ညတြင္းခ်င္း ေပါက္သြားတဲ့ မေနာရဲ့ သီခ်င္း အသစ္

အနုပညာရပ္၀န္း

နာမည္ေက်ာ္ အဆိုေတာ္ မေနာရဲ့ သီခ်င္းေကာင္းတစ္ပုဒ္ဟာ ဒီေန႔ ယခင္ ေပါက္ခဲ့ဖူးတဲ့ သီခ်င္းေတြလိုပဲ ပရိတ္သတ္အမ်ားႀကိဳက္မယ့္ပံုစံနဲ႔ ထြက္ေပၚလာၿပီး ညတြင္းခ်င္းပဲ ၾကည့္ရႉသူ မ်ားစြာရွိခဲ့ပါတယ္။

မေန႔ကပဲ သီခ်င္းသစ္မိတ္ဆက္ေပးမယ္လို႔ ေျပာခဲ့ၿပီး ဒီေန႔ (ေအာက္တိုဘာလ ၂၅ ရက္) မွာေတာ့ ပရိတ္သတ္ကို ခ်ျပလိုက္တာ ျဖစ္ပါတယ္။

“*ေတာင္သမန္အင္း ရဲ႕ကဗ်ာ *တင္ေပးလိုက္ၿပီေနာ္ အဆင္ေျပမယ္ဆို Share ၿပီးအားေပးအုန္းဗ်ိဳ႕ *ေမာင္မေနာ” လို႔ေရးသားၿပီး ေဖ့စ္ဘြက္စာမ်က္ႏွာကေန တိုက္ရိုက္ တင္ေပးလိုက္တာျဖစ္ပါတယ္။

https://m.facebook.com/story.php?story_fbid=2026162894280437&id=1976683312561729

သမိုင္းဝင္ ေတာင္သမန္အင္းႏွင့္ ဦးပိန္တံတားႀကီး ေရရွည္တည္တံ့ေစရန္ ဖန္တီးခဲ့တာလို႔လည္း ေျပာထားသည္။ ေတာင္သမန္အင္းရဲ့ ကဗ်ာ လို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းမွာ ေဖ့စ္ဘြက္နာမည္ႀကီးေမာ္ဒယ္ နန္းထိပ္ထားစံႏွင့္ မေနာ တဲြဖက္သရုပ္ေဆာင္ထားသည္။

အမ္တီဗီ အိတ္ခ်္ဒီ အၾကည္ျဖစ္ၿပီး ရိုက္ခ်က္မ်ားမွာ ယခင္က သီခ်င္းမ်ားထက္ အမ်ားႀကီး ပိုမိုေကာင္းမြန္ေနတာကို ေတြ႔ရပါတယ္။

သီခ်င္းေကာင္းမ်ားစြာ ေပါက္ခဲ့တဲ့ မေနာတစ္ေယာက္ ဒီသီခ်င္းလည္း ေပါက္မယ္ဆိုတာ ႀကိဳသိေနေလာက္ပါတယ္။ သူ႔ရဲ့ေဖ့စ္ဘြက္စာမ်က္ႏွာမွာ တင္တင္ခ်င္းပဲ မိနစ္ ၃ဝ မျပည့္ခင္ ၾကည့္ရႉသူ ၁ဝဝဝဝ ေက်ာ္၊ ျပန္လည္မွ်ေဝသူ ၃ေထာင္ေက်ာ္၊ Like လုပ္သူ ၅ဝဝဝ ေက်ာ္ရွိေနတာကို ေတြ႔ရပါတယ္။

Photos,Video©Ma Naww

Credit..PannPwint

Unicode
ညတွင်းချင်း ပေါက်သွားတဲ့ မနောရဲ့ သီချင်း အသစ်

နာမည်ကျော် အဆိုတော် မနောရဲ့ သီချင်းကောင်းတစ်ပုဒ်ဟာ ဒီနေ့ ယခင် ပေါက်ခဲ့ဖူးတဲ့ သီချင်းတွေလိုပဲ ပရိတ်သတ်အများကြိုက်မယ့်ပုံစံနဲ့ ထွက်ပေါ်လာပြီး ညတွင်းချင်းပဲ ကြည့်ရှူသူ များစွာရှိခဲ့ပါတယ်။

မနေ့ကပဲ သီချင်းသစ်မိတ်ဆက်ပေးမယ်လို့ ပြောခဲ့ပြီး ဒီနေ့ (အောက်တိုဘာလ ၂၅ ရက်) မှာတော့ ပရိတ်သတ်ကို ချပြလိုက်တာ ဖြစ်ပါတယ်။
“*တောင်သမန်အင်း ရဲ့ကဗျာ *တင်ပေးလိုက်ပြီနော် အဆင်ပြေမယ်ဆို Share ပြီးအားပေးအုန်းဗျို့ *မောင်မနော” လို့ရေးသားပြီး ဖေ့စ်ဘွက်စာမျက်နှာကနေ တိုက်ရိုက် တင်ပေးလိုက်တာဖြစ်ပါတယ်။
သမိုင်းဝင် တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီး ရေရှည်တည်တံ့စေရန် ဖန်တီးခဲ့တာလို့လည်း ပြောထားသည်။ တောင်သမန်အင်းရဲ့ ကဗျာ လို့ အမည်ပေးထားတဲ့ ဒီသီချင်းမှာ ဖေ့စ်ဘွက်နာမည်ကြီးမော်ဒယ် နန်းထိပ်ထားစံနှင့် မနော တွဲဖက်သရုပ်ဆောင်ထားသည်။
အမ်တီဗီ အိတ်ချ်ဒီ အကြည်ဖြစ်ပြီး ရိုက်ချက်များမှာ ယခင်က သီချင်းများထက် အများကြီး ပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်။
သီချင်းကောင်းများစွာ ပေါက်ခဲ့တဲ့ မနောတစ်ယောက် ဒီသီချင်းလည်း ပေါက်မယ်ဆိုတာ ကြိုသိနေလောက်ပါတယ်။ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာ တင်တင်ချင်းပဲ မိနစ် ၃ဝ မပြည့်ခင် ကြည့်ရှူသူ ၁ဝဝဝဝ ကျော်၊ ပြန်လည်မျှဝေသူ ၃ထောင်ကျော်၊ Like လုပ်သူ ၅ဝဝဝ ကျော်ရှိနေတာကို တွေ့ရပါတယ်။
Photos,Video©Ma Naww
Credit..PannPwint