နာလိုက္တာ အေမရယ္

ၾကားသိရသမ်ွ

လူ႔အခႊင္ေရးေကာ္မရွင္တစ္ဖြဲ႕လံုး ႏူတ္ထြက္သြားေစရတဲ႔အထိ ဟိုးေလးတစ္ေက်ာ္ေက်ာ္ ျဖစ္ခဲ႔တဲ႔ အင္းဝ အပ္ခ်ဳပ္ဆိုင္ကိစၥကို ခင္ဗ်ားတို႔တစ္ေတြေမ့ကုန္ၾကျပီမို႔လား အဲ႔အခ်ိန္က စာေရးဆရာသြန္းေနစိုး ေရးခဲ႔တဲ႔စာေလးကို ႏွလံုးသားနဲ႔ခံစားျပီး သူ႔တို႔ေနရာမွာ ငါ့သၼီးေလး ငါ့ညီမေလး ငါ့တူမေလးဆိုတဲ႔ စိတ္နဲ႔ကိုယ္ခ်င္စာနာ ေပးခ်င္ျဖင့္ သတိျပန္လည္ရၾကပါေစ

နာလိုက္တာ အေမရယ္
===============

သၼီးက ဘယ္သိမွာလဲ…..?
အိမ္အကူလုပ္ဖို႔တဲ႔
လခ တစ္ေသာင္းခြဲတဲ႔
စရိတ္ျငိမ္း ထၼင္းလည္းစားရမယ္ဆိုေတာ့
ရႊာမွာထၼင္းငတ္ေနတဲ႔အျဖစ္ၾကီးက
လြတ္ျပီ ။

ျမိဳ႕လည္ေခါင္မွာေနရမွာတဲ႔
တိုက္ၾကီးတာၾကီးမွာ
မီးမရွိတဲ႔ သၼီးတို႔ အိမ္ကေလးထက္ေတာ့
သာမွာေပါ့ေနာ္။

ဓနိမိုးနဲ႔ထရံကာ
အိမ္ဦးခန္းမွာ
ဘုရားစင္ကေလး တစ္စင္ရယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုကေလးရယ္။
ဒါပဲသၼီးတို႔အိမ္မွာရွိတယ္။

ဒါနဲ႔ပဲ အင္းဝအမည္တြင္တဲ႔
ငရဲခန္းဆီေရာက္သြားေတာ့
သၼီးအသက္က ဆယ့္တစ္ႏွစ္။

သူတို႔က အပ္ခ်ဳပ္ၾကတာ။
ဒါေပမယ့္ သၼီးတို႔ ဘဝေတြကိုပါ ခ်ဳပ္ခဲ႔တယ္။
သူတို႔ဆီမွာ အဘေတြ လာခ်ဳပ္တယ္။
လူၾကီးလူေကာင္းေတြ လာခ်ဳပ္တယ္။
ဒါေပမယ့္ သၼီးတို႔ ဘဝေလးကို
ေစာင္းငဲ႔လို႔မွ ၾကည့္မသြားၾကပါဘူး။

ငရဲဆိုတာ ေသျပီးမွက်တာလို႔
ဘယ္သူကေျပာသလဲ…..?
လူသားဟာ တိရိစၧာန္ထက္ ျမင့္တယ္လို႔
ဘယ္သူက ေျပာသလဲ…?

သၼီးလက္ေတြကို လွန္ခ်ိဳးတယ္။
လက္ေခ်ာင္းကေလးေတြ
တစ္ေခ်ာင္းခ်င္း တစ္ေခ်ာင္းခ်င္း
ေနာက္ျပန္လွန္ျပီး က်ိဳးတဲ႔အထိ
အား… အမယ္ေလး
နာလိုက္တာ အေမရယ္
အား…နာက်င္မႈ႕ဟာ
အသည္းထဲကလာတယ္။

ဒါေပမယ့္ သၼီးမငိုရဘူး
အသံထြက္ရင္ သတ္ပစ္မယ္တဲ႔။

အား……အား…အား…
သၼီးလက္ေတြ သၼီးရဲ႕ လက္ကေလးေတြ
လက္ေခ်ာင္းျဖဴျဖဴေလးေတြ က်ိဳးသြားတဲ႔အထိ
ေနာက္လွန္ခ်ိဳးတာကို
သၼီးအံၾကိတ္ေအာင့္ခံေနရတယ္။

အသံမထြက္ရဲလို႔ ႏူတ္ခမ္းကို
သြားနဲ႔တင္းတင္းကိုက္ထားတယ္
ႏူတ္ခမ္းေတြကေန ေသြးေတြစီးက်
သၼီးမ်က္လံုးထဲမွာျပာႏွမ္း
ဘာကိုမွ မျမင္ေတာ့ဘူး
အသည္းခိုက္တဲ႔
အဆံုးစြန္ နာက်င္မႈ႕ကလြဲလို႔
သၼီး ဘာကိုမွ မခံစားရေတာ့ဘူ

ေမေမေရ သၼီးကယ္ပါ။
ဘုရားရွင္ သၼီးတို႕ကိုကယ္ပါ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက
လြတ္လပ္ေရးယူေပးခဲ႔ေပမယ့္
သၼီးတို႔ ခုထိ ကြ်န္ျဖစ္ေနဆဲပါ

ကြ်န္မွ အဆိုးဆံုးကြ်န္
သံု႔ပန္းလို႔ကြ်န္
ေခြးလိုႏြားလိုကြ်န္
ေခြးထပ္ႏြားထပ္ဆိုးတဲ႔ကြ်န္

ထၼင္းအသိုးေတြ သၼီးတို႔ကို
ေကြ်းတယ္။
ပ်ိဳ႕တက္ခ်င္လာတဲ႔ စိတ္ကိုထိန္းရင္း
ခ်ဥ္စုတ္စုတ္ ပုတ္အဲ႔အဲ႔ေတြကို
ၾကိတ္မွိတ္မ်ိဳခ်ခဲ႔ရ။
အန္ခ်မိရင္ သူတို႔က ရုိက္ဦးမွာ။

လခ လံုးဝမရတာ ငါးႏွစ္ေက်ာ္
ထြက္ေျပးရင္ သူခိုးလို႔
အခ်ဳပ္ထဲ ဖမ္းထည့္မတဲ႔။ဟုတ္မွာ
ရဲေတြကို သူတို႔က ပိုင္တယ္ေလ။

အသားျဖဴျဖဴ ခပ္ေခ်ာေခ်ာ
ကုလားမင္းသားနဲ႔တူတဲ႔ အကိုက
သၼီးကို ခ်ဳပ္ထားတယ္။
သူ႕မိန္းမက မ်က္ႏွာကို မီးနဲ႔ျမိွဳက္တယ္။
အဲ႔အကိုက ပရဟိတ အက်ိဳးေဆာင္သတဲ႔
အမႈိက္ေတြေကာက္ျပခဲ႔ေသးတယ္။

လမ္းကိုသန္႔စင္ေပးဖို႔
သူနားလည္ေပမယ့္
သၼီးတို႔ဘဝေတြ သန္႕စင္ဖို႕
သူသိတက္ပံုမရ။

သၼီးေျခေထာက္ေတြ
သၼီးလက္ေတြ
တစ္ခုမွ အေကာင္းပကတိ မရွိေတာ့။

နာလိုက္တာအေမရယ္
အား…အမယ္ေလးေလး
အသည္းခိုက္မတက္
ရက္ရက္စက္စက္ နာပါတယ္။
ေခြ်းေတြ တစ္ကိုယ္လံုးပ်ံတက္လာ
ေသြးထဲလႈိက္တဲ႔နာက်င္မႈ႕ဟာ
တဆတ္ဆတ္ ခႏၶာကိုယ္အႏွံ႔တုန္ခါတယ္

သၼီးတို႔ကို အကိုၾကီးတစ္ေယာက္က
ဓာတ္ပံုရုိက္သြားတယ္။
ျပီးေတာ့ဘာမွ ဆက္မျဖစ္ဘူး
ေနာက္သံုးလ ၾကာသြားတယ္။
တစ္ရက္ကို ငရဲတစ္ကမ႓ာဆိုရင္
သၼီးတို႔ ငရဲမွာ ေနာက္ထပ္
ကမ႓ာကိုးရာ ၾကာခဲ႔ရေပါ့။

ကူညီပါရေစကသၼီးတို႔ကို
ငရဲမွာ
ေနာက္ထပ္ကမ႓ာကိုးရာၾကာေအာင္
ဆက္ထားတယ္။

လူ႕အခႊင့္ေရးေကာ္မရွင္က
သၼီးတို႔ကို ငရဲမွာ
ေနာက္ထပ္ကမ႓ာကိုးရာၾကာေအာင္
ဆက္ထားတယ္။

ေက်ာက္တံတားရဲစခန္းမွာျဖစ္ျဖစ္
လူ႕အခႊင္ေရးေကာ္မရွင္မွာျဖစ္ျဖစ္
သၼီးတို႔ ဘဝေတြဟာ
ဒီထပ္ပိုေကာင္းးလိမ့္မယ္လို႔ မထင္ဘူး။

အိမ္ေဖာ္ဆုိတာ ရုိက္ရတာပဲလို႔
လူ႔အခႊင့္ေရးေကာ္မရွင္ၾကီးက ေျပာသတဲ႔။

တစ္ခုခုတည္း သၼီးသိတာက
လက္ေခ်ာင္းေလးေတြ တစ္ေခ်ာင္းစီ
မက်ိဳးမခ်င္း
ေနာက္လွန္အခ်ိဳးခံရတာ သိပ္နာတယ္
တံေတာင္ဆစ္ကေန ေဖ်ာင္းကနဲ
အခ်ိဳးခံရတာ သိပ္နာတယ္။

အသားေတြအရွင္လတ္လတ္
ဓားနဲ႔အမႊမ္းခံရတာ သိပ္နာတယ္။

အသားဖတ္ေလးေတြ
ကြာသြားတာၾကည့္ရင္း
ေသြးေတြစီးက်လာတာၾကည့္ရင္
တအိအိသၼီးငိုခဲ႔ရ။
နာလိုက္တာ ဆိုးလိုက္တာ။

သၼီးမ်က္ႏွာေပၚက
အသားေညွာ္နံ႕က ခုထိမႊန္ထူဆဲ။
ဓားနဲ႔အလွီးခံရတဲ႔
သၼီးႏွာေခါင္းက အခုထိ နာက်င္ဆဲ။

အား…အမယ္ေလး ေလး
နာလိုက္တာ အေမရယ္

Credit to ဆရာသြန္းေနစိုး

Photo : ကိုနစ္ကီ

Unicode ျဖင့္ဖတ္ရန္

လူ့အခွှင်ရေးကော်မရှင်တစ်ဖွဲ့လုံး နူတ်ထွက်သွားစေရတဲ့အထိ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်ကိစ္စကို ခင်ဗျားတို့တစ်တွေမေ့ကုန်ကြပြီမို့လား အဲ့အချိန်က စာရေးဆရာသွန်းနေစိုး ရေးခဲ့တဲ့စာလေးကို နှလုံးသားနဲ့ခံစားပြီး သူ့တို့နေရာမှာ ငါ့သ္မီးလေး ငါ့ညီမလေး ငါ့တူမလေးဆိုတဲ့ စိတ်နဲ့ကိုယ်ချင်စာနာ ပေးချင်ဖြင့် သတိပြန်လည်ရကြပါစေ

နာလိုက်တာ အမေရယ်
===============

သ္မီးက ဘယ်သိမှာလဲ…..?
အိမ်အကူလုပ်ဖို့တဲ့
လခ တစ်သောင်းခွဲတဲ့
စရိတ်ငြိမ်း ထ္မင်းလည်းစားရမယ်ဆိုတော့
ရွှာမှာထ္မင်းငတ်နေတဲ့အဖြစ်ကြီးက
လွတ်ပြီ ။

မြို့လည်ခေါင်မှာနေရမှာတဲ့
တိုက်ကြီးတာကြီးမှာ
မီးမရှိတဲ့ သ္မီးတို့ အိမ်ကလေးထက်တော့
သာမှာပေါ့နော်။

ဓနိမိုးနဲ့ထရံကာ
အိမ်ဦးခန်းမှာ
ဘုရားစင်ကလေး တစ်စင်ရယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံကလေးရယ်။
ဒါပဲသ္မီးတို့အိမ်မှာရှိတယ်။

ဒါနဲ့ပဲ အင်းဝအမည်တွင်တဲ့
ငရဲခန်းဆီရောက်သွားတော့
သ္မီးအသက်က ဆယ့်တစ်နှစ်။

သူတို့က အပ်ချုပ်ကြတာ။
ဒါပေမယ့် သ္မီးတို့ ဘဝတွေကိုပါ ချုပ်ခဲ့တယ်။
သူတို့ဆီမှာ အဘတွေ လာချုပ်တယ်။
လူကြီးလူကောင်းတွေ လာချုပ်တယ်။
ဒါပေမယ့် သ္မီးတို့ ဘဝလေးကို
စောင်းငဲ့လို့မှ ကြည့်မသွားကြပါဘူး။

ငရဲဆိုတာ သေပြီးမှကျတာလို့
ဘယ်သူကပြောသလဲ…..?
လူသားဟာ တိရိစ္ဆာန်ထက် မြင့်တယ်လို့
ဘယ်သူက ပြောသလဲ…?

သ္မီးလက်တွေကို လှန်ချိုးတယ်။
လက်ချောင်းကလေးတွေ
တစ်ချောင်းချင်း တစ်ချောင်းချင်း
နောက်ပြန်လှန်ပြီး ကျိုးတဲ့အထိ
အား… အမယ်လေး
နာလိုက်တာ အမေရယ်
အား…နာကျင်မှု့ဟာ
အသည်းထဲကလာတယ်။

ဒါပေမယ့် သ္မီးမငိုရဘူး
အသံထွက်ရင် သတ်ပစ်မယ်တဲ့။

အား……အား…အား…
သ္မီးလက်တွေ သ္မီးရဲ့ လက်ကလေးတွေ
လက်ချောင်းဖြူဖြူလေးတွေ ကျိုးသွားတဲ့အထိ
နောက်လှန်ချိုးတာကို
သ္မီးအံကြိတ်အောင့်ခံနေရတယ်။

အသံမထွက်ရဲလို့ နူတ်ခမ်းကို
သွားနဲ့တင်းတင်းကိုက်ထားတယ်
နူတ်ခမ်းတွေကနေ သွေးတွေစီးကျ
သ္မီးမျက်လုံးထဲမှာပြာနှမ်း
ဘာကိုမှ မမြင်တော့ဘူး
အသည်းခိုက်တဲ့
အဆုံးစွန် နာကျင်မှု့ကလွဲလို့
သ္မီး ဘာကိုမှ မခံစားရတော့ဘူ

မေမေရေ သ္မီးကယ်ပါ။
ဘုရားရှင် သ္မီးတို့ကိုကယ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းက
လွတ်လပ်ရေးယူပေးခဲ့ပေမယ့်
သ္မီးတို့ ခုထိ ကျွန်ဖြစ်နေဆဲပါ

ကျွန်မှ အဆိုးဆုံးကျွန်
သုံ့ပန်းလို့ကျွန်
ခွေးလိုနွားလိုကျွန်
ခွေးထပ်နွားထပ်ဆိုးတဲ့ကျွန်

ထ္မင်းအသိုးတွေ သ္မီးတို့ကို
ကျွေးတယ်။
ပျို့တက်ချင်လာတဲ့ စိတ်ကိုထိန်းရင်း
ချဉ်စုတ်စုတ် ပုတ်အဲ့အဲ့တွေကို
ကြိတ်မှိတ်မျိုချခဲ့ရ။
အန်ချမိရင် သူတို့က ရိုက်ဦးမှာ။

လခ လုံးဝမရတာ ငါးနှစ်ကျော်
ထွက်ပြေးရင် သူခိုးလို့
အချုပ်ထဲ ဖမ်းထည့်မတဲ့။ဟုတ်မှာ
ရဲတွေကို သူတို့က ပိုင်တယ်လေ။

အသားဖြူဖြူ ခပ်ချောချော
ကုလားမင်းသားနဲ့တူတဲ့ အကိုက
သ္မီးကို ချုပ်ထားတယ်။
သူ့မိန်းမက မျက်နှာကို မီးနဲ့မြှိုက်တယ်။
အဲ့အကိုက ပရဟိတ အကျိုးဆောင်သတဲ့
အမှိုက်တွေကောက်ပြခဲ့သေးတယ်။

လမ်းကိုသန့်စင်ပေးဖို့
သူနားလည်ပေမယ့်
သ္မီးတို့ဘဝတွေ သန့်စင်ဖို့
သူသိတက်ပုံမရ။

သ္မီးခြေထောက်တွေ
သ္မီးလက်တွေ
တစ်ခုမှ အကောင်းပကတိ မရှိတော့။

နာလိုက်တာအမေရယ်
အား…အမယ်လေးလေး
အသည်းခိုက်မတက်
ရက်ရက်စက်စက် နာပါတယ်။
ချွေးတွေ တစ်ကိုယ်လုံးပျံတက်လာ
သွေးထဲလှိုက်တဲ့နာကျင်မှု့ဟာ
တဆတ်ဆတ် ခန္ဓာကိုယ်အနှံ့တုန်ခါတယ်

သ္မီးတို့ကို အကိုကြီးတစ်ယောက်က
ဓာတ်ပုံရိုက်သွားတယ်။
ပြီးတော့ဘာမှ ဆက်မဖြစ်ဘူး
နောက်သုံးလ ကြာသွားတယ်။
တစ်ရက်ကို ငရဲတစ်ကမ္ဘာဆိုရင်
သ္မီးတို့ ငရဲမှာ နောက်ထပ်
ကမ္ဘာကိုးရာ ကြာခဲ့ရပေါ့။

ကူညီပါရစေကသ္မီးတို့ကို
ငရဲမှာ
နောက်ထပ်ကမ္ဘာကိုးရာကြာအောင်
ဆက်ထားတယ်။

လူ့အခွှင့်ရေးကော်မရှင်က
သ္မီးတို့ကို ငရဲမှာ
နောက်ထပ်ကမ္ဘာကိုးရာကြာအောင်
ဆက်ထားတယ်။

ကျောက်တံတားရဲစခန်းမှာဖြစ်ဖြစ်
လူ့အခွှင်ရေးကော်မရှင်မှာဖြစ်ဖြစ်
သ္မီးတို့ ဘဝတွေဟာ
ဒီထပ်ပိုကောင်းးလိမ့်မယ်လို့ မထင်ဘူး။

အိမ်ဖော်ဆိုတာ ရိုက်ရတာပဲလို့
လူ့အခွှင့်ရေးကော်မရှင်ကြီးက ပြောသတဲ့။

တစ်ခုခုတည်း သ္မီးသိတာက
လက်ချောင်းလေးတွေ တစ်ချောင်းစီ
မကျိုးမချင်း
နောက်လှန်အချိုးခံရတာ သိပ်နာတယ်
တံတောင်ဆစ်ကနေ ဖျောင်းကနဲ
အချိုးခံရတာ သိပ်နာတယ်။

အသားတွေအရှင်လတ်လတ်
ဓားနဲ့အမွှမ်းခံရတာ သိပ်နာတယ်။

အသားဖတ်လေးတွေ
ကွာသွားတာကြည့်ရင်း
သွေးတွေစီးကျလာတာကြည့်ရင်
တအိအိသ္မီးငိုခဲ့ရ။
နာလိုက်တာ ဆိုးလိုက်တာ။

သ္မီးမျက်နှာပေါ်က
အသားညှော်နံ့က ခုထိမွှန်ထူဆဲ။
ဓားနဲ့အလှီးခံရတဲ့
သ္မီးနှာခေါင်းက အခုထိ နာကျင်ဆဲ။

အား…အမယ်လေး လေး
နာလိုက်တာ အမေရယ်

Credit to ဆရာသွန်းနေစိုး

Photo : ကိုနစ်ကီ