စပြန္ဆာနဲ႔ ရပ္တည္ေနတာမဟုတ္ဘူးလို႔ ျငင္းဆိုလိုက္တဲ့ ေဘဘီေမာင္

အနုပညာရပ္၀န္း

ZawGyiျဖင့္ဖတ္ရန္

တစ္ခ်ိန္က ခႏၶာကိုယ္အသားေပး႐ိုက္ကူးမႈမ်ားခဲ့သည့္ ေဘဘီေမာင္ က ယခုခ်ိန္ထိသူမ ရပ္တည္ေနျခင္းသည္ စပြန္ဆာျဖင့္ရပ္တည္ေနျခင္း မဟုတ္ဟု ျငင္းဆိုလိုက္သည္။

“ညီမအရင္တုန္းက မီဒီယာေတြမွာ အခုလိုမ်ိဳးပြင့္ပြင့္လင္းလင္း မေမးခဲ့တဲ့ အတြက္ မေျဖခဲ့ရဘူး။ ညီမက ငယ္ငယ္ကတည္းက ကိုယ့္ဘာသာကိုယ္ ရွာေဖြခဲ့ၿပီး ရပ္တည္ေနခဲ့သူပါ။ မိဘကို ႏွစ္တန္းသုံးတန္း အ႐ြယ္ကတည္းက ရွာေဖြေကြၽးေမြးခဲ့သူပါ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ညီမေဈးေရာင္းတယ္။ ဒီလိုေျဖတာက ညီမ ေျဖရဲလို႔ ေျဖတာပါပဲ။ မလုံတဲ့သူဆိုရင္ မေျဖရဲဘူးေလ။ ညီမ ကိုယ္ခ်စ္တဲ့သူနဲ႔ပဲ ပတ္သက္ခ်င္တယ္။ ကိုယ္ မခ်စ္ခင္ မႏွစ္သက္တဲ့သူနဲ႔ မပတ္သက္ခ်င္ပါဘူး။ ပတ္သက္မွာလည္းမဟုတ္ပါဘူး။

ဟုတ္တယ္။ စပြန္ဆာေပးဖို႔ လာေျပာၾကတာရွိပါတယ္။ ဘယ္လို ထုတ္လုပ္႐ိုက္ကူးေပးမွာေတြက အစေပါ့။ ေနာက္ ဘယ္လို ပံ့ပိုးေပမယ္က အစ ေျပာလာၾကတယ္။ ဒါေပမဲ့ ညီမ မခ်စ္တဲ့သူနဲ႔ မပတ္သက္ခ်င္ဘူး။ ညီမသာ အဲအခ်ိန္ကတည္း စပြန္ဆာ ယူခဲ့မယ္ဆိုရင္ အခုစီးေနတဲ့ကားထက္ အဆေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ကားကို စီးမွာေပါ့။ ေနာက္ ေက်ာက္ေျမာင္း၊ သီတာလမ္း၊ အိမ္နံပါတ္ ၂၇ လို ေနရာမ်ိဳးမွာ ေနမလား။ စဥ္းစားေနာ္။ ဒီေန႔ထိ ညီမမွာ ဘာမွမရွိဘူး။ Brand ဆိုတဲ့ပစၥည္းေတြလည္း ညီမ မကိုင္ဘူး။ သူမ်ားမိသားစု ၿပိဳကြဲၿပီး ကိုယ္က ခံစား စံစားေနရတဲ့အလုပ္မ်ိဳးလည္း မလုပ္ခ်င္ပါဘူူး။ ညီမ သ႐ုပ္ေဆာင္အလုပ္ကိုပဲ ေသခ်ာလုပ္ခ်င္တဲ့သူပါ။ ကိုယ့္စီပြားေရး ကိုယ္ရွာစားၿပီး ဘဝကို ႐ိုး႐ိုးသားနဲ႔ ရပ္တည္ေနတဲ့ မိန္းမတစ္ေယာက္ပါ။ ညီမသာ ထားခဲ့မယ္ဆိုရင္ အခုခ်ိန္မွာ နံပါတ္တစ္ျဖစ္ေနၿပီ”ဟုေျပာသည္။

အမ်ိဳးသားမ်ား အားေပးမႈမ်ားခဲ့သည့္ ေဘဘီေမာင္၏ sexy ဆန္ဆန္ ဓာတ္ပုံမ်ားသည္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ နာမည္ႀကီးခဲ့သူျဖစ္ခဲ့ၿပီး ယခုေနာက္ပိုင္းတြင္ သူမအေနျဖင့္ ျမန္မာဆန္ဆန္ ဝတ္စုံမ်ားကို ေျပာင္းလဲဝတ္ဆင္ခဲ့ ခ်ိန္တြင္လည္း အမ်ိဳးသားပရိသတ္မ်ားသာမက အမ်ိဳးသမီးပရိသတ္မ်ားလည္း ပိုမိုအားေပးလာၾကသည္။ ေဘဘီေမာင္သည္ ဂြၽန္လြင္၏ ေမာ္ဒယ္သင္တန္းကို တက္ေရာက္ခဲ့ၿပီးသည့္ေနာက္ပိုင္းတြင္ sexy ပုံ ႐ိုက္ကူးမႈျဖင့္ လူသိမ်ားလာၿပီး ယခုအခ်ိန္တြင္ အရာအားလုံး ေျပာင္းလဲသြားၿပီး လက္ရွိတြင္ ဗီဒီယို႐ုပ္ရွင္ဇာတ္ကားမ်ားစြာကို လက္ခံ႐ိုက္ကူးေနသူျဖစ္သည္။

Source: Shwe Myanmar

Photo: Baby Maung FB

Share From:Hla Taw Thar

Unicodeဖြင့်ဖတ်ရန်

စပွန်ဆာနဲ့ ရပ်တည်နေတာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ဘေဘီမောင်

တစ်ချိန်က ခန္ဓာကိုယ်အသားပေးရိုက်ကူးမှုများခဲ့သည့် ဘေဘီမောင်က ယခုချိန်ထိသူမ ရပ်တည်နေခြင်းသည် စပွန်ဆာဖြင့်ရပ်တည်နေခြင်း မဟုတ်ဟု ငြင်းဆိုလိုက်သည်။

“ညီမအရင်တုန်းက မီဒီယာတွေမှာ အခုလိုမျိုးပွင့်ပွင့်လင်းလင်း မမေးခဲ့တဲ့ အတွက် မဖြေခဲ့ရဘူး။ ညီမက ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် ရှာဖွေခဲ့ပြီး ရပ်တည်နေခဲ့သူပါ။ မိဘကို နှစ်တန်းသုံးတန်း အရွယ်ကတည်းက ရှာဖွေကျွေးမွေးခဲ့သူပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညီမဈေးရောင်းတယ်။ ဒီလိုဖြေတာက ညီမ ဖြေရဲလို့ ဖြေတာပါပဲ။ မလုံတဲ့သူဆိုရင် မဖြေရဲဘူးလေ။ ညီမ ကိုယ်ချစ်တဲ့သူနဲ့ပဲ ပတ်သက်ချင်တယ်။ ကိုယ် မချစ်ခင် မနှစ်သက်တဲ့သူနဲ့ မပတ်သက်ချင်ပါဘူး။ ပတ်သက်မှာလည်းမဟုတ်ပါဘူး။

ဟုတ်တယ်။ စပွန်ဆာပေးဖို့ လာပြောကြတာရှိပါတယ်။ ဘယ်လို ထုတ်လုပ်ရိုက်ကူးပေးမှာတွေက အစပေါ့။ နောက် ဘယ်လို ပံ့ပိုးပေမယ်က အစ ပြောလာကြတယ်။ ဒါပေမဲ့ ညီမ မချစ်တဲ့သူနဲ့ မပတ်သက်ချင်ဘူး။ ညီမသာ အဲအချိန်ကတည်း စပွန်ဆာ ယူခဲ့မယ်ဆိုရင် အခုစီးနေတဲ့ကားထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ကားကို စီးမှာပေါ့။ နောက် ကျောက်မြောင်း၊ သီတာလမ်း၊ အိမ်နံပါတ် ၂၇ လို နေရာမျိုးမှာ နေမလား။ စဉ်းစားနော်။ ဒီနေ့ထိ ညီမမှာ ဘာမှမရှိဘူး။ Brand ဆိုတဲ့ပစ္စည်းတွေလည်း ညီမ မကိုင်ဘူး။ သူများမိသားစု ပြိုကွဲပြီး ကိုယ်က ခံစား စံစားနေရတဲ့အလုပ်မျိုးလည်း မလုပ်ချင်ပါဘူူး။ ညီမ သရုပ်ဆောင်အလုပ်ကိုပဲ သေချာလုပ်ချင်တဲ့သူပါ။ ကိုယ့်စီပွားရေး ကိုယ်ရှာစားပြီး ဘဝကို ရိုးရိုးသားနဲ့ ရပ်တည်နေတဲ့ မိန်းမတစ်ယောက်ပါ။ ညီမသာ ထားခဲ့မယ်ဆိုရင် အခုချိန်မှာ နံပါတ်တစ်ဖြစ်နေပြီ”ဟုပြောသည်။

အမျိုးသားများ အားပေးမှုများခဲ့သည့် ဘေဘီမောင်၏ sexy ဆန်ဆန် ဓာတ်ပုံများသည် လူမှုကွန်ရက်စာမျက်နှာများထက်တွင် နာမည်ကြီးခဲ့သူဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင် သူမအနေဖြင့် မြန်မာဆန်ဆန် ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ခဲ့ ချိန်တွင်လည်း အမျိုးသားပရိသတ်များသာမက အမျိုးသမီးပရိသတ်များလည်း ပိုမိုအားပေးလာကြသည်။ ဘေဘီမောင်သည် ဂျွန်လွင်၏ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် sexy ပုံ ရိုက်ကူးမှုဖြင့် လူသိများလာပြီး ယခုအချိန်တွင် အရာအားလုံး ပြောင်းလဲသွားပြီး လက်ရှိတွင် ဗီဒီယိုရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးနေသူဖြစ်သည်။

Source: Shwe Myanmar

Photo: Baby Maung FB

Share From:Hla Taw Thar