ဒပြမှုကြီးများကို ဘင်္ဂ လားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ကျင်းပ နေကြသည်။ ဒုက္ခသည်များ အ လုံးအရင်းဝင်လာခြင်းက ပြည် တွင်းနိုင်ငံရေးပြဿနာတစ်ခုဖြစ် လာပြီး အာဏာရအာဝါမီလိခ် ပါတီကို အကျပ်အတည်းတွေ့စေ သည်။ အာဆာအဖွဲ့၏ မြန်မာရဲ စခန်းများကို အောက်တိုဘာ ၉ ရက်က ပထမအကြိမ် တိုက်ခိုက် မှုကို မြန်မာစစ်တပ်က ရှင်းလင်း ရေးပမာ ပြင်းပြင်းထန်ထန်တုံ့ပြန် မှုပေးလိုက်သည့်အတွက် ဒုက္ခ သည်ဦးရေ ခုနစ်သောင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ထို့ ကြောင့် ဩဂုတ် ၂၅ ရက်က သူ တို့၏ ပိုကြီးမားသော တိုက်ခိုက်မှု များမှာ မြန်မာစစ်တပ်ဆီက သည့်ထက်ပြင်းသော တုံ့ပြန်မှုရလာနိုင် မှာကို အာဆာအုပ်စုက ထည့် မတွက်ဘူးဆိုသည့်အချက်ကို လေ့လာဆန်းစစ်သူများက ဘဝင် မကျနိုင်ဘဲ ရှိသည်။

အာဆာပြောကြားသည့်အ တိုင်း သူတို့အုပ်စု၏ ရည်မှန်းချက် က ရိုဟင်ဂျာများကို ကာကွယ်ရန် ဆိုပါက သူတို့၏ တိုက်ခိုက်မှုများ က ဆိုးရွားလှသော ပြောင်းပြန် ရလဒ်ဖြစ်စေသည်။ သို့သော် လည်း အာဆာစစ်သွေးကြွများ သည် အဆိုပါမလိုလားသော ပြောင်းပြန်ရလဒ်ကနေ ဖြစ်လာ နိုင်သည့် ပိုကြီးမားသော အကျိုး များကိုလည်း ထည့်တွက်ချက် မည်ဖြစ်သည်။ ယခုအခါလောက် ဘင်္ဂါလီတို့၏ ဒုက္ခ သုက္ခများကို နိုင်ငံတကာအသိအမှတ်ပြုလာမှု သည် ယခင်က ဘယ်တုန်းကမှ မရှိခဲ့ပါ။ ထို့အပြင် အာရပ်နှင့် မွတ်စလင်ကမ္ဘာဆီက မက်မော စရာကောင်းသော အထောက်အ ပံ့များအပြင် တပ်သားသစ်အဖြစ် စည်းရုံးရန် ဒေါသထွက်နေသော လူငယ်များကိုပါ ရရှိလာဖို့ဖြစ် လာစေသည်။

သို့သော်ငြား သည်ကိုယ်ကျိုး သာကြည့်သည့် ယခုကစားနည်း၏ သားကောင်များမှာ ထောင်ချီ သော ဘင်္ဂါလီများနှင့် သူတို့၏ အဖျက်ဆီးခံရသော အိမ်တွေက နေ ထွက်ပြေးခဲ့ရသည့် တခြားသူ များ ဖြစ်သည်။ ထိုသူတွေသည် ယခုအခါ ဆင်းရဲညစ်ပတ်လှ သည့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းများ (သို့မဟုတ်) ဘယ်သူမှ သူတို့ကို မလိုလားသည့်အခြေအ နေ ပိုဆိုးလာနေသော ငရဲခန်းလို ဖြစ်နေသည့် နယ်စပ်ဒေသတစ် လျှောက်မှာ ဒုက္ခ သုက္ခများ ကြုံ တွေ့ခံစားနေရသည်။

(The Asia Time ပါ မြန်မာ့ရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာ ရေးသား ထားသော The truth behind Myanmar’s Rohingya insur-gency ကို ထားထားမြင့် ဆီလျော်အောင်ဘာသာပြန်ဆိုထားသည်။)

Credit to 7Day News Journal