အခိုင်မာဆုံးပြန်လည်တည်ဆောက်ရမည့် အနောက်ဘက်ခြံစည်းရိုးတံတိုင်း
  MyanmarTimesမှကူးယူဖော်ပြပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရေးအတွက် ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ငွေကျပ် ဘီလျံ ၁၉၀ ကျော် အသုံးပြုခဲ့သော်လည်း ခိုင်ခံ့လုံခြုံသော နယ်စပ်ခြံစည်းရိုးအဖြစ်တော့ ရှိမနေသေးပေ။   ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ထပ်မံဖြစ်ပွားပြီးနောက် အရေးတကြီးဆောင်ရွက်ရန် ကိစ္စတစ်ခုပေါ်ပေါက်လာသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နယ်စပ်စည်း မျဉ်းတစ်လျှောက် ခိုင်ခံ့လုံခြုံသော ခြံစည်းရိုးကာရံရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်လာသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ ရှိ လုံခြုံရေးရဲကင်းများကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခံရမှုများနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း […]
Continue Reading
သင်လုံးဝမသိသေးတဲ့ဒေါ်အောင်ဆန်းစုကြည် ရဲ့ လျှို့ဝှက်ချက်များ
ဒေါ်အောင်ဆန်းစုကြည် သည် နေ့စဉ် တရားထိုင်လေ့ရှိပါတယ်။ – ခြေလေးချောင်းသားများကို ရှောင်ပြီး ပင်လယ်စာကြိုက်တတ်ပါတယ်။  – ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ခန့် ရှိပါတယ်။ – အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အလှပြင်ဆိုင်ကိုသွားပြီး အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်လေ့ရှိတဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းများသာ အသုံးပြုတတ်ပါတယ်။   – အောင်ဆန်းစုကြည်ဆိုသည့် အမည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အမည်မှ ဆင်းသက်လာတဲ့ “အောင်ဆန်း”၊ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုအမည်မှ “စု” နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်မှ “ကြည်”တို့ဖြစ်ပါတယ်။ – မြန်မာနိုင်ငံသားများမှ “ဒေါ်” လို့ ၀ိဂြိုဟ်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် ကို အန်တီစု၊ အမေစု ဟုလည်း အများအားဖြင့် […]
Continue Reading
ဖတ်ကြည့်သင့်တဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရသက်ဆွေရဲ့ ကိုယ်တွေ့ဘင်္ဂလား
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြသနာနဲ့ ပတ်သက်လို့ဗဟုသုတရနိုင်တယ်ထင်တဲ့အတွက်၊ ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်သူရသက်ဆွေ ရဲ့ကိုယ်တွေ့အကြောင်းတွေ ရေးထားတဲ့ ပို့စ်ကို ကူုးယူတင်ပြလိုက်ပါတယ်။ … … #DYM ————————————- နိုုင်ငံ့တာဝန်နဲ့ ဘဝပေးအတွေ့အကြုံ (၁) ————————————- ဒီနေ့ နားထောင်ရတဲ့ နိုုင်ငံတော် အတိုုင်ပင်ခံပြောတဲ့ မိန့်ခွန်းမှာ Verification ဆိုုလိုု့ ကျွန်တော် ၂၀၁၃ က ဘင်္ဂလားဒေ့ရှ် ကိုုတာဝန်နဲ့သွားရတုုန်းက ရှိတ်ဟာဆီနာ နဲ့ တွေ့ခဲ့ရတဲ့ အဖြစ်ကိုု ပြန်သတိရမိပါတယ်။   ခရီးစဉ်ကတော့ ရေတပ်ဦးစီးချုပ်က အပြန်အလှန်ဖိတ်ကြားလိုု့ သွားရောက်ရတဲ့ ခရီးဖြစ်ပါတယ်။ ဒီတုုန်းက ကျွန်တာ်တိုု့ ရေတပ်မှာ ကုုလားလေး လိုု့ ခေါ်တဲ့ ဒီ ဘင်္ဂလားဒေရှ့် နဲ့ ကျွန်တော်တိုု့ နှစ်နိုုင်ငံအကြားက ရေပိုုင်နက် အငြင်းပွားမှုကိစ္စ အပြည်အပြည်ဆိုုင်ရာရာ အနုုညာတ ခုုံရုုံးမှာ […]
Continue Reading
ခင်ပွန်းသတ်ခံရပြီးနောက် ဒုက္ခသည်သားအမိတို့ဘဝ
ဦးနော်ခွန်၊ ဦးဘရန်ဆိုင်းနှင့် ဦးဂမ်အောင်တို့သည် မသေဆုံးမီက ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင် RC IDP စခန်းမှ စစ်ဘေးဒုက္ခသည်များဖြစ်ကြသည်။ ၎င်းတို့ ၃ဦးသည် လွန်ခဲ့သည့် မေလ (၂၅) ရက်နေ့တွင် နေ့စားအလုပ်မှ အပြန်လမ်းတွင် မံစီနယ်မြေခံ တပ်ရင်း ခမရ (၃၁၉) စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့သည်။ ၎င်းတို့သေဆုံးသည့်အမှုကို လက်ရှိအချိန်တွင် သက်ဆိုင်ရာ စစ်တရားရုံးမှ စစ်ဆေးနေမှုမှာ မပြီးပြတ်သေးသည့် ကာလဖြစ်သည်။   ခင်ပွန်းဖြစ်သူ ဦးနော်ခွန် အသတ်ခံရချိန်တွင် ဇနီးဖြစ်သူ ဒေါ်မဂျီခေါန်နန်သည် ကလေးနှစ်ဦး၊ ကိုယ်ဝန် ၈လနှင့်ကျန်ရစ်ခဲ့သည်။ ၂၀၁၇ခုနှစ် သြဂုတ်လ ဒုတိယပတ်တွင် မွေးရက်နေ့စေ့လစေ့ရောက်လာပြီး မံစီမြို့နယ်က မိုင်းခေါင် IDP စခန်းမှာပဲ သမီးတစ်ဦးမွေးဖွားနိုင်ခဲ့သော်လည်း မိသားစုရှေ့ရေးအတွက် ပူပင်သောက ရောက်နေရသည်ဟုဆိုသည်။ […]
Continue Reading
အရှုံးကျိန်စာသင့် မြန်မာ ပရိတ်သတ်များ
မြန်မာဘောလုံးပရိတ်သတ်တွေကို ဥပမာ ပေးရရင် အရမ်းလှပြီး မာယာများ မျက်နှာများတဲ့ မိန်းမလှလေးကို တစ်ဖက်သတ် ကြိုက်နေတဲ့ အရှံးသမားနဲ့ တူပါတယ်။ အဝေးကွင်းမှာ အားပေးလည်း အသဲကွဲ.. အိမ်ကွင်းမှာလည်း အသဲကွဲ ကြားကွင်းမှာလည်း အသဲကွဲ   လက်ရွေးစင်အသင်းကြီးကို အားပေးလည်း ဝမ်းနည်းရ၊ U-22 ကိုအားပေးပြန်တော့လည်း မျက်ရည်နဲ့ မျက်ခွက်.. နောက်ဆုံး ကိုယ့်အိမ်ကိုယ့်ကွင်းမှာ U-18 ကို အားပေးတာလည်း အလွမ်းနဲ့ပဲ ဇာတ်သိမ်းရပြန်တယ်။ ဒါပေမယ့် အရှုံးကျိန်စာသင့်နေတဲ့ မြန်မာပရိတ်သတ်ကတော့ ဘယ်တော့မှ အားပေးတာ လျော့မှာ မဟုတ်ပါဘူး။ H1N1 ၊ အကြမ်းဖက်သမားတွေရဲ့ ရန်၊ မိုးထဲရေထဲ .. ဘယ်အနေအထားမျိုးမှာမှ နောက်မတွန့်ပဲ အားပေးခဲ့တယ်။ ရှေ့ဆက်လည်း အားပေးနေအုံးမှာပဲ ။ ရှုံးမှန်းသိသိနဲ့ မြန်မာ လို့ […]
Continue Reading
Continue Reading
ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ အပြစ်မတင်ကြပါနဲ့
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က အင်အား အလွန်အကျွံ သုံးတာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဘင်္ဂါလီ ဒုက္ခသည်တွေ များပြားလာမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရ အပေါ် ချက်ချင်းဆိုသလို လက်ညိုးထိုး စွပ်စွဲပြစ်တင် ဖိအားပေးမှုတွေ မြှင့်တက်လာပါတယ်။ တကယ်တော့ ဒါဟာ တဖက်သတ် ဆန်ပြီး မျှတမှု မရှိပါဘူး။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ အားလုံးသိပြီးတဲ့ အတိုင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA (Arakan Rohingya Salvation […]
Continue Reading
Continue Reading
မုန်တိုင်းထန်နေသော ရခိုင်အတွက် အဖြေ (၄) ခုု
ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများမှာ ဇာတိမြေမှ အသက်အန္တရာယ်ကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသလို အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂါလီအဖွဲ့များက ဟိန္ဒူတိုင်းရင်းသားများနှင့် ကသည်းလူမျိုးများ ပါမကျန် သတ်ဖြတ်ခဲ့သလို လမ်းတံတားများကိုလည်း မိုင်းခွဲဖျက်ဆီးတိုက်ခိုက် ခဲ့သည်။ အလစ်အငိုက် ကြံစည်လုပ်ကိုင်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ ယခုအခါ နေရပ်စွန့်ခွာလာသော တိုင်းရင်းသားများအနေဖြင့် မောင်တောမြို့ပေါ်ရှိ လုံခြုံရေးပေးထားသော ဘုန်းတော်ကြီးကျောင်းများတွင် လည်းကောင်း၊ စစ်တွေမြို့ပေါ်တွင်လည်းကောင်း စစ်ဘေးဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ပုဂ္ဂလိက အကူအညီများ ပေးအပ်နေပြီ ဖြစ်သော်လည်း တိမ်းရှောင် ဒုက္ခသည်များအတွက် လုံလောက်မှု မရှိသေးပေ။   ဘင်္ဂါလီအကြမ်းဖက်လုပ်ရပ်များမှာ မောင်တောမြို့ပေါ်အထိ […]
Continue Reading
မောင်တော တောင်ပိုင်းမှာ မြင်ခဲ့၊ ကြားခဲ့၊ ကြုံခဲ့ရသမျှ
စာဖတျရပါက ဒီနရောနှိပျပေးပါရန် ဉာဏ်လှိုင်လင်း, Frontier BurmaDemocracy, 12 September 2017 ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အစိုးရအစီအစဉ်နဲ့ မောင်တောကို သွားရောက်ခဲ့ကြတဲ့ သတင်းထောက်တွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ခြေလျင်သွားဖို့ ကြိုးစားနေတဲ့ မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီးနဲ့ တွေ့ခွင့်ရခဲ့လို မီးလောင်နေတဲ့ ကျေးရွာတစ်ရွာကိုလည်း ဝင်ရောက်လေလာခွင့်ရခဲ့ပါတယ် ဉာဏ်လှိုင်လင်း ရေးသားသည်။ စိမ်းစိုနေတဲ့ လယ်ကွင်းထဲက စပါးခင်းတွေမှာ ဝင်ရောက်စားသောက်နေတဲ့ ထိန်းကျောင်းသူမဲ့ နွားနဲ့ ဆိတ်အုပ်တွေကို မေယုတောင်တန်းနောက်ခံနဲ့ မျက်စိတစ်ဆုံးတွေ့မြင်ရပြီဆိုရင် လတ်တလောမှာ မောင်တောကို ရောက်နေတယ်ဆိုတာ သေချာပါပြီ။ မိုးကောင်းကင်ပေါ် ဗလုံးဗထွေးနဲ့ ထိုးတက်လာနေတဲ့ မီးခိုးလုံးတွေကလည်း တစ်ခါတစ်ရံမှာ မြင်ကွင်းထဲ ဝင်ဝင် လာတတ်ပါတယ်။ မီးခိုးလုံးမြင်တိုင်း သွားကြည့်ဖို့တော့ မတွေးပါနဲ့။ သင်စီးလာတဲ့ မော်တော်ကား ဖြတ်သန်း မောင်းနှင်နေတဲ့ လမ်းနဲ့ အတော့်ကို […]
Continue Reading