ဂျင်းနိုင်ငံတော်

လတ်တလော နံမည်ကြီးနေတဲ့ဗန်းစကား “ဂျင်းကောင်”ဆိုတဲ့စကား လူတိုင်းမစိမ်းလောက်ပါဘူး။ ဂျင်းထည့်တယ်ဆိုတာဟိုတုန်းကအသားထည့်ချက်ရတဲ့ ဟင်းချို (အခု ခေတ် တုန်ယမ်း ကြံမဆိုင် ဟင်းချိုဖြစ်နိုင်)အဲ့ဒီလို ယမကာသမားတွေ အများဆုံးသုံးဆောင်တဲ့ အမြည်းမှာ အသားဖတ်လို ထင်ရအောင် ဂျင်းတွေကို ထည့်တာကိုပြောတာလို့ အရက်ဝိုင်းမှာမှတ်သားဘူးလေရဲ့။ အဲ့တော့ ဂျင်းမိတာကိုခံရတဲ့သူတွေက ဟျောင့်တေ ဂျင်းသိပ်မထည့်နဲ့ပြောရင်းဂျင်းရာဇဝင်ကိုမှတ် သားဘူးရဲ့ဟုတ်မဟုတ်တော့မသိ့။ ထားပါတော့ ဘာဘဲဖြစ်ဖြစ် ဂျင်းထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူတွေ တော်တော်လေးကို အောင့်သီးအောင့်သက်နိုင်မည့်ကိစ္စဆိုတာတော့သေချာပါတယ်။ ဟော……ခုလည်း ကျနော်တို့ ရွှေပြည်ကြီးမယ် ဂျင်းထည့် ခံထားရတာတွေအများသားဗျ။ ပြောရမယ်ဆို နိုင်ငံရေးလောက စီးပွားရေးလောက စုံနေအောင်ကို ဂျင်းတွေ ထည့်ခံထားရတာ မြင်နိုင်မှာပါ။ မမြင်ဘူး ဖင်ပိတ်ငြင်းပြီး လော်နေတဲ့သူတွေ ရှိနေတာတော့ သူအကြောင်းနဲ့သူပေါ့ဗျာ။ ကျုပ်ကပြောရင် မင်းကဘာကောင်လဲ ပြောခံရအုံးမယ်။ ဂျင်းတွေ များချက်များ ပြောမဆုံးပေါင်….ကျနော်ပြောတာမယုံရင် ကိုယ်ဖျင်ထဲ လက်နိုတ် […]

Continue Reading

“အနာဝကိုလည်း မနှိုက်နဲ့ ဆရာမကိုလည်း မကြိုက်နဲ့”

ဆရာမကို ရည်းစားစကားပြောသောအခါ့  • • • • • • ” ဒီမှာ ရှင်.. မယောင်မလည်နဲ့ ဒီကျောင်းနားမှာ ဝေ့လည်ဝေ့လည် လုပ်နေတာ ကြာပြီ။ ကျောင်းထဲကပစ္စည်း ဘာ အလစ်သုတ် မလို့လဲ။” ” ဟာ !…မ …မဟုတ်ပါဘူး ဆရာမ ” ” ကျော်က ကျောင်းထဲကပစ္စည်း စိတ်မဝင်စားဘူး။” ” ရှင်” ” အာ့ဆို ရှင်က ဘာကို စိတ်ဝင်စားတာလဲ” ” ဆရာမကို ” ” ဘာ” ကျမကို ဟုတ်လား” ” ဟာ ! ဆရာမ စိတ်မဆိုးနဲ့နော်.. ကျော် တောင်းပန်ပါတယ်” ” ရှင်က လက်ထပ်ဖို့ […]

Continue Reading

မယားကြောက်

တစ်ခါက……အင်မတန် မိန်းမကြောက်ရတဲ့ မွိုင်ရှီ အမည်ရှိ လက်သမားဆရာတစ်ဦးရှိပါသတဲ့..။ တစ်နေ့တော့ လက်သမားဆရာဟာ သူပြုလုပ်ဖန်တီး ထားတဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို မြို့တစ်မြို့မှာ သွားရောက်ရောင်းချခဲ့တယ်။ အဲဒီလို ရောင်းချပြီး ငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။ လက်သမားဆရာဟာ သူရရှိလာတဲ့ငွေကြေးတွေကို အိတ်တစ်လုံးနဲ့ သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။ အဲဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာတော့သေနတ် တစ်လက်ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က သူ့ကို ဓါးပြတိုက်တယ်.. “ဟေ့လူ.. ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာ ကျုပ်မြို့မှာကတည်းကသိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊ ဇီးသီးနွားစားသလို အသက်ပါ ပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်” ဓါးပြဟာ ပြောပြောဆိုဆိုနဲ့ လက်သမားဆရာကို သေနတ်နဲ့ထောက်လိုက်တယ်..။ အဲဒီအခါ လက်သမားဆရာကြီးက “မလုပ်ပါနဲ့ဗျာအိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ ဓါးပြက.. “ခင်ဗျားက မိန်းမကို အသက်သေမှာထက်ပိုပြီးကြောက် […]

Continue Reading

??? ရုန်းတာ အရှိန်ပါသွားတာပါ

UFC ပွဲအတွင်း ပြိုင်ဘက်ရဲ့ထိန်းချုပ်မှုကိုခံရင်းနဲ့ အီးအီးထွက်သွားခဲ့ရတဲ့ အမျိုးသမီးဖိုက်တာတစ်ဦး ________________________________________ UFC ( Ultimate Fighting Championship ) လို့ ခေါ်တဲ့ ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ကစားလေ့ရှိသူများဟာ ပြိုင်ဘက်ကို အလှဲထိုးသတ်ပုတ်ဖို့သာမကပဲ ပြိုင်ဘက်က ကိုယ့်က်ုထိန်းချုပ်ထားတဲ့ အချိန်မျိုးမှာလည်း ထိုပြိုင်ဘက်ဆီကနေ လွတ်မြောက်ဖို့အတွက် လေ့ကျင့်သင်ယူထားဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် Justine Kish ကတော့ ပြိုင်ဘက်ကို ချုပ်ထားမှုဆီကနေ မလွတ်မြောက်နိုင်ခဲ့တဲ့အပြင် ချုပ်ခံထားရတဲ့အရှိန်နဲ့ မစင်တွေပါ ထွက်သွားခဲ့ရပါတယ်။ ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး UFC ဖိုက်တာ Justine Kish ဟာ UFC Fight Night 122 ပြိုင်ပွဲမှာ ပြိုင်ဘက် Felice Herrig နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး […]

Continue Reading

ဇူကာဘတ်၏ လားရာ –

မောင်ဇူကာဘတ်တစ်ယောက် ဝေခွဲမရ ဖြစ်နေသည်။ သူ ညက အလုပ်လုပ်နေပါလျက် ယခုတော့ ဘယ်ကမှန်းမသိသည့် လူရုပ်ဆိုးကြီး တစ်ယောက်ရှေ့တွင် ရောက်နေသည်။ လူရုပ်ဆိုးကြီးက “မင်းနာမည် ဇူကာဘတ်၊ မင်းက ဖေ့စ်ဘွတ်ခ်ပိုင်ရှင်ဆိုတာ မှန်လား” ဟု အထက်စီးလေသံဖြင့် မေးလာသည်။ ဇူကာဘတ် ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့လို ကမ္ဘာသိပုဂ္ဂိုလ်ကို ဤမထင်မရှား လူရုပ်ဆိုးက လေသံမာမာဖြင့် မေးလာသဖြင့် “နေစမ်းပါဦး။ ခင်ဗျားက ဘယ်သူမို့လို့ ဒီလို လေသံမာမာနဲ့ မေးနေရတာလဲ”ဟု ပြန်ပက်လိုက်စဉ် ကျောထဲမှ စူးခနဲ ဖြစ်သွားသည်။ နောက်လှည့်ကြည့်လိုက်တော့ ရှေ့ကလူထက် ရုပ်ဆိုးသော လူလိုလို တိရစ္ဆာန်လိုလို တစ်ယောက်က သူ့ကျောကို ခက်ရင်းခွဖြင့်ထိုးလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာကို ခါးစောင်းတင်ထားသော ဇူကာဘတ်တစ်ယောက် အခြေအနေမဟန်မှန်း သိလိုက်သည်။ ထို့ကြောင့် “ဟုတ်ပါတယ်။ […]

Continue Reading

မယ်အေးသောင်းသို့ အညာကဘကြီးဘုန်းကြီးမှ ပေးစာ

မယ်အေးသောင်းသို့ အညာကဘကြီးဘုန်းကြီးမှ ပေးစာ ))) သို့ မိပေါက်စီ ( ခ ) မယ်အေးသောင်း ဘုန်းဘုန်းစာရေးလိုက်သယ်။ အကြောင်းထူးတော့ မရှိဘူး။ တပေါင်း – တန်ခူးမှာ ရွာဘုရားပွဲရှိသယ်။ ကားစီးလို့ ခေါင်းမမူးတတ်ရင် ညည်းအစ်ကို သောင်းဦးနဲ့ လာခဲ့ပါဦး။ အဲ—ညည်းကြိုက်သဲ့ ပြောင်းဖူးတော့ ရှိဘူးပေါ့လကွယ်။ အဲ—အကြောင်းမထူးဘူးဆိုပေတဲ့ ဟိုတစ်နေ့ကတော့ ညည်းမောင် အငယ်ကောင် သောင်းထူး ချောင်းနဖူးမှာ မြောင်းတူးရင်း သူများပျိုးခင်းထဲ ချော်ကျလို့ မတော်တဆ လျော်လိုက်ရသေးသယ်ဟေ့။ ဒါက စကားစပ်လို့ ကြားဖြတ်ပြောသာပါ။ ဒါနဲ့ ညည်းနာမည်က ပေါက်စီကနေ “အေးသောင်း”လို့ ပြောင်းထားသယ်ဆို။ ငါ့ရွာက ပျိုပျိုအိုအို နုနုရွရွနဲ့ ပုပုကွကွ ကြီးကြီးငယ်ငယ်မကျန်၊ ကျောင်းကကပ္ပိယနဲ့ သာမဏေရ သမဏံ၊ ရဟန်းရှင်လူ ငဖြူငမဲ နဲ့ […]

Continue Reading

ပိုက်ဆံပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေမယ့် နည်းလမ်း ( ၆မျိုး )

ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့် ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ တစ်ချို့က လစာနည်းတော့ သုံးရတာမလောက်တာတွေရှိသလို လစာများတဲ့သူတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အခိုက်အတန့်တွေကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပိုက်ဆံ မရှိတော့တာကြောင့် ဘ၀ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မလိုသလို ကံကြမ္မာကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ လက်ထဲမှာ ပိုက်ဆံ ပြတ်နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေဖို့ ခေါင်းထဲထည့်ထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့ ၁။ သင်ပိုင်ဆိုင်ထားတာတွေအတွက် ကျေနပ်နိုင်ပါစေ သင့်မှာ ပိုက်ဆံ မရှိတော့ဘူးဆိုတာသာ ခေါင်းထဲမှာ ရှိနေပေမယ့် သင့်မှာနေစရာရှိသေးတယ် ၊ ၀တ်စရာတွေရှိသေးတယ် ၊ သူငယ်ချင်းတွေရှိသေးတယ် ၊ မိသားစုတွေရှိသေးတယ် စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တွေးလိုက်တာနဲ့ ပိုက်ဆံ ပြတ်နေတာကို ခံစားနေစရာ မလိုတော့ပါဘူး။ […]

Continue Reading

မှတ်ပြီလား

ဗိုလ်ကြီး လုံးဝမမိုက်ဘူးဗျာ…. ဟေ!!!! ငါက ဘာလုပ်လို့လဲဟ တပည့်ကျော်ရ…. ညက ဗိုလ်ကြီးကို ကျွန်တော် လိုင်ကီး ပေးတာကို ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ…. ဖွီးးးးးးး ငိုးမသား….ဘာတွေပြောနေတာလဲဟ…. ကျွန်တော့်မှာတော့ ကိုယ့်ဗိုလ်ကြီးဆိုပြီး တွေ့တိုင်း လိုင်ကီးပေးလိုက်ရတာ…. ကျွန်တော်က သူငယ်ချင်းအချင်းချင်းတောင် တော်ရုံတန်ရုံ လိုင်ကီးတဲ့ကောင် မဟုတ်ဘူး ဗိုလ်ကြီးရာ…. ခုတော့ ဗိုလ်ကြီးမှာ ဝက်စပက် မရှိမှန်း တပည့် သိလိုက်ပါပြီလေ…. ဟေ….ဘာမရှိတာ!!!! ဝက်စပက်လေဗျာ….ဗိုလ်ကြီးပဲ ပြောဖူးတယ်လေ…. အရာရှိ/စစ်သည်အချင်းချင်းအပေါ် ဝက်စပက်ရှိရမယ်လို့ တန်းစီကွင်းမှာ ဗိုလ်ကြီးပဲ သင်ပေးထားပြီးတော့…. ??? Respect လောက် လုပ်ပါ ဆရာသမားရယ်…. ဝက်စပက်ဖြစ်ဖြစ်….ဗိုလ်ကြီး ပြောတဲ့ စပက်ဖြစ်ဖြစ် အရေးမကြီးပါဘူး ဗိုလ်ကြီးရာ…. လိုင်ကီး ကိစ္စပဲ ပြောတော့မယ်…. ဆရာကြီးစီကြူဆို သူ့ကို လိုင်ကီးမပေးလို့ဆိုပြီး […]

Continue Reading

မယားကြောက်

တစ်ခါက.. အင်မတန် မိန်းမကြောက်ရတဲ့ မွိုင်ရှီအမည်ရှိ လက်သမားဆရာတစ်ဦးရှိပါသတဲ့..။ တစ်နေ့တော့ လက်သမားဆရာဟာ သူပြုလုပ်ဖန်တီးထားတဲ့ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို မြို့တစ်မြို့မှာ သွားရောက်ရောင်းချခဲ့တယ်။ အဲဒီလို ရောင်းချပြီး ငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။ လက်သမားဆရာဟာ သူရရှိလာတဲ့ငွေကြေးတွေကို အိတ်တစ်လုံးနဲ့ သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။ အဲဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာတော့ သေနတ်တစ်လက်ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က သူ့ကို ဓါးပြတိုက်တယ်.. “ဟေ့လူ.. ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာ ကျုပ်မြို့မှာကတည်းကသိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊ ဇီးသီးနွားစားသလို အသက်ပါပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်” ဓါးပြဟာ ပြောပြောဆိုဆိုနဲ့ လက်သမားဆရာကို သေနတ်နဲ့ထောက်လိုက်တယ်..။ အဲဒီအခါ လက်သမားဆရာကြီးက “မလုပ်ပါနဲ့ဗျာ..။ အိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ ဓါးပြက.. “ခင်ဗျားက မိန်းမကို အသက်သေမှာထက်ပိုပြီးကြောက်သလား” […]

Continue Reading