လူကြမ်းမင်းသားဖြစ်ဖို့ သူများစားပြီးသား အကြွင်းအကျန်တွေစားပြီး ဘ၀ကိုခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့အောင်ခိုင်

လူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင်ဟာမကြာသေးခင်ကမှ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ သဘောသဘာဝအတိုင်းဖြစ်တဲ့ အားပေးမှုအရ လူကြမ်းမင်းသားတွေဟာ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ရပ်တည်ဖို့အင်မတန်မှခက်ခဲလှပါတယ်။   ဦးအောင်ခိုင်ဟာ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ကို အလုပ်လာလုပ်ရာမှ ဦးကျော်ဟိန်းနဲ့ အန်တီခင်သန်းနုတို့ရဲ့ နှုတ်မဆက်နဲ့ အချစ်ရယ် ဆိုတဲ့ဇာတ်ကားလေးမှာ တစ်ခန်းစ နှစ်ခန်းစ ဇာတ်ကားလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။   အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့အချိန်မှာ ကုသိုလ်ကံမကောင်းခဲ့ဘဲ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ “ဆရာဒါရိုက်တာ ဦးအောင်မြင့်မြတ်နဲ့ဆက်သွယ်မိပြီး ဆရာ့အိမ်မှာ ကျရာကျပန်းအလုပ်အကုန်လုပ်ပေးတယ် ရှူတင်မှာမီးလုံးထမ်းဆိုလည်း ထမ်းတယ် မှန်ထိုးဆိုလည်း ထိုးတယ် သူများစားတဲ့ထမင်းချပေးဆိုလည်းချပေးတယ် သူများစားပြီးသားပန်းကန်ဆေးဆိုလည်း ဆေးပေးတယ် နောက်ဆုံးဘယ်လောက်ထိတောင်မှ အဲ့ဒီအချိန်မှာ ဆင်းရဲဒုက္ခရောက်ခဲ့လဲဆိုရင် အရင်တုန်းကဦးအောင်ခိုင် ရှုတင်ထွက်လို့ရှိရင် ဒီလို Express တွေမရှိဖူး doddge ကားတွေနဲ့ပဲသွားကြရတာ အဲ့ကားပေါ်မှာ […]

Continue Reading

စပွန်ဆာနဲ့ ရပ်တည်နေတာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ဘေဘီမောင်

ZawGyiဖြင့်ဖတ်ရန် တစ်ချိန်က ခန္ဓာကိုယ်အသားပေးရိုက်ကူးမှုများခဲ့သည့် ဘေဘီမောင် က ယခုချိန်ထိသူမ ရပ်တည်နေခြင်းသည် စပွန်ဆာဖြင့်ရပ်တည်နေခြင်း မဟုတ်ဟု ငြင်းဆိုလိုက်သည်။ “ညီမအရင်တုန်းက မီဒီယာတွေမှာ အခုလိုမျိုးပွင့်ပွင့်လင်းလင်း မမေးခဲ့တဲ့ အတွက် မဖြေခဲ့ရဘူး။ ညီမက ငယ်ငယ်ကတည်းက ကိုယ့်ဘာသာကိုယ် ရှာဖွေခဲ့ပြီး ရပ်တည်နေခဲ့သူပါ။ မိဘကို နှစ်တန်းသုံးတန်း အရွယ်ကတည်းက ရှာဖွေကျွေးမွေးခဲ့သူပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညီမဈေးရောင်းတယ်။ ဒီလိုဖြေတာက ညီမ ဖြေရဲလို့ ဖြေတာပါပဲ။ မလုံတဲ့သူဆိုရင် မဖြေရဲဘူးလေ။ ညီမ ကိုယ်ချစ်တဲ့သူနဲ့ပဲ ပတ်သက်ချင်တယ်။ ကိုယ် မချစ်ခင် မနှစ်သက်တဲ့သူနဲ့ မပတ်သက်ချင်ပါဘူး။ ပတ်သက်မှာလည်းမဟုတ်ပါဘူး။ ဟုတ်တယ်။ စပွန်ဆာပေးဖို့ လာပြောကြတာရှိပါတယ်။ ဘယ်လို ထုတ်လုပ်ရိုက်ကူးပေးမှာတွေက အစပေါ့။ နောက် ဘယ်လို ပံ့ပိုးပေမယ်က အစ ပြောလာကြတယ်။ ဒါပေမဲ့ ညီမ မချစ်တဲ့သူနဲ့ […]

Continue Reading

ဇနီးဖြစ်သူ တေးချစ်သူရဲ့ အလှအပကို မြင်သွားပြီး ကြော်ငြာကမ်းလှမ်းခံရတယ် ဆိုတဲ့မြန်မာပြည်သိန်းတန်

ဖေ့စ်ဘွက်ဆယ်လီတစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်ကတော့ ဇနီးဖြစ်သူ တေးချစ်သူရဲ့ အလှအပကို မြင်သွားပြီး ကြော်ငြာကမ်းလှမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ မြန်မာအိုင်ဒေါပြီးနောက်ပိုင်း ပိုမိုလူစိတ်ဝင်စား ခံလာရပြီး သူတို့စုံတွဲက ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ကားကြီးများနှင့် ကြော်ငြာများရိုက်လာရတာ ဖြစ်ပါတယ်။   ဒီနေ့ (ဒီဇင်ဘာလ ၁၃ ရက်) မှာတော့ ဘောပင်ကြော်ငြာတစ်ခု ရိုက်ဖြစ်တဲ့အကြောင်း အလင်းတန်း ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေထားတာ တွေ့ရပါတယ်။ “တေးချစ်သူကိုလည်း အတင်းပါဝင်ပြီးတော့ ရိုက်ပေးပါဆိုပြီး မေတ္တာရပ်ခံတယ်ကွယ်။တေးချစ်သူရဲ့ အလှအပကို တခါတည်း သူတို့က မြင်သွားပြီးတော့ သူတို့မှာ နှစ်သက်ကျေနပ်ပြီးတော့မှ ပါဝင်ရိုက်ကူးပေးပါဆိုပြီးတော့ မေတ္တာရပ်ခံတယ်ကွာ” လို့ ဦးသိန်းတန်က ပြောသည်။ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းကလည်း “ဖက်ရှင် ကားကိုလည်း သူတို့က ကြည့်ပြီးပြီ။ အဲ့ထဲမှာ က တာလေးလည်း လှတယ်ပေါ့လေ၊ အန်တီကလည်း တအားလှတော့ […]

Continue Reading

ပရဟိတ ခေါင်းဆောင်တစ်ဦး အတွက် စိတ်မကောင်းဖြစ်နေရတဲ့ ဦးကျော်သူ

ပရဟိတနဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကတော့ နာရေးကူညီမှုအသင်းမှ ခေါင်းဆောင်တစ်ဦးအတွက် စိတ်မကောင်း ဖြစ်လို့ နေပါတယ်..။ နာရေးကူညီမှုအသင်းမှ ပရဟိတခေါင်းဆောင်တစ်ဦးဟာ ပရဟိတနာရေးကူညီမှုတစ်ခု လုပ်ဆောင်နေရင်း အပြန်မှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်သူက စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်..။ ကွယ်လွန်သူ တစ်ဦးကို ကာယကံရှင် မိသားစုရဲ့ ဆန္ဒအရ ညတွင်းချင်း ရန်ကုန်မှ မြန်အောင် (ဧရာဝတီ)ဖက်ကို ပို့ဆောင်ပေးပြီး ရန်ကုန်ကို အပြန် လမ်းတစ်နေရာမှာ ကားဘီးကွဲပြီး သစ်ပင်နဲ့ကား တိုက်မှု ဖြစ်ပွားကာ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်သူက စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။ ကွန်လွန်သူ ပရဟိတသမား ကိုတင်မောင်ထွန်း အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းနဲ့ မိသားစုနှင့် ထပ်တူ […]

Continue Reading

ဇာတ်ကားရိုက်ကူးမှုတွေကို ငြင်းဆန်ထားရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်တဲ့ ပန်းဖြူ

သရုပ်ဆောင်ပန်းဖြူက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ဂယက်တွေပါဟယ်’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ဖြိုးငွေစိုး၊ စမိုင်း၊ ကြည်လဲ့လဲ့ဦး၊ ခိုင်သင်းကြည်တို့နဲ့ အတူ ပါဝင်ရိုက်ကူးထားပါတယ်။ အနုပညာအလုပ်တွေကို ဆယ်နှစ် ကျော်လောက်ရပ်နားထားခဲ့တဲ့ ပန်းဖြူအတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး သရုပ်ဆောင်ချိန်မှာ အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။   ပန်းဖြူအနေနဲ့လည်း တစ်ခါမှမလုပ်ဖူးခဲ့တဲ့ ကာရိုက်တာ တစ်မျိုးနဲ့ပါဝင်ခဲ့ပုံကိုသရုပ်ဆောင်ပန်းဖြူက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘ဂယက်တွေပါဟယ်’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ဖြိုးငွေစိုး၊ စမိုင်း၊ ကြည်လဲ့လဲ့ဦး၊ ခိုင်သင်းကြည်တို့နဲ့ အတူ ပါဝင်ရိုက်ကူးထားပါတယ်။ အနုပညာအလုပ်တွေကို ဆယ်နှစ် ကျော်လောက်ရပ်နားထားခဲ့တဲ့ ပန်းဖြူအတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး သရုပ်ဆောင်ချိန်မှာ အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။ ပန်းဖြူအနေနဲ့လည်း တစ်ခါမှမလုပ်ဖူးခဲ့တဲ့ ကာရိုက်တာ တစ်မျိုးနဲ့ပါဝင်ခဲ့ပုံကို “ဇာတ်ကားပြန်ရိုက်ကူးတော့ တအားပျော်ရတယ်။ […]

Continue Reading

ကိုယ့်နိုင်ငံမှာ လာလုပ်စားပြီး လူပါးဝတယ်.. ဆိုကာ ပေါက်ကွဲနေတဲ့ အဆိုတော် အာဇာနည်’

NagasakiTei restaurant နောက်ဘယ်တော့မှ သွားမစားတော့ပါအကြောင်းကတော့ စားပြီလို့ ပိုတဲ့ အမဲသားတွေ ကို ပါဆယ်ထုပ်ခိုင်းတော့ထုပ်မပေးတော့ပါဘူးတဲ့ ဘာလို့လဲဆိုတော့ တခြား ကာစတန်မာ ကသူတို့ အမဲသား ကွာလတီမကောင်းဘူး ပြောလို့ တဲ့ သူဌေး ဆိုတဲ့ကောင်က ပြောထားတယ်လို့ပြောပါတယ် စားဖူးတဲ့သူ တိုင်းသိပါတယ် ဈေးမသေးဘူးဆိုတာ ပြီးတော့ ကျွန်တော်တို့ ကတန်ရာတန်ကျေးပေး စားတာဖြစ်ပါတယ် ကိုယ့်နိုင်ငံမှာ လာလုပ်စားပြီး လူပါးဝတာဖြစ်လို့ ဒီလိုဆိုင်မျိုး တွေ ထပ်မပေါ်လာအောင် ဆန္ဒရှိလို့ အပန်မကြီးရင် ကျွန်တော့် post ကို share ပေးစေလိုပါတယ် Zarni myo nyunt(အာဇာနည်) Credit to Hlatawthar   NagasakiTei restaurant နောက်ဘယ်တော့မှ သွားမစားတော့ပါအကြောင်းကတော့ စားပြီလို့ ပိုတဲ့ အမဲသားတွေ ကို ပါဆယ်ထုပ်ခိုင်းတော့ထုပ်မပေးတော့ပါဘူးတဲ့ […]

Continue Reading

ပရိသတ်ရဲ့အမုန်းခံပြီး ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ရတဲ့လူကြမ်းမင်းသားကြီး နိုင်လူရဲ့ ဘ၀’

ရုပ်ရှင်လောကမှာ နေရာရွေးချယ်ခွင့်မရှိ ကာရိုက်တာရွေးချယ်ခွင်မရှိ အမှုအရာရွေးချယ်ခွင့်မရှိ ဇာတ်ရုပ်ရွေးချယ်ခွင့်မရှိတဲ့ ရုပ်ရှင်လောကကိုနှစ်ပေါင်းများစွာထမ်းပိုးလာသူတွေပါ။ကျရာဇာတ်ရုပ်ဆိုတဲ့စကားလုံးဟာ သူတို့အတွက်မဟုတ်ပါ။လူကြမ်းဇာတ်ရုပ်ကိုပဲ အမြဲရိုက်ကူးပြီး ပရိသတ်အမုန်းကိုခံရမှန်းသိပေမဲ့လည်း ဘဝရဲ့ဝမ်းစာအတွက် မိသားစုအတွက် လူတိုင်းရဲ့အမုန်းကိုခံကာ လုပ်ကိုင်ရသူတွေလည်းဖြစ်ပါတယ်။   သူတို့ရဲ့ဇာတ်ကားတွေကြည့်ပြီး ပရိသတ်မုန်းရခြင်းအကြောင်းအရင်းခံဟာ သူတို့သရုပ်ဆောင်ပီပြင်လွန်းနေခြင်းကြောင့်ပါ။သူတို့သာ ပီပြင်မှုမရှိရင် ပရိသတ်လဲမုန်းမှာမဟုတ်ပါဘူး။ရှေ့ဆက်ပြီးဇာတ်ကားရိုက်ရဖို့တွက် ဒါရိုက်တာတွေရဲ့ခေါ်ယူခြင်းခံရဖို့အတွက် အပြင်းအထန်ရုံးကန်ကြိုးစားရသူတွေပါ။ဒါအပြင်ရိုက်ကွင်းမှာလဲ အက်စီဒန့်ဖြစ်ပြီးထိခိုက်မှုတွေကိုလဲခံရပါတယ်။ဒီအတွက်လည်း ဒဏ်အနည်းငယ်ရရှိတဲ့ရက်တွေရှိသလို လနဲ့ချီတဲ့ဒဏ်ရာတွေကိုလည်း ခံစားရသူတွေပါ။ သရုပ်ဆောင်ကြေးနဲ့ပက်သက်ပြီးတော့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အားမေးမြန်းမှုကိုအခုလိုဖြေကြားခဲ့ဖူးပါတယ် “ကျနော်တို့ဟိုးအရင်ခေတ်က သရုပ်ဆောင်ရင် ဦးကျော်ဟိန်း 7000 ရရင် ကျွန်တော်တို့ 700 ရတယ်၊ဒွေးခေတ်မှာ ဒွေး 70000 ရရင် ကျွန်တော်တို့ 7000 ရတယ်၊အခုခေတ်မင်းသား တစ်ယောက် သိန်း 70 ရလို့ကျနော်တို့ခုနှစ်သိန်းမရဘူး”လို့လဲပြောထားတာကိုတွေရပါတယ်။ဘဝကိုခက်ခက်ခဲခဲရပ်တည်နေရတဲ့ လူကြမ်းတို့ တကယ်ကိုသနားစရာကောင်းပါတယ်။ပရိသတ်ကြီးလဲ သူတို့ကို အားပေးလိုက်ပါအုံးနော်။ Share from –hlataw

Continue Reading

မွေးနေ့မှာထမင်းရည်ချောင်းစီး အလှူကြီးပေးမယ့် သရုပ်ဆောင်မေပန်းချီ

ယောက်ျားလေးပရိသတ်တွေရဲ့အားပေးတာကိုပိုပြီးခံရတယ် ဆိုတဲ့ သရုပ်ဆောင်မေပန်းချီက မကြာခင်မှာ သူမရဲ့ အသက် ၂၆နှစ်ပြည့် မွေးနေ့ရောက်တော့မှာဖြစ်တဲ့ အကြောင်းကို ဝက်ခလေး ရဲ့မွေးနေ့ နီးပြီဆိုတဲ့ စတေးထပ်လေးတင်ပြီး ပရိသတ်တွေကိုအသိပေး လိုက်ပါတယ်။ ဒ့ါအပြင် သရုပ်ဆောင်မေပန်းချီက လာမယ့် ဒီဇင်ဘာ ၁၃ရက်နေ့မှာကျရောက်မယ့် သူမရဲ့ အသက် ၂၆နှစ်ပြည့်မွေးနေ့မှာ မနက် ၆နာရီကနေ ညနေ၆နာရီအထိ တစ်နေ့တာလုံး ထမင်းရည်ချောင်း စီးအလှူကြီးပေးမယ့် သူမရဲ့ အလှူအတန်းပြုလုပ်မယ့် အစီအစဉ်တွေ အကြောင်းကိုလည်း ပြောပြထားပါတယ်။ ဒီလို သူမရဲ့ အလှူအတန်းတွေအကြောင်း ပရိသတ်တွေပါဝမ်းမြောက် သာဓုခေါ် နိုင်အောင်  “၁၃ ရက်နေ့ ကျရောက်မဲ့ ကျွန်မမွေးနေ့အစီအစဉ် ကတော့ မနက် ၆နာရီ မှာ ကျွန်မချစ်တဲ့ NAC (HIV) AIDS Careစင်တာကခလေးတွေနဲ့အတူမနက်စာ လှူဒါန်းပြီး (၈)နာရီအထိအတူတူကလေးတွေ […]

Continue Reading