အရိုက်ခံရသော ဆရာတော်ကြီးနှင့် အနီးကပ်ဆုံး ဦး အရိုက်ခံရသော ဆရာတော်ကြီးနှင့် အနီးကပ်ဆုံး ဦးဇင်းလေး တစ်ပါး၏ အဖြစ်မှန် ရင်ဖွင့်သံ

ကြားသိရသမျှ

အောက် ဆုံးတွင် ဦးဇင်းလေး ရင်ဖွင့်ထားသော ဗွီဒီယိုဖိုင် ပါရှိပါသည်။

သူတို့​ပြောတဲ့ ရိုက်​လိုက်​ဆရာ​တော်​ အတုဆိုဘဲ ကြည့်​ကြပါအုန်း​ အရိုက်​ခံခဲ့ရ​သော ဆရာ​တော်​ကသိမ်​မှာ ရဟန်း​လောင်းအား ဥပဇ္ဈာယ်​ဆရာ​တော်​အဖြစ်​ရဟန်းအားဆုံးမ​နေတာ ဖြစ်​​ပါတယ်​။

တိရိစ္ဆာန်​​လောက်​​တော့လိမ္မာသင့်​တယ်

ဦးဇင်းတပည့်​​ဇောတိက လှည်းကူးကထိန်​ပင့်​လို့ကြွခဲ့ပါတယ်​ ကထိန်​မှာလဲကိုရင်​တစ်​ပါးရဟန်​ခံခြင်းပါ​တော့ဆရာရဟန်းခံအမှီကြွ​ပေးပါလို့ဖုန်းဖြင့်​လျောက်​လို့ဦးဇင်းသူငယ်​ချင်းသံလျှင်​​ကျောင်းကိုအလည်​​ရောက်​တာက​နေပြီးလှည်းကူးသို့ကြွဖြစ်​ခဲ့ပါတယ်

ရဟန်းခြင်းကိစ္စကိုလုပ်​တဲ့အခါဆရာ​တော်​ဦးဣန္ဒကပင့်​သံဃာထဲသက်​ကြီးဝါ​တော်​ကြီးဆိုတော့ဆရာ​တော်​ကဥပ​ဇ္ဈေဆရာလုပ်​ချီး​မြောက်​ခဲ့ပါတယ်​။ ဆရာ​တော်​ကနှင့်​လည်းစကား​ပြောဖြစ်​ခဲ့တယ်​ဆရာ​တော်​ကိုယ်​တိုင်​ထုတ်​​ဝေတဲ့စာအုပ်​တချို့ကိုလည်းမြင်​ခဲ့ရပါတယ်​။

Fbမှာမြင်​​တွေ့ရတဲ့အခါဘယ်​ဆရာ​တော်​မှန်း​မသိလို့စာမတင်​ဖြစ်​ခဲ့ဘူး​နောက်​မှတပည့်​တင်​လိုက်​တဲ့အခါကျမှဦးဇင်းနဲ့​တွေ့ခဲ့တဲ့ဆရာ​တော်​ဖြစ်​​နေတာကိုသိရပါတယ်

အထူးအားဖြင့်​​ပြောချင်​တာကဆရာ​တော်​သည်​​ တောထွက်​မဟုတ်​သလိုရဟန်းတုလည်းမဟုတ်​ပါဘူး​ထေရ်​ကြီးဆာ​တော်​တစ်​ပါးဖြစ်​ပါတယ်​။ သံဃာတပါးကိုဒီလိုကြမ်းတမ်းစွားရိုက်​နှက်​မှုကိုလည်းမလုပ်​သင့်​ပါဘူး။လူကိုအားမနာ​သော်​လည်းအရဟတ္တဓဇကို​တော့ရို​သေသင့်​ပါတယ်​။

ဘီယာဆိုင်​ပိုင်​ရှင်​နဲ့​နောက်​လိုက်​အ​ပေါင်းပါ​တွေဟာ တိရိစ္ဆာန်​ထက်​နိမ့်​ကျ​နေတာကိုတွေ့ရတယ်​။ ဆဒ္ဒန်​ဆင်​မင်းဟာသူ့အား​လေးမျှားဖြင့်​ပစ်​တဲ့သူကို​တောင်​နင်းမယ်​လို့လုပ်​လိုက်​​တော့အရဟတ္တဓဇ​ကြောင့်​ မနင်းသတ်​ဘဲချမ်းသာခွင့်​​ပေးလိုက်​ပြီး အစွယ်​ကိုလည်းကိုယ်​တိုင်​ဖြတ်​​ပေးလိုက်​​သေးတယ်​။

ဒါ​ကြောင့်​ဆရာ​တော်​ဦးဣန္ဒကအားရိုက်​နှက်​​သောဘီယာဆိုင်​ ပိုင်​ရှင်​နဲ့​နောက်​လိုက်​​တွေဟာတိရိစ္ဆာန်​​လောက်​​တော့လိမ္မာသင့်​တယ်​။

အရှင်ဇောတိက လှည်းကူး