ပရိသတ်ရဲ့အမုန်းခံပြီး ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ရတဲ့လူကြမ်းမင်းသားကြီး နိုင်လူရဲ့ ဘ၀’

အနုပညာရပ်ဝန်း

ရုပ်ရှင်လောကမှာ နေရာရွေးချယ်ခွင့်မရှိ ကာရိုက်တာရွေးချယ်ခွင်မရှိ အမှုအရာရွေးချယ်ခွင့်မရှိ ဇာတ်ရုပ်ရွေးချယ်ခွင့်မရှိတဲ့ ရုပ်ရှင်လောကကိုနှစ်ပေါင်းများစွာထမ်းပိုးလာသူတွေပါ။ကျရာဇာတ်ရုပ်ဆိုတဲ့စကားလုံးဟာ သူတို့အတွက်မဟုတ်ပါ။လူကြမ်းဇာတ်ရုပ်ကိုပဲ အမြဲရိုက်ကူးပြီး ပရိသတ်အမုန်းကိုခံရမှန်းသိပေမဲ့လည်း ဘဝရဲ့ဝမ်းစာအတွက် မိသားစုအတွက် လူတိုင်းရဲ့အမုန်းကိုခံကာ လုပ်ကိုင်ရသူတွေလည်းဖြစ်ပါတယ်။

 

သူတို့ရဲ့ဇာတ်ကားတွေကြည့်ပြီး ပရိသတ်မုန်းရခြင်းအကြောင်းအရင်းခံဟာ သူတို့သရုပ်ဆောင်ပီပြင်လွန်းနေခြင်းကြောင့်ပါ။သူတို့သာ ပီပြင်မှုမရှိရင် ပရိသတ်လဲမုန်းမှာမဟုတ်ပါဘူး။ရှေ့ဆက်ပြီးဇာတ်ကားရိုက်ရဖို့တွက် ဒါရိုက်တာတွေရဲ့ခေါ်ယူခြင်းခံရဖို့အတွက် အပြင်းအထန်ရုံးကန်ကြိုးစားရသူတွေပါ။ဒါအပြင်ရိုက်ကွင်းမှာလဲ အက်စီဒန့်ဖြစ်ပြီးထိခိုက်မှုတွေကိုလဲခံရပါတယ်။ဒီအတွက်လည်း ဒဏ်အနည်းငယ်ရရှိတဲ့ရက်တွေရှိသလို လနဲ့ချီတဲ့ဒဏ်ရာတွေကိုလည်း ခံစားရသူတွေပါ။

သရုပ်ဆောင်ကြေးနဲ့ပက်သက်ပြီးတော့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အားမေးမြန်းမှုကိုအခုလိုဖြေကြားခဲ့ဖူးပါတယ် “ကျနော်တို့ဟိုးအရင်ခေတ်က သရုပ်ဆောင်ရင် ဦးကျော်ဟိန်း 7000 ရရင် ကျွန်တော်တို့ 700 ရတယ်၊ဒွေးခေတ်မှာ ဒွေး 70000 ရရင် ကျွန်တော်တို့ 7000 ရတယ်၊အခုခေတ်မင်းသား တစ်ယောက် သိန်း 70 ရလို့ကျနော်တို့ခုနှစ်သိန်းမရဘူး”လို့လဲပြောထားတာကိုတွေရပါတယ်။ဘဝကိုခက်ခက်ခဲခဲရပ်တည်နေရတဲ့ လူကြမ်းတို့ တကယ်ကိုသနားစရာကောင်းပါတယ်။ပရိသတ်ကြီးလဲ သူတို့ကို အားပေးလိုက်ပါအုံးနော်။

Share from –hlataw