ငွားထားတဲ႔အိမ္ စာခ်ဳပ္သက္တမ္းျပည္႔လုိ႔ တိုက္ခန္း ေစ်းသက္သာတာရွိရင္ လမ္းညႊန္ပါဦး လို႔ ေျပာလာတဲ့ ကစ္ကစ္

အနုပညာရပ္၀န္း

Zawgyi ျဖင့္ဖတ္ရန္

လက္ရွိ ငွားထားတဲ႔ အိမ္ခန္းက ဒီဇင္ဘာလကုန္တြင္ စာခ်ဳပ္သက္တမ္းျပည္႔လို႔ ေစ်းသက္သက္သာသာနဲ႔ ပထမထပ္ ငွားေပးမယ္႔ တိုက္ခန္းရွိရင္ လမ္းညႊန္ေပးၾကပါလို႔ ဟာသသရုပ္ေဆာင္ ကစ္ကစ္က အကူအညီ ေတာင္းထားပါတယ္။

Image may contain: 1 person

“ဘာလိုလိုနဲ ့အိမ္ခန္းက ေနာက္တစ္လေနရင္ ျပည့္ပါျပီ။ အခုေနတဲ့ (၈) ရပ္ကြက္ထဲမွာပဲ ျပန္ေနခ်င္တယ္။ ဒါေပမယ့္ ကစ္ကစ္က ေျခေထာက္ေတြက အျမင့္လည္း မတက္နိုင္၊ အိမ္သာကို ဗမာထိုင္လည္း မထိုင္ဘူးဆိုေတာ့ ပထမထပ္္ေလာက္ကို ေစ်းသက္သက္သာသာေလာက္နဲ ့ငွားေပးမယ့္သူ ရွိရင္ေကာင္းမယ္။ မရိွရင္ေတာ့ တျခားကို ေရႊ႕ရေတာ့မွာပါပဲ။ ေစ်းသက္သာေအာင္ ငွားေပးမယ့္ တိုက္ခန္းရွိရင္ ညြန့္ျပပါလားဟင္္” လို႔ သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ (Facebook) မွာ ေရးသားခဲ့ပါတယ္။ ဟာသ သရုပ္ေဆာင္ ကစ္ကစ္က ဆီးခ်ိဴ၊ ေသြးခ်ိဳ န႕ဲ ေက်ာက္ကပ္ေရာဂါကို ခံစားေနရတာ ျဖစ္ျပီး ေအာက္တိုဘာလက က်န္းမာေရးဆိုး၀ါးခဲ့သျဖင္႔ ေဆး႐ုံ (၅) ရက္ နီးပါးတတ္ေရာက္ကာ ကုသမွဳ ခံယူခဲ႔ရပါတယ္။

Creidt to Myanmar Celebrity

 

Unicode ျဖင့္ဖတ္ရန္

လက်ရှိ ငှားထားတဲ့ အိမ်ခန်းက ဒီဇင်ဘာလကုန်တွင် စာချုပ်သက်တမ်းပြည့်လို့ ဈေးသက်သက်သာသာနဲ့ ပထမထပ် ငှားပေးမယ့် တိုက်ခန်းရှိရင် လမ်းညွှန်ပေးကြပါလို့ ဟာသသရုပ်ဆောင် ကစ်ကစ်က အကူအညီ တောင်းထားပါတယ်။

“ဘာလိုလိုနဲ့အိမ်ခန်းက နောက်တစ်လနေရင် ပြည့်ပါပြီ။ အခုနေတဲ့ (၈) ရပ်ကွက်ထဲမှာပဲ ပြန်နေချင်တယ်။ ဒါပေမယ့် ကစ်ကစ်က ခြေထောက်တွေက အမြင့်လည်း မတက်နိုင်၊ အိမ်သာကို ဗမာထိုင်လည်း မထိုင်ဘူးဆိုတော့ ပထမထပ်လောက်ကို ဈေးသက်သက်သာသာလောက်နဲ့ငှားပေးမယ့်သူ ရှိရင်ကောင်းမယ်။ မရှိရင်တော့ တခြားကို ရွှေ့ရတော့မှာပါပဲ။ ဈေးသက်သာအောင် ငှားပေးမယ့် တိုက်ခန်းရှိရင် ညွန့်ပြပါလားဟင်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ (Facebook) မှာ ရေးသားခဲ့ပါတယ်။ ဟာသ သရုပ်ဆောင် ကစ်ကစ်က ဆီးချိူ၊ သွေးချို နဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရတာ ဖြစ်ပြီး အောက်တိုဘာလက ကျန်းမာရေးဆိုးဝါးခဲ့သဖြင့် ဆေးရုံ (၅) ရက် နီးပါးတတ်ရောက်ကာ ကုသမှု ခံယူခဲ့ရပါတယ်။

Creidt to Myanmar Celebrity