လူကြမ်းမင်းသားဖြစ်ဖို့ သူများစားပြီးသား အကြွင်းအကျန်တွေစားပြီး ဘ၀ကိုခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့အောင်ခိုင်

အနုပညာရပ်ဝန်း

လူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင်ဟာမကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ သဘောသဘာဝအတိုင်းဖြစ်တဲ့ အားပေးမှုအရ လူကြမ်းမင်းသားတွေဟာ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ရပ်တည်ဖို့အင်မတန်မှခက်ခဲလှပါတယ်။

 

ဦးအောင်ခိုင်ဟာ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ကို အလုပ်လာလုပ်ရာမှ ဦးကျော်ဟိန်းနဲ့ အန်တီခင်သန်းနုတို့ရဲ့ နှုတ်မဆက်နဲ့ အချစ်ရယ် ဆိုတဲ့ဇာတ်ကားလေးမှာ တစ်ခန်းစ နှစ်ခန်းစ ဇာတ်ကားလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့အချိန်မှာ ကုသိုလ်ကံမကောင်းခဲ့ဘဲ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

“ဆရာဒါရိုက်တာ ဦးအောင်မြင့်မြတ်နဲ့ဆက်သွယ်မိပြီး ဆရာ့အိမ်မှာ ကျရာကျပန်းအလုပ်အကုန်လုပ်ပေးတယ် ရှူတင်မှာမီးလုံးထမ်းဆိုလည်း ထမ်းတယ် မှန်ထိုးဆိုလည်း ထိုးတယ် သူများစားတဲ့ထမင်းချပေးဆိုလည်းချပေးတယ် သူများစားပြီးသားပန်းကန်ဆေးဆိုလည်း ဆေးပေးတယ် နောက်ဆုံးဘယ်လောက်ထိတောင်မှ အဲ့ဒီအချိန်မှာ ဆင်းရဲဒုက္ခရောက်ခဲ့လဲဆိုရင် အရင်တုန်းကဦးအောင်ခိုင် ရှုတင်ထွက်လို့ရှိရင် ဒီလို Express တွေမရှိဖူး doddge ကားတွေနဲ့ပဲသွားကြရတာ အဲ့ကားပေါ်မှာ ဦးအောင်ခိုင်အတွက် ထိုင်စရာနေရာလည်းမရှိဖူး ရှိလည်းမပေးဖူး အခုတော့အဲ့ဒီလူလည်းမရှိတော့ပါဖူး ဆုံးသွားပါပြီ အဲ့ဒီကားရဲ့နောက်က သံကိုင်းကြီးမှာ ပုဆိုးကိုချည်ပြီးတော့ ရန်ကုန် မန္တလေးဆိုတဲ့အသွားအပြန် မိုင်(၄၀၀) ကိုအဲ့လိုစီးပြီးတော့ ဒုက္ခခံခဲ့ရတာ”

“တခါတရံမှာသူများတကာထမင်းစားပြီးတော့မှ ကျန်တဲ့အကြွင်းအကျန်နဲ့ စားရတာမျိုးတွေလည်းဘယ်သူမှမသိဘဲနဲ့ ရှိခဲ့ဖူးတယ် ဒါပေမယ့်ကိုယ်က လုပ်ချင်စိတ်တခုတည်းနဲ့ ဒီလောကထဲကိုရောက်လာရတာဖြစ်တဲ့အတွက် တချိန်ချိန်မှာ ဒါတွေကို အားအဖြစ်သုံးရမယ်ဆိုတာလည်း ကိုယ့်ဘာသာသဘောပေါက်တယ်” ဆိုပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။

Source-Media 7

Photos-Aung Khine(Facebook)