လူကုန္ကူးေရာင္းစားခံခဲ့ရသည့္မဥမၼာဦး၏ရင္ဖြင့္စကားသံ

Featured

လူကုန္ကူးေရာင္းစားခံခဲ့ရသည့္မဥမၼာဦး၏ရင္ဖြင့္စကားသံ

အလုပ္အေၾကာင္းျပ ေခၚေဆာင္သြားၿပီး တ႐ုတ္ျပည္တြင္ တ႐ုတ္မယားအျဖစ္ လူကုန္ကူးျခင္းခံရသူ မဥမၼာဦး (ခ) မဥမၼာ၀င္းႏွင့္ သနပ္ပင္ၿမိဳ႕နယ္ NLD ႐ံုး၌ ၃-၁၂-၂၀၁၇ ေန႔က ေတြ႔ဆံုေမးျမန္းခဲ့ပါသည္။

ေမး-မဥမၼာကို ဘယ္သူက တ႐ုတ္ျပည္ကို ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ ေခၚသြားၿပီး တ႐ုတ္မယားအျဖစ္ လူကုန္ကူးေရာင္းစားခံရတယ္ဆိုတာ ေျပာျပေပးပါ။

ေျဖ-ပဲခူးတိုင္းေဒသႀကီး (အေရွ႕ပိုင္း) သနပ္ပင္ၿမိဳ႕က အငယ္ေလး (ခ) မလွျမတ္စႏၵာက ေခၚသြားတာပါ။ သူက သမီးကိုေခၚစဥ္ခါက တ႐ုတ္ျပည္၊ နိႈက္ေခ်ာင္းၿမိဳ႕မွာ မိႈညွပ္တဲ့အလုပ္ရမယ္၊ သံုးႏွစ္ကေန ငါးႏွစ္ထိ လုပ္ရမယ္ဆိုၿပီး ေခသြားတာ ျဖစ္ပါတယ္။

ေမး-ေခၚတုန္းက ၁လ ဘယ္ေလာက္ရမယ္ ေျပာပါသလဲ။

ေျဖ- တလခ်င္းေတာ့ မဟုတ္ဘူး။ သံုးႏွစ္ကို ျမန္မာေငြက်ပ္သိန္းေလးဆယ္ရမယ္၊ စရိတ္ၿငိမ္းဆိုၿပီး ေခၚတာပါ။ တကယ္ရတာက တ႐ုတ္ယြမ္ေငြ ရွစ္ေသာင္းခဲြပါ။ ျမန္မာေငြက်ပ္ သိန္းတရာ့ခုနစ္ဆယ္နဲ႔ညီမွ်ပါတယ္။ သမီးကို သိန္းေလးဆယ္ေပးၿပီး က်န္တဲ့သိန္း တရာ့သံုးဆယ္ကို အငယ္ေလးက ပဲြစားခအျဖစ္ ျဖတ္ယူထားတယ္ဆိုတာ ျမန္မာျပည္ျပန္လာခါနီးမွ သိရပါတယ္။

ေမး-အငယ္ေလး(ခ) မလွျမတ္စႏၵာကေရာ တ႐ုတ္ျပည္နဲ႔ ဘယ္လိုအဆက္အသြယ္ရိွတယ္ဆိုတာ မဥမၼာ သိပါသလား။ သိတယ္ဆိုရင္ သိသေလာက္ ေျပာျပပါ။

ေျဖ- ဟုတ္ကဲ့ သိပါတယ္။ သူကလည္း လူကုန္ကူးခံရၿပီး တ႐ုတ္ျပည္မွာ တ႐ုတ္မယားျဖစ္ေနသူပါ။ သမီးတို႔ကို ေခၚသြားတုန္းက သူ႔အိမ္မွာ ငါးရက္အိပ္ခဲ့ရပါတယ္။ ဘယ္ျပည္နယ္ ဘယ္ၿမိဳ႕ဆိုတာေတာ့ မမွတ္မိပါဘူး။ အငယ္ေလးမွာ အဲဒီတ႐ုတ္နဲ႔ရထားတဲ့ ကေလးႏွစ္ေယာက္ရိွပါတယ္။ သူက အဲဒီမွာေနတယ္။ ျမန္မာ ျပည္ျပန္လာတယ္။ ျမန္မာမိန္းကေလးေတြကို သမီးလိုပဲ ေခၚသြားၿပီး ပဲြစားလုပ္ေရာင္းစားေနတယ္ဆိုတာ လည္း ေနာက္မွသိရပါတယ္။ သူ႔ကို လူကုန္ကူးေရာင္းစားတဲ့မိန္းမၾကီးဆိုၿပီး အခု သနပ္ပင္ၿမိဳ႕မရဲစခန္းမွာ အဖမ္းခံထားရပါတယ္။

ေမး-ဒါဆို အငယ္ေလးအိမ္မွာ ငါးရက္ေနၿပီး တ႐ုတ္နဲ႔ ဘယ္လိုခိ်တ္ဆက္ေပးတယ္။ ေနာက္ မဥမၼာ တ႐ုတ္ကို သြားတဲ့ႏွစ္ကေရာ ဘယ္ႏွခုႏွစ္ေလာက္ကလဲ။

ေျဖ- ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔ကပါ။ တ႐ုတ္နဲ႔ ဘယ္လိုခိ်တ္ဆက္ေပးလဲဆိုေတာ့ အငယ္ ေလးက တ႐ုတ္စကားမႊတ္ေနေအာင္ ေျပာတတ္တယ္။ သူ႔အိမ္ကေန ဖုန္းဆက္ၿပီး တ႐ုတ္ကို ေခၚလိုက္တယ္။ တ႐ုတ္ေရာက္လာၿပီး ဆိုင္ကယ္နဲ႔ လာေခၚပါတယ္။ အငယ္ေလးလည္း လိုက္လာပါတယ္။ ေနာက္ သမီးကို ထားၿပီး သူျပန္သြားပါတယ္။

ေမး- ဟိုက်ေတာ့ တကယ္ေရာ မိႈညွပ္မိႈခူးခိုင္းတာေရာ ဟုတ္ရဲ႕လား။

ေျဖ- ဟုတ္ပါတယ္။ အဲဒီတ႐ုတ္အိမ္မွာပဲေနၿပီး ခူးရပါတယ္။

ေမး-ဒါဆို မဥမၼာ တ႐ုတ္လက္ထဲ ဘယ္လိုေရာက္ၿပီး သူ့ရဲ႕ဇနီးမယားျဖစ္ခဲ့တယ္ဆိုတာ ေျပာျပေပးပါလား။

ေျဖ- သမီးလည္း အေတာ္အံ့ၾသမိပါတယ္။ အဲဒီလိုနဲ႔ မိႈခူးမိႈညွပ္လုပ္လာရင္းနဲ႔ တေန႔ေတာ့ တ႐ုတ္က သမီးကို သူနဲ႔လက္ထပ္ရမယ္၊ သူနဲ႔ယူရမယ္၊ သူနဲ႔အတူ အိပ္ရမယ္လို႔ ေျပာပါတယ္။ သမီး မယူႏိုင္ဘူး။ ကြ်န္မ အလုပ္လာလုပ္တာလို႔ေျပာေတာ့။ မဟုတ္ဘူး၊ နင့္ကို အငယ္ေလးက ငါ့ကို ယြမ္ရွစ္ေသာင္းခဲြနဲ႔ ေရာင္းခဲ့တာ နင္ငါ့ကိုယူရမယ္လို႔ အတင္းအက်ပ္ကိုင္ပါတယ္။ သမီးလည္း ဘယ္ၿမိဳ႕၊ ဘယ္ေဒသေရာက္လို႔ ဘယ္ျပန္ရ မွန္းလဲမသိ။ အငယ္ေလး(ခ) လွျမတ္စႏၵာလည္း ဆက္သြယ္လို႔မရေတာ့ဘဲ ေနာက္ဆံုးေတာ့ အလိုမတူေပမဲ့ လက္ခံလိုက္ရပါတယ္။ တ႐ုတ္နာမည္က ရြတ္ကီ်ဖလို႔ ေခၚပါတယ္။ (၇)လ ေပါင္းလိုက္ရပါတယ္။ (၇)လေပါင္း ၿပီးတဲ့အခိ်န္မွာ ကေလးတေယာက္ေမြးေပးရမယ္ ေျပာပါတယ္။ သမီးက မေမြးေပးႏိုင္ဘူး၊ ဘာျဖစ္လို႔ ေမြးရမွာလဲ ေျပာပါတယ္။ နင္ကေလးမေမြးရင္ ငါ့ပိုက္ဆံ ယြမ္ရွစ္ေသာင္းခဲြ ျပန္ေပးရမယ္ေျပာပါတယ္။ ငါယူထားတာ ျမန္မာေငြသိန္းေလးဆယ္တည္းေျပာေတာ့မွ က်န္ေငြေတြဟာ အငယ္ေလးျဖတ္ယူထားတယ္ဆိုတာ သိရပါတယ္။ ဒီေတာ့မွ အငယ္ေလးကိုလွမ္းေခၚၿပီး ငါ့ကို ျမန္မာျပည္ျပန္ပို႔ေပးဆိုၿပီးေျပာေတာ့မွ ျပန္ေရာက္လာတာပါ။

ေမး- ျမန္မာျပည္ျပန္ေရာက္ေတာ့ သက္ဆိုင္ရာေတြ အေၾကာင္းၾကားတာေရာ ရိွပါသလား။

ေျဖ- အဲဒီလိုေတာ့ မရိွပါဘူး။ သမီးေျပာလည္း မေျပာရဲဘူး။ တိုင္လည္း မတိုင္ရဲဘူး။ ဘုရားေလးျပန္ေရာက္ ၿပီးတာနဲ႔ ျမ၀တီမွာ သြားအလုပ္လုုပ္ေနရပါတယ္။

ေမး-အခုဘုရားႀကီးရဲစခန္းမွာ အငယ္ေလး (ခ) လွျမတ္စႏၵာကို လူကုန္ကူးမႈ ပုဒ္မ(ပ)၂၈၁ ပုဒ္မ(၄၂)နဲ႔ ပဲခူးတိုင္းေဒသႀကီး လူကုန္ကူးမႈတားဆီး ကာကြယ္ေရးက တရားလိုျပဳလုပ္ၿပီး ဖမ္းဆီးထားတယ္ဆိုတာ သိရပါတယ္။ အဲဒါ မဥမၼာကို အေၾကာင္းခံလို႔ဆိုတာလည္း သိရပါတယ္။ ဟုတ္ပါသလား။

ေျဖ- ဟုတ္ပါတယ္။ အငယ္ေလး(ခ)လွျမတ္စႏၵာဟာ တ႐ုတ္ျပည္မွာ တ႐ုတ္နဲ႔ေပါင္းေနသလို ျမန္မာျပည္မွာလည္း အခုလက္ရိွေနထိုင္တဲ့ သနပ္ပင္ၿမိဳ႕၊ ဘုရားႀကီးပိုင္းမွာလည္း ျမန္မာအမ်ဳိးသား လင္ေယာက်ာ္းရိွပါတယ္။ အဲဒီရပ္ကြက္က လူႀကီးမ်ားက သူဒီလိုအလုပ္လုပ္ေနတာကို သိသြားပါတယ္။ သမီးတေယာက္တည္း မဟုတ္ပါဘူး။ ေဟာဒီ သနပ္ပင္ကပဲ အိမြန္ခ်ဳိနဲ႔ ေခ်ာေခ်ာဆိုတဲ့ ေကာင္မေလးႏွစ္ေယာက္ကိုလည္း သမီးလိုပဲ လူကုန္ကူးထားပါတယ္။ အငယ္ေလးလက္ခ်က္ပါပဲ။ သူတို႔က တ႐ုတ္ျပည္မွာပဲ ရိွေနပါေသးတယ္။ ဒီညီမေလးမ်ားကိုလည္း အျမန္ဆံုးျပန္ေခၚေစခ်င္ပါတယ္။ သမီးက နားမလည္လို႔ ေၾကာက္လို႔ ဘယ္လိုတိုင္ရမယ္ဆိုတာ မသိလို႔ ၿငိမ္ခံေနရေပမဲ့ တာ၀န္သိတဲ့ သနပ္ပင္ၿမိဳ႕၊ ဘုရားၾကီးပိုင္းလူၾကီးမ်ားက ေဖာ္ထုတ္ေပးခဲ့လို႔ အမွန္တရားေပၚေပါက္ခဲ့ရတာပါ။ အခုဆို တိုင္းလူကုန္ကူးက တရားလိုလုပ္ၿပီး အမႈဖြင့္ထားပါတယ္။ သမီးကေတာ့ သက္ေသပါ။ သမီးကလည္း အမွန္အတိုင္း ထြက္ဆိုေပးမွာပါရွင္။

ေမး- ဟုတ္ပါၿပီ။ မဥမၼာႀကံဳခဲ့ရတဲ့ အျဖစ္အပ်က္ေတြ ခံစားခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါေသးလဲ။

ေျဖ- ဟုတ္ကဲ့ရွင္။ သမီးတို႔ ျမန္မာမိန္းကေလးမ်ား တ႐ုတ္ပဲျဖစ္ျဖစ္၊ ဘယ္နိုင္ငံပဲျဖစ္ျဖစ္ အလုပ္ သြားလုပ္ၾကမယ္စိတ္ကူးရင္ အခုလိုပဲြစားေတြဟာ မ်ားေသာအားျဖင့္ မရိွႏြမ္းပါးတဲ့ မိန္းကေလးမ်ားကို အမ်ားဆံုး အယံုသြင္းတတ္ၾကပါတယ္။ ေျပာတိုင္း မယံုၾကပါနဲ႔။ ဒီလိုလုပ္စားတဲ့သူေတြကိုလည္း အျမန္ ဆံုးေဖာ္ထုတ္ႏိုင္ပါေစ။ သမီးကို သင္ခန္းစာယူၾကပါ။ သမီးတို႔ ျမန္မာမိန္းကေလးမ်ား သမီးလို အျဖစ္မ်ဳိးမၾကံဳရေအာင္ မီဒီယာမွတဆင့္ သမီးမရွက္မေၾကာက္ ရင္ဖြင့္ေျပာရျခင္း ျဖစ္ပါတယ္ရွင္။

မိုးျမင့္လြင္

credit – NEWS WATCH

Unicode ျဖင့္ဖတ္ရန္

လူကုန်ကူးရောင်းစားခံခဲ့ရသည့်မဥမ္မာဦး၏ရင်ဖွင့်စကားသံ

အလုပ်အကြောင်းပြ ခေါ်ဆောင်သွားပြီး တရုတ်ပြည်တွင် တရုတ်မယားအဖြစ် လူကုန်ကူးခြင်းခံရသူ မဥမ္မာဦး (ခ) မဥမ္မာဝင်းနှင့် သနပ်ပင်မြို့နယ် NLD ရုံး၌ ၃-၁၂-၂၀၁၇ နေ့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး-မဥမ္မာကို ဘယ်သူက တရုတ်ပြည်ကို ဘယ်လိုအကြောင်းပြချက်နဲ့ ခေါ်သွားပြီး တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခံရတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ-ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့က အငယ်လေး (ခ) မလှမြတ်စန္ဒာက ခေါ်သွားတာပါ။ သူက သမီးကိုခေါ်စဉ်ခါက တရုတ်ပြည်၊ နှိုက်ချောင်းမြို့မှာ မှိုညှပ်တဲ့အလုပ်ရမယ်၊ သုံးနှစ်ကနေ ငါးနှစ်ထိ လုပ်ရမယ်ဆိုပြီး ခေသွားတာ ဖြစ်ပါတယ်။

မေး-ခေါ်တုန်းက ၁လ ဘယ်လောက်ရမယ် ပြောပါသလဲ။

ဖြေ- တလချင်းတော့ မဟုတ်ဘူး။ သုံးနှစ်ကို မြန်မာငွေကျပ်သိန်းလေးဆယ်ရမယ်၊ စရိတ်ငြိမ်းဆိုပြီး ခေါ်တာပါ။ တကယ်ရတာက တရုတ်ယွမ်ငွေ ရှစ်သောင်းခွဲပါ။ မြန်မာငွေကျပ် သိန်းတရာ့ခုနစ်ဆယ်နဲ့ညီမျှပါတယ်။ သမီးကို သိန်းလေးဆယ်ပေးပြီး ကျန်တဲ့သိန်း တရာ့သုံးဆယ်ကို အငယ်လေးက ပွဲစားခအဖြစ် ဖြတ်ယူထားတယ်ဆိုတာ မြန်မာပြည်ပြန်လာခါနီးမှ သိရပါတယ်။

မေး-အငယ်လေး(ခ) မလှမြတ်စန္ဒာကရော တရုတ်ပြည်နဲ့ ဘယ်လိုအဆက်အသွယ်ရှိတယ်ဆိုတာ မဥမ္မာ သိပါသလား။ သိတယ်ဆိုရင် သိသလောက် ပြောပြပါ။

ဖြေ- ဟုတ်ကဲ့ သိပါတယ်။ သူကလည်း လူကုန်ကူးခံရပြီး တရုတ်ပြည်မှာ တရုတ်မယားဖြစ်နေသူပါ။ သမီးတို့ကို ခေါ်သွားတုန်းက သူ့အိမ်မှာ ငါးရက်အိပ်ခဲ့ရပါတယ်။ ဘယ်ပြည်နယ် ဘယ်မြို့ဆိုတာတော့ မမှတ်မိပါဘူး။ အငယ်လေးမှာ အဲဒီတရုတ်နဲ့ရထားတဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ သူက အဲဒီမှာနေတယ်။ မြန်မာ ပြည်ပြန်လာတယ်။ မြန်မာမိန်းကလေးတွေကို သမီးလိုပဲ ခေါ်သွားပြီး ပွဲစားလုပ်ရောင်းစားနေတယ်ဆိုတာ လည်း နောက်မှသိရပါတယ်။ သူ့ကို လူကုန်ကူးရောင်းစားတဲ့မိန်းမကြီးဆိုပြီး အခု သနပ်ပင်မြို့မရဲစခန်းမှာ အဖမ်းခံထားရပါတယ်။

မေး-ဒါဆို အငယ်လေးအိမ်မှာ ငါးရက်နေပြီး တရုတ်နဲ့ ဘယ်လိုချိတ်ဆက်ပေးတယ်။ နောက် မဥမ္မာ တရုတ်ကို သွားတဲ့နှစ်ကရော ဘယ်နှခုနှစ်လောက်ကလဲ။

ဖြေ- ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကပါ။ တရုတ်နဲ့ ဘယ်လိုချိတ်ဆက်ပေးလဲဆိုတော့ အငယ် လေးက တရုတ်စကားမွှတ်နေအောင် ပြောတတ်တယ်။ သူ့အိမ်ကနေ ဖုန်းဆက်ပြီး တရုတ်ကို ခေါ်လိုက်တယ်။ တရုတ်ရောက်လာပြီး ဆိုင်ကယ်နဲ့ လာခေါ်ပါတယ်။ အငယ်လေးလည်း လိုက်လာပါတယ်။ နောက် သမီးကို ထားပြီး သူပြန်သွားပါတယ်။

မေး- ဟိုကျတော့ တကယ်ရော မှိုညှပ်မှိုခူးခိုင်းတာရော ဟုတ်ရဲ့လား။

ဖြေ- ဟုတ်ပါတယ်။ အဲဒီတရုတ်အိမ်မှာပဲနေပြီး ခူးရပါတယ်။

မေး-ဒါဆို မဥမ္မာ တရုတ်လက်ထဲ ဘယ်လိုရောက်ပြီး သူ့ရဲ့ဇနီးမယားဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါလား။

ဖြေ- သမီးလည်း အတော်အံ့သြမိပါတယ်။ အဲဒီလိုနဲ့ မှိုခူးမှိုညှပ်လုပ်လာရင်းနဲ့ တနေ့တော့ တရုတ်က သမီးကို သူနဲ့လက်ထပ်ရမယ်၊ သူနဲ့ယူရမယ်၊ သူနဲ့အတူ အိပ်ရမယ်လို့ ပြောပါတယ်။ သမီး မယူနိုင်ဘူး။ ကျွန်မ အလုပ်လာလုပ်တာလို့ပြောတော့။ မဟုတ်ဘူး၊ နင့်ကို အငယ်လေးက ငါ့ကို ယွမ်ရှစ်သောင်းခွဲနဲ့ ရောင်းခဲ့တာ နင်ငါ့ကိုယူရမယ်လို့ အတင်းအကျပ်ကိုင်ပါတယ်။ သမီးလည်း ဘယ်မြို့၊ ဘယ်ဒေသရောက်လို့ ဘယ်ပြန်ရ မှန်းလဲမသိ။ အငယ်လေး(ခ) လှမြတ်စန္ဒာလည်း ဆက်သွယ်လို့မရတော့ဘဲ နောက်ဆုံးတော့ အလိုမတူပေမဲ့ လက်ခံလိုက်ရပါတယ်။ တရုတ်နာမည်က ရွတ်ကျီဖလို့ ခေါ်ပါတယ်။ (၇)လ ပေါင်းလိုက်ရပါတယ်။ (၇)လပေါင်း ပြီးတဲ့အချိန်မှာ ကလေးတယောက်မွေးပေးရမယ် ပြောပါတယ်။ သမီးက မမွေးပေးနိုင်ဘူး၊ ဘာဖြစ်လို့ မွေးရမှာလဲ ပြောပါတယ်။ နင်ကလေးမမွေးရင် ငါ့ပိုက်ဆံ ယွမ်ရှစ်သောင်းခွဲ ပြန်ပေးရမယ်ပြောပါတယ်။ ငါယူထားတာ မြန်မာငွေသိန်းလေးဆယ်တည်းပြောတော့မှ ကျန်ငွေတွေဟာ အငယ်လေးဖြတ်ယူထားတယ်ဆိုတာ သိရပါတယ်။ ဒီတော့မှ အငယ်လေးကိုလှမ်းခေါ်ပြီး ငါ့ကို မြန်မာပြည်ပြန်ပို့ပေးဆိုပြီးပြောတော့မှ ပြန်ရောက်လာတာပါ။

မေး- မြန်မာပြည်ပြန်ရောက်တော့ သက်ဆိုင်ရာတွေ အကြောင်းကြားတာရော ရှိပါသလား။

ဖြေ- အဲဒီလိုတော့ မရှိပါဘူး။ သမီးပြောလည်း မပြောရဲဘူး။ တိုင်လည်း မတိုင်ရဲဘူး။ ဘုရားလေးပြန်ရောက် ပြီးတာနဲ့ မြဝတီမှာ သွားအလုပ်လုုပ်နေရပါတယ်။

မေး-အခုဘုရားကြီးရဲစခန်းမှာ အငယ်လေး (ခ) လှမြတ်စန္ဒာကို လူကုန်ကူးမှု ပုဒ်မ(ပ)၂၈၁ ပုဒ်မ(၄၂)နဲ့ ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးက တရားလိုပြုလုပ်ပြီး ဖမ်းဆီးထားတယ်ဆိုတာ သိရပါတယ်။ အဲဒါ မဥမ္မာကို အကြောင်းခံလို့ဆိုတာလည်း သိရပါတယ်။ ဟုတ်ပါသလား။

ဖြေ- ဟုတ်ပါတယ်။ အငယ်လေး(ခ)လှမြတ်စန္ဒာဟာ တရုတ်ပြည်မှာ တရုတ်နဲ့ပေါင်းနေသလို မြန်မာပြည်မှာလည်း အခုလက်ရှိနေထိုင်တဲ့ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်းမှာလည်း မြန်မာအမျိုးသား လင်ယောကျာ်းရှိပါတယ်။ အဲဒီရပ်ကွက်က လူကြီးများက သူဒီလိုအလုပ်လုပ်နေတာကို သိသွားပါတယ်။ သမီးတယောက်တည်း မဟုတ်ပါဘူး။ ဟောဒီ သနပ်ပင်ကပဲ အိမွန်ချိုနဲ့ ချောချောဆိုတဲ့ ကောင်မလေးနှစ်ယောက်ကိုလည်း သမီးလိုပဲ လူကုန်ကူးထားပါတယ်။ အငယ်လေးလက်ချက်ပါပဲ။ သူတို့က တရုတ်ပြည်မှာပဲ ရှိနေပါသေးတယ်။ ဒီညီမလေးများကိုလည်း အမြန်ဆုံးပြန်ခေါ်စေချင်ပါတယ်။ သမီးက နားမလည်လို့ ကြောက်လို့ ဘယ်လိုတိုင်ရမယ်ဆိုတာ မသိလို့ ငြိမ်ခံနေရပေမဲ့ တာဝန်သိတဲ့ သနပ်ပင်မြို့၊ ဘုရားကြီးပိုင်းလူကြီးများက ဖော်ထုတ်ပေးခဲ့လို့ အမှန်တရားပေါ်ပေါက်ခဲ့ရတာပါ။ အခုဆို တိုင်းလူကုန်ကူးက တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ သမီးကတော့ သက်သေပါ။ သမီးကလည်း အမှန်အတိုင်း ထွက်ဆိုပေးမှာပါရှင်။

မေး- ဟုတ်ပါပြီ။ မဥမ္မာကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ- ဟုတ်ကဲ့ရှင်။ သမီးတို့ မြန်မာမိန်းကလေးများ တရုတ်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အလုပ် သွားလုပ်ကြမယ်စိတ်ကူးရင် အခုလိုပွဲစားတွေဟာ များသောအားဖြင့် မရှိနွမ်းပါးတဲ့ မိန်းကလေးများကို အများဆုံး အယုံသွင်းတတ်ကြပါတယ်။ ပြောတိုင်း မယုံကြပါနဲ့။ ဒီလိုလုပ်စားတဲ့သူတွေကိုလည်း အမြန် ဆုံးဖော်ထုတ်နိုင်ပါစေ။ သမီးကို သင်ခန်းစာယူကြပါ။ သမီးတို့ မြန်မာမိန်းကလေးများ သမီးလို အဖြစ်မျိုးမကြံုရအောင် မီဒီယာမှတဆင့် သမီးမရှက်မကြောက် ရင်ဖွင့်ပြောရခြင်း ဖြစ်ပါတယ်ရှင်။

မိုးမြင့်လွင်