အဖေက ဘာသာခြားဖြစ်ပေမယ့် သူမစိတ်ကြိုက်ဘာသာကို ရွေးချယ်ခွင့်ရခဲ့တဲ့ အိမ့်ချစ်

အနုပညာရပ်ဝန်း

အဆိုတော် အိမ့်ချစ်တစ်ယောက်ကတော့ ဖခင်ဖြစ်သူ ဦးချစ်ကောင်းက ဘာသာခြားတစ်ယောက်ဖြစ်ပေမယ့် သူမစိတ်ကြိုက် ဘာသာကို ရွေးချယ်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။

ယင်းအင်တာဗျူး ဗွီဒီယိုဖိုင်အောက်တွင် အယူအဆမတူသူများရဲ့ ဝေဖန်ဆဲဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကို အိမ့်ချစ်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တုန့်ပြန်စာအချို့ ရေသားထားတာကိုလည်း တွေ့ရပါတယ်။

“ဘာသာတိုင်းဟာ ကောင်းဖို့ပဲညွှန်ပြတာချည်းပါ ဗုဒ္ဓဘာသာ ကိုးကွယ်တာနဲ့ပဲ ခွေးမလို့လဲ အပြောခံရတယ် လိမ်တယ်လဲဖြစ်ရသေးတယ် ရေများရေနိုင်ပါဆိုသူကတစ်မျိုး မှန်ရဲ့လားပြန်စဉ်းစားခိုင်းသူကတစ်မျိုး” လို့ ရေးသားလိုက်တာ ဖြစ်ပါတယ်။မကောင်းတဲ့ကောမန့်တွေရေးကြတဲ့သူတွေကိုပြောချင်တယ် အဖေတောင်ဘာမှမဖြစ်တာ ယူတို့ကဘာဖြစ်နေကြတာလဲ လို့လည်း အိမ့်ချစ်က မေးခွန်းထုတ်ထားတာကို တွေ့ရပါတယ်။

 

Photos©Eint Chit

Credit to Pannwint