မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဟန်ဟီလီးအား ဘက်လိုက်သည့်အတွက် တာဝန်မှနှုတ်ထွက်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဌတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဟန်ဟီလီးအား ဘက်လိုက်သည့်အတွက် တာဝန်မှနှုတ်ထွက်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဌတောင်းဆို ————————————– စက်တင်ဘာ-၁၀၊ ၂၀၁၇/ The aPolitical မြန်မာနိုင်ငံတွင်းလတ်တလောဖြစ်ပွားလျှက်ရှိသည့် အကြမ်းဖက်မှု့များအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအာရှဗဟိုဌာန( ACHR ) ၌ ကြားဝင်ဆောင်ရွက်နိုင်မည့်နည်းလမ်းများရှာဖွေလျှက်ရှိစဉ် မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ပါမောက္ခယန်ဟီလီးအား တာဝန်မှနှုတ်ထွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဌ ဂျိုကွင်အဲလက်ဇန္ဒရားမဇာမာတယ်လီက တောင်းဆိုလိုက်သည့်ထူးခြားမှု့ဖြစ်ပွားခဲ့ကြောင်း The aPolitical သတင်းဝဘ်ဆိုဒ်က ယနေ့ရေးသားဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု့များအတွက် အရေးတကြီးဖြစ်နေစဉ် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ဘက်လိုက်မှု့များမှာမဖြစ်သင့်ကြောင်း အာရှဗဟိုဌာန( ACHR ) ညွှန်ကြားရေးမှူး ပယ်ရီတို့ရှ် ချတ်ကမာက ကောင်စီဥက္ကထံသို့တင်ပြသည့်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ ပယ်ရီတို့ရှ် ချတ်ကမာသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့ဝင် အင်ဒရာဂျေးဆင်းအား အယ်ဂျာဇီးယားမီဒီယာနှင့်အင်တာဗျုးရာတွင် အတည်ပြုနိုင်ခြင်းမရှိသေးသည့် လူမျိုးတုန်းသတ်ဖြတ် မှု့စိုးရိမ်ဖွယ်ရာရှိကြောင်းပြောကြားသည့်အတွက် အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်စေရန်တောင်းဆိုခဲ့ဘူးသူဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအာရှဗဟိုဌာန( ACHR ) […]

Continue Reading

ရခိုင်အရေးတွင်အန္ဒိယအစိုးရက မြန်မာအစိုးရကို ထောက်ခံ”

        နယူးဒေလီ ။ ။ (သြဂုတ် 27-2017)     ရခိုင်ပြည်နယ်မှာ တကြော့ပြန် ဖြစ်ပွားလာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရမှ များစွာစိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်သည်။ “ရခိုင်ပြည်နယ်မှာ တကြော့ပြန်ဖြစ်ပွားလာတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရမှ များစွာ စိုးရိမ်ပူပန်မိပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ အသက်ပေးလျှူခဲ့ရတဲ့ မြန်မာဝန်ထမ်းတွေအတွက် အိန္ဒိယမှ များစွာဝမ်းနည်းရပါတယ်။ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို အိန္ဒိယအစိုးရမှ အပြင်းထန်ဆုံးအဆင့်ရှုံ့ချပါတယ်။ အခုလို စိန်ခေါ်မှုတွေဖြစ်သန်းနေရသော မြန်မာအစိုးရအား အိန္ဒိယမှ ပိုမိုအားပေးထောက်ခံပါတယ်။” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်၇ှိသူ ရာဗိကုရ်မားမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။   Credit to Coral Arakan Source ဖေအောင် မူရင်းလင့် ကိုဒီမှာဖတ်နိုင်ပါတယ်   http://www.hindustantimes.com/…/story-bndcPbpm8Cga2RWzx3jxZ…      

Continue Reading

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် စင်္ကာပူနိုင်ငံသို့ ထွက်ပြေး

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် စင်္ကာပူနိုင်ငံသို့ ထွက်ပြေး Breaking news on 25-8-2017           တရားရုံးဆုံးဖြတ်ချက်ကို လာရောက် နားထောင်ဘို့  ပျက်ကွက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ချူနာဝပ်တရာ yingluck shinawatraဟာ ထိုင်းကမ္ဘောဒီယား နယ်စပ်ကတဆင့် စင်္ကာပူ နိုင်ငံကိုထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။ စင်္ကာပူ နိုင်ငံမှာ အကိုဖြစ်သူ တက်စင် ချူနာဝပ်တရာ ( ၀န်ကြှီးချုပ်ဟောင်း) ကလာရောက်ကြိုခဲ့ပြီး နောက် အာရပ်အင်မရိတ် နိုင်ငံကို ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။   ဘန်ကောက်မြို့  ရချဒါဖိစက် တရားရုံးကတော့ သူမကိုဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ယင်လပ်ဟာ သူမ၀န်ကြီးချုပ်ဖြစ်စဉ်ကာလအတွင်း အကိုဖြစ်သူရဲ့  ကြီးကြပ်မှုနဲ့  လယ်သမားတွေဆီက […]

Continue Reading

ကမ္ဘာ့အလှဆုံး အမျိုသမီး ကိုယ်ရံတော်

ပြီးခဲ့တဲ့ ကမ္ဘာ့စက်မှုနိုင်ငံများ ထိပ်သီးအစည်းအဝေး G20 မှာ မီဒီယာသမားတွေနဲ့ အစည်းအဝေးတက်ရောက်လာတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေက ပုဂ္ဂိုလ်တွေ သတိထားမိခဲ့တဲ့ ပုံရိပ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီ ပုံရိပ်က တခြားတော့ မဟုတ်ပါဘူး။ အမျိုးသမီး စစ်သည်တော်တစ်ယောက် ရဲ့ ပုံရိပ်ပါပဲ။ နုပျိုခြင်း အသွင်သဏ္ဍန်မှာ ရဲရင့်ပြီး စူးရှတဲ့ မျက်ဝန်းတို့ ပေါင်းစပ်ထားတဲ့ သူမအမည် ဟာ Shu Xin ဖြစ်ပါတယ်။ ကျူဇင်း ဟာ အမျိုးသမီးစစ်သည်တော် တစ်ဖြစ်လဲ အမျိုးသမီးကိုယ်ရံတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျူဇင်း ၂၀၁၃ ခုနှစ်မှာ တပ်မတော်ထဲကို စတင် ၀င်ရောက်ပြီးချိန်ကတည်း က တရုတ် စစ်တပ်ရဲ့ အလှဆုံး အမျိုးသမီး ဆယ်ယောက် စာရင်းဝင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အခုလိုမျိုး ထိပ်သီးအစည်းအဝေး တစ်ခု […]

Continue Reading

H1N1 ရောဂါပိုး ကူးစက်ခံထားရတဲ့ အာမီခန်းတို့ဇနီးမောင်နှံ

  လူကြိုက်များလှတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားဖြစ်တဲ့ 3 Idiots မင်းသား အာမီခန်း (Aamir Khan) နဲ့ ကီရန်ရာအိုတို့ဟာ အခုနောက်ဆုံးပေါ် ကူးစက်ရောဂါပိုး H1N1 ကူးစက်ခံထားရကြောင်း သူတို့စုံတွဲက ဗီဒီယိုကွန်းဖရန့်ကနေတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။   သူတို့ဇနီးမောင်နှံဟာ အိန္ဒိယနိုင်ငံ Pune မြို့မှာကျင်းပတဲ့ Satyamev Jayate Water Cup ပွဲကို ကျန်းမာရေးမကောင်းလို့ မတက်ရောက်နိုင်ကြောင်းနဲ့ သူတို့ H1N1 ကူးစက်ခံထားရတယ်လို့ သြဂုတ်လ ၆ ရက်နေ့မှာ ပြောခဲ့တာပါ။   “ကျွန်တော်တို့အတွက် ဒီနေ့က အရမ်းပျော်စရာကောင်းတဲ့နေ့ပါ။ ဒါပေမဲ့ တစ်နှစ်လုံး ကြိုါ်စားခဲ့ပြီးမှ ဒီလိုနေ့မျိုးကို အတူတကွ မကျင်းပနိုင်တာ ကျွန်တော်တို့ ဝမ်းနည်းပါတယ်။ ကျွန်တော်တို့မှာ H1N1 ဗိုင်းရက်စ်ပိုး ရှိနေတယ်။ ဒါကို ဝက်တုတ်ကွေးလို့လည်း […]

Continue Reading

အဓမ္မပြုကျင့်ခံရပြီး ဝစ်လစ်စလစ်ဖြင့် သေဆုံးခဲ့ရသည့် သနားစဖွယ် စားပွဲထိုးမိန်းကလေး

ထိုင်းနိုင်ငံမှ စားပွဲထိုးမိန်းကလေးတဦးဟာ ငှားထားတဲ့ အခန်းတခုထဲမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ဝစ်လစ်စလစ်အနေအထားနဲ့ ကြိုးတုပ်လျက်သား သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ သူ့ရဲ့ ချစ်သူအမျိုးသားကို ရဲတွေက ရှာဖွေနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆီရိပရာဖာ ကိုဆင် အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ဟွာဟင်းဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အလောင်းကို တွေ့ရှိချိန်မှာတော့ အခန်းတွင်းမှာ ဝစ်လစ်စလစ် အခြေအနေနဲ့ လည်ပင်းပြတ်ရှ ဒဏ်ရာတွေ၊ မျက်နှာမှာလည်း အညိုအမည်းစွဲ ဒဏ်ရာတွေနဲ့အတူ ခြေတွေ လက်တွေကိုပါ ကြိုးတုပ်ရက်သား တွေ့ရှိခဲ့ကြတာပါ။ သူဟာ ဇက်ဘ် အင်ဆန်ပရန်ဘူရီ စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်း မိန်းကလေးတဦး ဖြစ်ပြီး အလုပ်မလာတာ ၂ ရက်ရှိနေပြီး လိုင်းအင်တာနက်ပေါ်မှာလည်း မတွေ့လို့ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဂျူသမတ်စ် ချိုင်ပရာထစ်က လုပ်ဖော်ကိုင်ဖက် […]

Continue Reading

မုဒိမ်းကျင့်ခံရသည့်အမျိုးသမီးက မုဒိမ်းကောင်များအဖမ်းခံရရန် ရဲအရာရှိနှင့် လိင်ဆက်ဆံခဲ့ရ

အိန္ဒိယနိုင်ငံ အပ်တာပရာဒေ့ရှ်ပြည် နယ်တွင် အသက် ၃၇ နှစ်အရွယ်အမျိုး သမီးသည် မုဒိမ်းကောင်များအဖမ်းခံရရန် ရဲအရာရှိနှင့်လိင်ဆက်ဆံပေးခဲ့ရသည်ဟု သိရသည်။ အမျိုးသားနှစ်ဦးက ၎င်းကိုသေနတ် နှင့်ထောက်ကာ မုဒိမ်းကျင့်ခဲ့ပြီးနောက် ရဲက ၎င်းနှင့်လိင်ဆက်ဆံမှသာ မုဒိမ်းကောင်များ ကိုဖမ်းဆီးပေးမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။အမျိုးသမီးက မုဒိမ်းကောင်နှစ်ဦးဖြစ် သော အသက် ၅၅ နှစ်အရွယ် Ameer Ahmad နှင့်အသက် ၄၅ နှစ်အရွယ် Sattar Ahmad တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ က မုဒိမ်းမှုဖြင့်တိုင်ကြားခဲ့သော်လည်း ရဲ က ဖမ်းဆီးခြင်းမပြုသောကြောင့် အသက် အန္တရာယ်အတွက် စိုးရွံ့ရသည့်အနေအ ထားဖြစ်လာခဲ့သည်။ အမျိုးသမီးက တရားခံ များ ကိုဖမ်းဆီးပေးရန် အကြိမ်ကြိမ်တောင်း ဆိုမှုကို ငြင်းဆန်ခဲ့သည့် ရဲအရာရှိ Jai Prakash Singh သည် နောက်ဆုံးတွင် ၎င်း၏အလိုဆန္ဒကို […]

Continue Reading

သွေးရောဂါသည်သမီးငယ်အား မြှုပ်နှံမည့် မြေကျင်းအတွင်း အတူနေပေးခဲ့သည့် ဖခင်၏ ကြေကွဲဖွယ်ဖြစ်ရပ်

ဒီဗွီဘီ 28 June 2017 – … တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ သွေးရောဂါခံစားနေရတဲ့ သမီးငယ်ကို ကုသမရနိုင်တော့တဲ့အဆုံး သူမ ကွယ်လွန်ရင် မြှုပ်နှံမယ့် မြေကျင်းတခုအတွင်းမှာ အတူရှိနေပေးခဲ့တဲ့ အဖြစ်ဟာ တကယ့်ကို ဝမ်းနည်း စိတ်ထိခိုက်စရာပါပဲ။ ဇန်ဇင်လဲ့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ ၂ နှစ်အရွယ်ရှိပြီး သူ့အသက် ၂ လသား အရွယ်တည်းက သွေးရောဂါကို ခံစားခဲ့ရတာလို့ ဆိုပါတယ်။ သူတို့မိသားစုဟာ သမီးငယ်ရဲ့ရောဂါကို ကုသဖို့ ကုန်ကျစရိတ် ပေါင်ငွေ ၁ သောင်း ၁ ထောင်ထက်မနည်း ကုန်ကျခံခဲ့ပြီးနောက်မှာတော့ ဆက်လက်ကုသဖို့ မတတ်နိုင်တော့ပါဘူး။ လက်ရှိအချိန်မှာတော့ သမီးငယ် သေဆုံးရတော့မယ့်အချိန်ကို စောင့်နေရုံသာ ရှိတော့တာမို့ ဝမ်းနည်း ယူကျုံးမရဖြစ်နေခဲ့တဲ့ ဖခင်ဖြစ်သူဟာ သမီးငယ်ကွယ်လွန်ရင် မြှုပ်နှံမယ့် ကျင်းထဲမှာ […]

Continue Reading