အချုပ်အနှောင်မှလွတ်မြောက်ပါစေ ဇော်မွိန်းရေ
ကိုယ်ဗလာဖြင့် ခြေထောက် တစ်ဖက်ကို ကြိုးချည်ထားသော၊ ခန္ဓာကိုယ် သေးသွယ်သော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံသည် မြင်ရသူများကို အံ့အားသင့်စေခဲ့သည်။ လွတ်လွတ်လပ်လပ်ကစားလိုသော်လည်း သူ့ခြေချင်း ဝတ်တစ်ဖက်ကို အိမ်တိုင်တွင် တွဲ၍ ကြိုးချည်ကာ အခြားနေရာသို့ မသွားနိုင်ရန် ထိန်းချုပ်ခံထားရ သည်။ အိမ်တိုင်ကို ပတ်ချာလည် လှည့်နေကာ သူ့လွတ်မြောက်မှုကို ရှာဖွေနေသည်။ အဆိုပါကလေးသည် ဇော် မွိန်းဟု ပတ်ဝန်းကျင်က ချစ်စနိုး ခေါ်ကြသော အသက် (၁၀)နှစ် အရွယ် စိုင်းဝင်းနိုင်ဦးဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မိုးမိတ်မြို့ မန်အုံရွာရှိ ၎င်း၏မိဘ များအိမ်တွင် လွန်ခဲ့သော သုံးနှစ် ခန့်ကစတင်ကာ ခြေထောက်ကို နေ့စဉ် ကြိုးချည်ထားခံရပြီး ကလေး ဘဝပျော်စရာအချိန်များကို အကျဉ်းကျသူ တစ်ဦးကဲ့သို့ ဖြတ်သန်းနေရသည်။ မွေးစမှ (၅)နှစ်အရွယ်အထိ ကိုယ်ရောစိတ်ပါ […]
Continue Reading
လူကုန်ကူးရောင်းစားခံခဲ့ရသည့်မဥမ္မာဦး၏ရင်ဖွင့်စကားသံ
လူကုန်ကူးရောင်းစားခံခဲ့ရသည့်မဥမ္မာဦး၏ရင်ဖွင့်စကားသံ အလုပ်အကြောင်းပြ ခေါ်ဆောင်သွားပြီး တရုတ်ပြည်တွင် တရုတ်မယားအဖြစ် လူကုန်ကူးခြင်းခံရသူ မဥမ္မာဦး (ခ) မဥမ္မာဝင်းနှင့် သနပ်ပင်မြို့နယ် NLD ရုံး၌ ၃-၁၂-၂၀၁၇ နေ့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး-မဥမ္မာကို ဘယ်သူက တရုတ်ပြည်ကို ဘယ်လိုအကြောင်းပြချက်နဲ့ ခေါ်သွားပြီး တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခံရတယ်ဆိုတာ ပြောပြပေးပါ။ ဖြေ-ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့က အငယ်လေး (ခ) မလှမြတ်စန္ဒာက ခေါ်သွားတာပါ။ သူက သမီးကိုခေါ်စဉ်ခါက တရုတ်ပြည်၊ နှိုက်ချောင်းမြို့မှာ မှိုညှပ်တဲ့အလုပ်ရမယ်၊ သုံးနှစ်ကနေ ငါးနှစ်ထိ လုပ်ရမယ်ဆိုပြီး ခေသွားတာ ဖြစ်ပါတယ်။ မေး-ခေါ်တုန်းက ၁လ ဘယ်လောက်ရမယ် ပြောပါသလဲ။ ဖြေ- တလချင်းတော့ မဟုတ်ဘူး။ သုံးနှစ်ကို မြန်မာငွေကျပ်သိန်းလေးဆယ်ရမယ်၊ စရိတ်ငြိမ်းဆိုပြီး ခေါ်တာပါ။ တကယ်ရတာက တရုတ်ယွမ်ငွေ ရှစ်သောင်းခွဲပါ။ မြန်မာငွေကျပ် […]
Continue Reading
လှိုင်သာယာ ကို ဒုစရိုက်မြို့တော် မဖြစ်အောင် ပြုပြင်ပေးပါ
ဓားကြီးတွေ ပေါ်တင်ကိုင် ဆဲဆိုစိန်ခေါ်နေကြပေမဲ့ အရေးယူမှု အားနည်းတယ်။စက်မှုဇုန်ကြီးတွေတည်ရှိပြီးရွှေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်တဲ့လူဦးရေသိပ်သည်းဆုံးမြို့မှာဒုစရိုက်မှုခင်းတွေ များပြားလာတဲ့အတွက်လှိုင်သာယာမှာနေထိုင်တဲ့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုတွေ လွန်ကဲနေရပါတယ်။ ဒေသခံ ရင်ဖွင့်သံ ကိုယ်တိုင်လည်းလက်ရှိမှာ လှိုင်သာယာမှာနေ စီးပွားရေးလုပ်နေရပေမဲ့ အဆင်ပြေတဲ့တစ် နေ့ လှိုင်သာယာက အပြီးထွက်ခွာချင်လာတယ်။ ငါးနှစ်သားလောက်ကတည်းကနေလာ တာ အခု ၂၈ နှစ်ရှိပါပြီ။ အရင်ကလို လှိုင်သာယာက မသာယာတော့ပါဘူး။လူငယ်အချို့ ပညာဆည်းပူးတက်လမ်း ရှာဖို့ထက်လူမိုက်ဖြစ်ချင်လာကြတယ်။ လူမိုက်ဆိုရင် လှိုင်သာယာမှာ နေရာရတာကိုး။ ဖဲဝိုင်း လိုက်ပြီး စောင့်ရှောက်ခတောင်းမယ်။ ဆိုင်ကြီးတွေမှာ ပြဿနာရှာရင် ရှင်းပေးမယ်။ ဆေးချ မယ်၊ ဆေးရောင်းမယ်၊ အုပ်စုဖွဲ့ပြီး လူမိုက်လုပ်လာကြတယ်။ လူမိုက်အကြီးစားတစ်ခုကလည်း လှိုင်သာယာမှာ အခြေချတော့ သူတို့ အောက်ကို ဝင်လာကြတယ်။ အနေအစား လည်းချောင် လူလည်းရှိန်တာပေါ့။အခုဆိုရင် လူ့အသက်တစ်ချောင်းကို ကြက်လေးငှက်လေးလို အုပ်စု လိုက်အသေ […]
Continue Reading
လိင်အကြမ်းဖက်ခံခဲ့ရသော်လည်း ဘဝမုန်တိုင်းကြမ်းတွေထဲ ကြိုးစားရုန်းကန်နေသည့် လေးစားစရာ ထိုက်ထိုက် (သို့မဟုတ်) “ယောက်ျားလျာ မိခင်တဦး”
ZawGyiဖြင့်ဖတ်ရန် “ယောက်ျားလျာ မိခင်တဦး” လူတဦး လသားအရွယ် ကလေးငယ်ကို ချီပိုး၍ လမ်းလျှောက်လာသည်။ အဝေးက လှမ်းကြည့်လျှင် အဖေနှင့် သား ကဲ့သို့၊ ဦးလေးနှင့် တူကဲ့သို့ သဏ္ဌာန်ပင်။ ဖခင်ဟု ထင်ရသူ၏ ဆံပင်တို့သည့် နီကြဉ်ကြဉ်ဖြစ်လို့နေသော်လည်း လက်အတွင်းမှ ကလေးငယ်မှာ တသွေးတမွေး ရှိနေသည်။ ဘောင်းဘီတို အပွ ရှပ်အင်္ကျီ ပွရောင်းရောင်း အသား ညိုညိုညစ်ညစ်ဖြင့် ထိုသူသည် မျက်စိ အမြင်တွင် အမျိုးသား တယောက် အသွင်ဖြစ်သော်လည်း စင်စစ် ထိုက်ထိုက် အမည်ရှိ အမျိုးသမီးဖြစ်လေသည်။ ပဲခူတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့သည် အမျိုးသားကဲ့သို့ ပြောင်းလဲ ဝတ်ဆင် ပြုမူ နေထိုင်သည့် ယောက်ျားလျာ ထိုက်ထိုက် နေထိုင်ရာ မြို့ဖြစ်သည်။ ထိုက်ထိုက်သည် လယ်ယာ […]
Continue Reading
ခွန်တန်ဇာတ်လိုက်၏ ဇာတ်ညွှန်းမှ အသုံးတော်ခံများ
သာမညဆရာတော်ကြီး၏ ပုံတော်နှင့်အတူ ခန္ဓာကိုယ်တွင် ဆေးမင် ကြောင်ထိုးထားပြီး စွပ်ကျယ် ချိုင်းပြတ်ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး၏ ဓာတ်ပုံကို ဘုရားပလ္လင်ပေါ်တွင် ယှဉ်လျက်တင်၍ ပန်း၊ ရေချမ်းကပ်ထားသည်။ ပလ္လင်ပေါ်ရှိ ဓာတ်ပုံထဲမှ လူငယ်သည် ဂျစ်ကန်ကန်မျက်နှာပေးဖြင့် မတ်တပ်ရပ်နေသည်။ ပလ္လင်နှင့်မလှမ်းမကမ်း တစ်နေရာရှိ ပလ္လင်တစ်ခုပေါ်တွင်လည်း ဉာဏ်တော်သုံးပေခန့်မြင့်သော မြတ်စွာဘုရား ရုပ်တုနှင့်အတူ လက်တွင်ဆေးမင် ကြောင်ထိုးထားသော ကိုရင်တစ်ပါး၏ဓာတ်ပုံကိုတင်၍ လတ်ဆတ်လန်းဆန်းနေသော ဟော်လန်ပန်းအိုးနှစ်အိုးဖြင့် ပူဇော် ထားလေသည်။ ပလ္လင်ပေါ်ရှိ ဓာတ်ပုံပိုင်ရှင်သည် မိန်းမပျိုအချို့ကို ပန်းဦးခြွေ နေသည်ဟု အစိုးရနှင့် လူထုအ ကြား လတ်တလောမကောင်းသတင်းဖြင့် နာမည်ကြီးနေသည့် အသက် (၂၀)ကျော်အရွယ် ခွန်တန်(သို့) ဇာတ်လိုက်ဖြစ်လေ သည်။ ခွန်တန်သည် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံ တစ်ရာနယ်မြေတွင် နေထိုင်ပြီး ပျံလွန်တော်မူပြီးဖြစ်သည့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ရ အလံတစ်ရာဆရာတော်ကြီးဝင်စားသည်ဟု […]
Continue Reading
လာအိုဟာ မြန်မာကို ဘာကြောင့် ကျော်တက်သွားနိုင်သလဲ …
  လူဦးရေ ၆ သန်းကျော်သာရှိပြီး မြေပြန့်နည်းပါး တောင်တွေပေါတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ အမြန်ဆုံး တိုးတက်လာတာ အံ့မခန်းပါပဲ။   နောက်ဆုံး ကျန်ရှိနေတဲ့ ကွန်မြူနစ်နိုင်ငံငယ်လေး တစ်ခုပေမယ့် အဓိက အားကောင်းတဲ့ နိုင်ငံခြား export၊ ဘီလီယံချီတန်တဲ့ အခြေခံ အဆောက်အဦးတွေဖြစ်တဲ့ ကျည်ဆံရထားလမ်းနဲ့ အမြန်လမ်းမကြီးများ၊ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ထူခြား ပြောင်မြောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းထားနိုင်ခဲ့တယ်။     ဘီလီယံချီ ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ ရရှိခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလာမယ့် နိုင်ငံတွေ များလှပေမယ့် ဟိုဟာကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး နဲ့ ချီတုံချတုံဖြစ်ပြီး တကယ်ကောင်းတဲ့ ကိုရီးယား samsung ရဲ့ ၄.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုတော့ […]
Continue Reading
Continue Reading
အာဆာအကြမ်းဖက်မှု နောက်ကွယ်က အမှန်တရား
  ျမန်မာနိုင်ငံမှာ အသစ်ပေါ်ထွက်လာသော အာဆာ(ARSA) အကြမ်းဖက်အဖွဲ့က သူတို့ကိုယ်သူတို့နိုင်ငံတစ်ဝန်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်နေကြသော တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အတူတူပါဟုပြောကြားသည်။ သူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းဟု အမည်မတပ်သင့်ဟု ဆိုသည်။ သို့သော် တကယ့်အခြေအနေမှာ သူတို့ပြောသည်နှင့် တခြားစီဖြစ်၏။   အာဆာအဖွဲ့က လုံးဝကွဲ ပြားသော ပုံစံအသစ်ဖြင့် လက် နက်ကိုင်စွဲတိုက်ခိုက်မှုကို  ကိုယ် စားပြုသည်။ သူတို့၏ တိုက်ခိုက် မှုပုံစံကို မြန်မာစစ်တပ်က မည်သို့ တုံ့ပြန်ရမှန်းမသိသေးဘူးဆိုသည် ကို တွေ့နေရ၏။ ကချင်၊ ရှမ်း၊ ကရင်၊ မွန်ကဲ့သို့ မြန်မာက တခြားတိုင်းရင်းသားလက်နက်ကိုင်များ မှာ သူတို့အုပ်စုကို ကိုယ်စားပြု သည့် စစ်ဝတ်စုံများကို ထင်ထင် ရှားရှားဝတ်ဆင်ထားသည်။ သူတို့ရာထူးများကိုပြသည့် တံဆိပ်တွေ ကိုလည်း တပ်ထားသည်။   အာဆာမွတ်စလင်တိုက် ခိုက်သူများကတော့ ဆန့်ကျင်ဘက်ဖြစ်၏။ […]
Continue Reading
အမေပြန်မလာခဲ့ဘူး
ရေးထားတဲ့စာလေးအရမ်းကောင်းလို့ အမေပြန်မလာခဲ့ဘူး ~~ အဘွားဆုံးသွားပြီး အိမ်ပြန်တော့ အမေ ပြန်ပါမလါတော့ဘူး ၁၉၈၈ ကျွန်တော့်အသက် ၁၁ နှစ် မေမေရင်ခွင်မှာ နေရတာ မေ့မေ့နဲ့ အတူတူနေရတာ မဝ သေးဘူး အမေ အမေကျွန်တော့်ကိုထားခဲ့ပြီး ကျန်နေရစ်ခဲ့ပြီလေ ၁၉၉၉ အဖေ အသဲအသန်ဖြစ်တယ် အမေ ပြန်မလါခဲ့ဘူး ဝေဒနာကို ခံစားနေရတဲ့ အဖေ မျက်ဝန်းတွေရဲ့ အကြည့်မှာ အမေ့ကို အရမ်းမျှော်လင့်နေတယ်ဆိုတာ ကျွန်တော်မြင်တွေ့ခဲ့ရတယ် အမေ့ကိုသိပ်ချစ်တဲ့ အဖေ ဟာ အမေ့ကို အပြစ်တစ်လုံးတပါဒ မှာမပြေားရှာဘူးလေ အဖေ ဆုံးသွားတယ် ဝမ်းနည်းနေတဲ့ကြားက ကြိတ်ပျော်သလိုဖြစ်တယ် အမေပြန်လါမယ်ထင်လို့ ဒါလည်း အမေ ပြန်မလါခဲ့ဘူး အဲ့က လူကြီးတွေကလည်း သားလို ကြိတ်ပျော်နေမယ် အမေ အရှုတ်ထုတ်ကြီး ပြန်တော့မယ်ထင်လို့လေ ဒါပေမဲ့ […]
Continue Reading
အခိုင်မာဆုံးပြန်လည်တည်ဆောက်ရမည့် အနောက်ဘက်ခြံစည်းရိုးတံတိုင်း
ဖောင့်စာမမှန်ပါက ဒီနေရာမှနှိပ်ပေးပါ   MyanmarTimesမှကူးယူဖော်ပြပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရေးအတွက် ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ငွေကျပ် ဘီလျံ ၁၉၀ ကျော် အသုံးပြုခဲ့သော်လည်း ခိုင်ခံ့လုံခြုံသော နယ်စပ်ခြံစည်းရိုးအဖြစ်တော့ ရှိမနေသေးပေ။   ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ထပ်မံဖြစ်ပွားပြီးနောက် အရေးတကြီးဆောင်ရွက်ရန် ကိစ္စတစ်ခုပေါ်ပေါက်လာသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နယ်စပ်စည်း မျဉ်းတစ်လျှောက် ခိုင်ခံ့လုံခြုံသော ခြံစည်းရိုးကာရံရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်လာသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ရှိ လုံခြုံရေးရဲကင်းများကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။   ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် […]
Continue Reading