ဇနီးဖြစ်သူ တေးချစ်သူရဲ့ အလှအပကို မြင်သွားပြီး ကြော်ငြာကမ်းလှမ်းခံရတယ် ဆိုတဲ့မြန်မာပြည်သိန်းတန်

အနုပညာရပ်ဝန်း

ဖေ့စ်ဘွက်ဆယ်လီတစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်ကတော့ ဇနီးဖြစ်သူ တေးချစ်သူရဲ့ အလှအပကို မြင်သွားပြီး ကြော်ငြာကမ်းလှမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

မြန်မာအိုင်ဒေါပြီးနောက်ပိုင်း ပိုမိုလူစိတ်ဝင်စား ခံလာရပြီး သူတို့စုံတွဲက ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ကားကြီးများနှင့် ကြော်ငြာများရိုက်လာရတာ ဖြစ်ပါတယ်။

 

ဒီနေ့ (ဒီဇင်ဘာလ ၁၃ ရက်) မှာတော့ ဘောပင်ကြော်ငြာတစ်ခု ရိုက်ဖြစ်တဲ့အကြောင်း အလင်းတန်း ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေထားတာ တွေ့ရပါတယ်။

“တေးချစ်သူကိုလည်း အတင်းပါဝင်ပြီးတော့ ရိုက်ပေးပါဆိုပြီး မေတ္တာရပ်ခံတယ်ကွယ်။တေးချစ်သူရဲ့ အလှအပကို တခါတည်း သူတို့က မြင်သွားပြီးတော့ သူတို့မှာ နှစ်သက်ကျေနပ်ပြီးတော့မှ ပါဝင်ရိုက်ကူးပေးပါဆိုပြီးတော့ မေတ္တာရပ်ခံတယ်ကွာ” လို့ ဦးသိန်းတန်က ပြောသည်။

ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းကလည်း “ဖက်ရှင် ကားကိုလည်း သူတို့က ကြည့်ပြီးပြီ။ အဲ့ထဲမှာ က တာလေးလည်း လှတယ်ပေါ့လေ၊ အန်တီကလည်း တအားလှတော့ ဒါလေးဆိုရင် ပိုပေါက်သွားမယ် ဆိုပြီးတော့ ပါခိုင်းလို့ ပါရတာ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

 

Photos©Nunandar Than

Credit to PannPwint