BMW ကားၾကီးကို မေတာ္တဆျခစ္မိခဲ့လို႔ ပုိင္႐ွင္ကိုစာတစ္ေစာင္နဲ႔ျပန္ေတာင္းပန္ခဲ့တဲ့ လူ

ၾကားသိရသမ်ွ

တစ္ခ်ဳိ႕သူေတြအတြက္ ကားက အရမ္းတန္ဖိုး႐ွိတယ္။ ဇိမ္ခံကားပုိင္႐ွင္ေတြဆို ပိုျပီးေတာ့ေတာင္ မၾကာခဏ ဂ႐ုစိုက္ရပါတယ္။ သူတုိ႔ကားကို အျမဲတမ္းအရိပ္တၾကည့္ၾကည့္နဲ႔ တစ္ခုခုျဖစ္သြားရင္ မလြယ္ဘူးေလ။ နည္းနည္းေလးျပင္တာေတာင္ ေဒၚလာေပါင္းမ်ားစြာကုန္က်ေနေတာ့ ကားတစ္ခုခုျဖစ္မွာကို သူတို႔လည္း စိုးရိမ္တာေပါ့။
ကိုယ့္တာဝန္ ကိုယ္မယူပဲပတ္ေ႐ွာင္ခ်င္ေနၾကတဲ့လူေတြမ်ားတဲ့ ဒီလုိေခတ္ၾကီးထဲမွာ ဒီလူကေတာ့ BMW ကားၾကီးကို မေတာ္တဆျခစ္မိသြားေပမယ့္ ပိုင္႐ွင္မ႐ွိဘူးဆိုျပီး သူထြက္မေျပးခဲ့ပါဘူး။ ပုိင္႐ွင္ကို စာတစ္ေစာင္နဲ႔ျပန္ေတာင္းပန္ခဲ့ပါတယ္။

တစ္ခ်ဳိ႕သူေတြအတြက္ ကားက အရမ္းတန္ဖိုး႐ွိတယ္။ ဇိမ္ခံကားပုိင္႐ွင္ေတြဆို ပိုျပီးေတာ့ေတာင္ မၾကာခဏ ဂ႐ုစိုက္ရပါတယ္။ သူတုိ႔ကားကို အျမဲတမ္းအရိပ္တၾကည့္ၾကည့္နဲ႔ တစ္ခုခုျဖစ္သြားရင္ မလြယ္ဘူးေလ။ နည္းနည္းေလးျပင္တာေတာင္ ေဒၚလာေပါင္းမ်ားစြာကုန္က်ေနေတာ့ ကားတစ္ခုခုျဖစ္မွာကို သူတို႔လည္း စိုးရိမ္တာေပါ့။
ကိုယ့္တာဝန္ ကိုယ္မယူပဲပတ္ေ႐ွာင္ခ်င္ေနၾကတဲ့လူေတြမ်ားတဲ့ ဒီလုိေခတ္ၾကီးထဲမွာ ဒီလူကေတာ့ BMW ကားၾကီးကို မေတာ္တဆျခစ္မိသြားေပမယ့္ ပိုင္႐ွင္မ႐ွိဘူးဆိုျပီး သူထြက္မေျပးခဲ့ပါဘူး။ ပုိင္႐ွင္ကို စာတစ္ေစာင္နဲ႔ျပန္ေတာင္းပန္ခဲ့ပါတယ္။

ထုိကားေပၚမွာ သူ႔ရဲ႕ေတာင္းပန္စာေလးကိုတင္ထားခဲ့တယ္။ သူ႔ရဲ႕စာထဲမွာ … ကားကို မေတာ္တဆျခစ္မိတဲ့အတြက္ ေတာင္းပန္ပါတယ္။သူမရည္ရြယ္ပဲျဖစ္သြားတာမုိ႔လို႔ ခြင့္လႊတ္ေပးဖို႔နဲ႔ အခုခ်ိန္မွာ သူအလုပ္မ႐ွိတဲ့အတြက္ မိသားစုေရးကလည္း အဆင္မေျပေၾကာင္း၊ သူ႔မွာအခုေလာေလာဆယ္ ယြမ္ ၁ဝဝပဲရွိေၾကာင္းေရးထားပါတယ္။ ဒါေပမယ့္ လအနည္းငယ္ၾကာရင္ က်သင့္ေငြကို သင္ျပန္လာေပးပါ့မယ္.. ပိုင္႐ွင္သာခြင့္ျပဳမယ္ဆိုရင္ေပါ့လို႔ ဆိုထားပါတယ္။
ကားပိုင္႐ွင္ေျပာတာေတာ့ ျပန္ျပင္ရင္ အနည္းဆံုး ယြမ္ ၁၉ဝဝ​ကုန္မယ္တဲ့။ ဒါေပမယ့္ တမင္လုပ္တာလည္းမဟုတ္သလို၊ ထိုလူရဲ႕စိတ္ရင္းကိုသိရေတာ့ ပုိင္႐ွင္လည္း ခြင့္လႊတ္ေပးခဲ့တယ္။ Qinlong က လက္မခံဘူး။ သူလုပ္လိုက္တဲ့အမွားအတြက္ တစ္ခုုခုေတာ့ျပန္ေပးဆပ္ခ်င္တယ္လုိ႔ဆိုပါတယ္။

 

ပုိင္႐ွင္လည္း သူ႔စကားကိုၾကားေတာ့ သေဘာက်သြားျပီ။ ကၽြန္ေတာ့္ဆီမွာ ဝန္ထမ္းလိုေနတယ္.. ခင္ဗ်ားကူညီေပးရင္သိပ္ေကာင္းမွာပဲဆိုျပီး သူ႔ကိုအလုပ္ခန္႔ခဲ့တယ္။ သူ႔ရဲ႕႐ိုးသားမႈကုိ သေဘာက်လို႔ သူ႔ဆီမွာအလုပ္လုပ္ရင္း အေၾကြးျပန္ဆပ္ႏုိင္တယ္။ မိတ္ေဆြေတြလို ေနရေအာင္လ္ို႔ ပိုင္႐ွင္ကေျပာပါတယ္။
Credit: buzzy.com.mm
..
Unicode
တစ်ချို့သူတွေအတွက် ကားက အရမ်းတန်ဖိုးရှိတယ်။ ဇိမ်ခံကားပိုင်ရှင်တွေဆို ပိုပြီးတော့တောင် မကြာခဏ ဂရုစိုက်ရပါတယ်။ သူတို့ကားကို အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ တစ်ခုခုဖြစ်သွားရင် မလွယ်ဘူးလေ။ နည်းနည်းလေးပြင်တာတောင် ဒေါ်လာပေါင်းများစွာကုန်ကျနေတော့ ကားတစ်ခုခုဖြစ်မှာကို သူတို့လည်း စိုးရိမ်တာပေါ့။
ကိုယ့်တာဝန် ကိုaယ်မယူပဲပတ်ရှောင်ချင်နေကြတဲ့လူတွေများတဲ့ ဒီလိုခေတ်ကြီးထဲမှာ ဒီလူကတော့ BMW ကားကြီးကို မတော်တဆခြစ်မိသွားပေမယ့် ပိုင်ရှင်မရှိဘူးဆိုပြီး သူထွက်မပြေးခဲ့ပါဘူး။ ပိုင်ရှင်ကို စာတစ်စောင်နဲ့ပြန်တောင်းပန်ခဲ့ပါတယ်။

ထိုကားပေါ်မှာ သူ့ရဲ့တောင်းပန်စာလေးကိုတင်ထားခဲ့တယ်။ သူ့ရဲ့စာထဲမှာ … ကားကို မတော်တဆခြစ်မိတဲ့အတွက် တောင်းပန်ပါတယ်။သူမရည်ရွယ်ပဲဖြစ်သွားတာမို့လို့ ခွင့်လွှတ်ပေးဖို့နဲ့ အခုချိန်မှာ သူအလုပ်မရှိတဲ့အတွက် မိသားစုရေးကလည်း အဆင်မပြေကြောင်း၊ သူ့မှာအခုလောလောဆယ် ယွမ် ၁ဝဝပဲရှိကြောင်းရေးထားပါတယ်။ ဒါပေမယ့် လအနည်းငယ်ကြာရင် ကျသင့်ငွေကို သင်ပြန်လာပေးပါ့မယ်.. ပိုင်ရှင်သာခွင့်ပြုမယ်ဆိုရင်ပေါ့လို့ ဆိုထားပါတယ်။
ကားပိုင်ရှင်ပြောတာတော့ ပြန်ပြင်ရင် အနည်းဆုံး ယွမ် ၁၉ဝဝ​ကုန်မယ်တဲ့။ ဒါပေမယ့် တမင်လုပ်တာလည်းမဟုတ်သလို၊ ထိုလူရဲ့စိတ်ရင်းကိုသိရတော့ ပိုင်ရှင်လည်း ခွင့်လွှတ်ပေးခဲ့တယ်။ Qinlong က လက်မခံဘူး။ သူလုပ်လိုက်တဲ့အမှားအတွက် တစ်ခုုခုတော့ပြန်ပေးဆပ်ချင်တယ်လို့ဆိုပါတယ်။
ပိုင်ရှင်လည်း သူ့စကားကိုကြားတော့ သဘောကျသွားပြီ။ ကျွန်တော့်ဆီမှာ ဝန်ထမ်းလိုနေတယ်.. ခင်ဗျားကူညီပေးရင်သိပ်ကောင်းမှာပဲဆိုပြီး သူ့ကိုအလုပ်ခန့်ခဲ့တယ်။ သူ့ရဲ့ရိုးသားမှုကို သဘောကျလို့ သူ့ဆီမှာအလုပ်လုပ်ရင်း အကြွေးပြန်ဆပ်နိုင်တယ်။ မိတ်ဆွေတွေလို နေရအောင်လ်ို့ ပိုင်ရှင်ကပြောပါတယ်။
Credit: buzzy.com.mm