
ကြားသိရသမျှ

အောင်မင်္ဂင်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္လာရပ်ကွက်၌ ဒီဇင်ဘာ(၂)ရက်နေ့ ည(၁၁)နာရီခန့်က


သိရသည်။

Credit to Chit San

Unicode ဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊
အောင်မင်္ဂၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤလာရပ်ကွက်၌ ဒီဇင်ဘာ(၂)ရက်နေ့ ည(၁၁)နာရီခန့်က
လင်မယားခြင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ယောင်္ကျားဖြစ်သူအား
အက်ဆစ်ဖြင့်ပက်သောကြောင့် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂)ရက်နေ့ ည(၁၁)နာရီခန့်က အစ်မအရင်းဖြစ်သူ
ဒေါ်မိဒုံးတို့မိသားစုအိပ်ပျော်နေစဉ် အိမ်နီးနားခြင်းဖြစ်သော ဦးတင်ထွေးမှ
“မိဒုံးရေ နင့်မောင် မျိုးကျော် မမြင်ရဘူး- မမြင်ရတော့ဘူးဟု
အော်သံကြားရတယ် ဘာဖြစ်ဒါလဲ” ဟုပြောသဖြင့် အစ်မအရင်းဖြစ်သူ ဒေါ်မိဒုံးမှာ
ခင်ပွန်းဖြစ်သူ ဦးထွန်းထွန်းလင်းအား နှိုးပြီး၊ သွားရောက်ကြည့်ရှုရာ
၎င်းနေအိမ်အရှေ့ဘက်ရှိ ထင်းပုံအနီးတွင် မောင်ဖြစ်သူ မျိုးကျော်အားတွေ့ရဖြင့်
ခေါင်းစွပ်ဓါတ်မီးဖြင့်ထိုးကြည့်ရာ မျက်နှာ၊ ရင်ဘက်၊ ဝမ်းဗိုက်နှင့်
ဝဲဘက်ပေါင်တို့တွင် လောင်ကျွမ်းဒဏ်ရာ၊ မျက်စိနာကျင်ဒဏ်ရာ
(စိုးရိမ်ရ)နှင့် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော အဝတ်စားများတွင်
အက်ဆစ်လောင်ကျွမ်းထားသည်ကိုတွေ့ရှိရသဖြင့် မောင်ဖြစ်သူမျိုးကျော်အား မေးကြည့်ရာ လွန်ခဲ့သော(၁၀)ရက်ခန့်က ကွဲနေသော
ဇနီးဖြစ်သူ ဖြူလုံးနှင့် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ဖြူလုံးက
အက်ဆစ်နှင့် ပက်လိုက်တာဟု ပြောပြသိရှိရပြီး၊ မောင်ဖြစ်သူ မျိုးကျော်ကို ခင်ဦးပြည်သူ့ဆေးရုံမှ ရွှေဘိုပြည်သူ့ဆေးရုံသို့
အတွင်းလူနာအဖြစ် လွှဲပြောင်းကုသလျှက်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အစ်မအရင်းဖြစ်သူ ဒေါ်မိဒုံး(ခ) မော်မော်သင်းမှ
တရားလိုပြုလုပ် တိုင်းတန်း၍ မြို့မရဲစခန်းမှ (ပ) ၅၄၈/၂၀၁၇၊
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆ ဖြင့် ဖြူလုံး ၃၀ နှစ် (ဘ)ဦး………အောင်မင်္ဂလာရပ်ကွက်၊ ခင်ဦးမြို့နေသူအား အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း
သိရသည်။

Credit to Chit San