ပရိသတ်တွေရဲ့ မေတ္တာနဲ့ လွတ်မြောက်နိုင်ဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ ရဲထိုက်

အနုပညာရပ်ဝန်း

Zawgyi ဖြင့်ဖတ်ရန်



ရဲတိုက်ရဲ့ ပြောဆိုချက်ကို ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားထားပါတယ်။




 





Credit to Duwun

 

Unicode ဖြင့်ဖတ်ရန်

ဆာတိုရီ ထုတ်လုပ်ရေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘ(၁၀)ရက်နေ့ ညနေက ရဲတိုက်ရဲ့ ပြောဆိုချက်ကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလ(နိုဝင်ဘာလ)အတွင်းမှာ လွတ်မြောက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ရဲတိုက်ရဲ့ ပရိသတ်တွေက ပျော်ရွှင်နေသလို ရဲတိုက်ကလည်း ပရိသတ်တွေရဲ့ မေတ္တာနဲ့ လွတ်မြောက်နိုင်ဖို့ မျှော်လင့်ပါတယ်ဆိုပြီး ပြောလိုက်ပါတယ်။

ရဲတိုက်ရဲ့ ပြောဆိုချက်ကို ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ေ့ဖစ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားထားပါတယ်။

“ရဲတိုက်ကအားလုံးကိုကျေးဇူးတင်ပါတယ်တဲ့

ပရိတ်သတ်ရဲ့မေတ္တာတွေနဲ့ငြိမ်းချမ်းစွာလွတ်မြောက်နိုင်ဖို့ မျှော်လင့်ပါတယ်တဲ့

အခက်အခဲတွေရှိလို့ဒီရက်ပိုင်းခံစားနေရတယ်လို့ပြောပါတယ်”  ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

 

ပရိသတ်တွေကလည်း သူ့ကိုမျှော်နေကြောင်း ကောမန့်တွေမှာ ရေးထားကြပါတယ်

ရဲတိုက်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထောင်က ထွက်ရမယ်လို့ သတင်းတွေ ကြားတဲ့အတွက် တောင်ငူအကျဉ်းထောင်ကို ဆက်သွယ်ခဲ့ရာမှာ တောင်ငူအကျဉ်းထောင်မှတာဝန်ရှိသူတစ်ဦးက အခုလို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

” ကိုရဲတိုက်က ဒီလ ၁၄ ရက်နေ့လွတ်မယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလအတွင်းမှာပဲ လွတ်မှာပါ။ ရက်ကတော့ ကျွန်တော်တို့ လည်း မသိသေးဘူး။ သူ့ ရက်စေ့သွားလို့ လွတ်တာပါ”လို့ တောင်ငူအကျဉ်းထောင်မှ တပ်သားကျော်စိုးလွင်က ပြောပါတယ်။သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။

 

အခုဆိုရင်တော့ သရုပ်ဆောင်ရဲတိုက်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွတ်တော့မယ်လို့ သိရှိထားသော်လည်း တောင်ငူ အကျဉ်းထောင် ကို စုံစမ်းမေးမြန်းခဲ့ရာ ရက်အတိအကျ မပြောနိုင် သေးဘူး လို့ဆိုပါတယ်။

Credit to Duwun