အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကျပ်သိန်း၁၀၀ နှင့်ဂုဏ်ပြုလွှာပေးအပ်

စိန်ခေါ်သူ မွေ့ထိုင်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ(ဟောင်ကောင်)အား အနိုင်ရရှိသည့် မြန်မာလူမျိုးကချင်တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာပေးအပ် နေပြည်တော်၊ နိုဝင်ဘာ ၅ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး၌ ကျင်းပပြုလုပ်သည့် One Hero’s Dream ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMA မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန် အနေဖြင့် စိန်ခေါ်သူ မွေ့ထိုင်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ(ဟောင်ကောင်) အား ပထမအချီ၌ပင် အလဲထိုးဖြင့် ထိုးသတ်အနိုင်ရရှိခဲ့သည်။   ထိုသို့စိန်ခေါ်သူမွေ့ထိုင်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအား မြန်မာအမျိုးသားကချင် တိုင်းရင်းသားအနေဖြင့် မိမိထက်အင်အားကြီးမားသည့် ယှဉ်ပြိုင်ဘက်ကို သူမတူသော ရဲစွမ်းသတ္တိဖြင့် လက်ဝှေ့နည်းပညာပြည့်ဝစွာ ယှဉ်ပြိုင်အနိုင်ယူ၍ နိုင်ငံ့ဂုဏ်ကို ထပ်မံ မြှင့်တင်နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့သည့် […]

Continue Reading

အောင်လအန်ဆန်းနှင့် ဂါလာနီတို့ ထိုးသတ်ပွဲကို ထုတ်လွှင့်မည့် ရုပ်သံများ

Zawgyi ဖြင့်ဖတ်ရန် ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ – ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဍအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည့် MMA ONE Championship – “ Hero’s Dream ’’ ကိုယ်ခံပညာဘက်စုံသုံးတိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ (၆း၃၀) အချိန်မှစတင်၍   “ SKYNET SPORTS-3” နှင့် “ SKYNET SPORTS-HD” ရုပ်သံလိုင်းများတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြ စ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု လက်ရှိ ONE Championship Middleweight ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းကမ္ဘာ့ကစ်ဘောက်ဆာချန်ပီယံဟောင်း […]

Continue Reading

တွမ်တီးမီး ပျက်ကျမီးလောင် ကလေးတစ်ဦး အမျိုးသမီးတစ်ဥိး စိုးရိမ်ရပြီး ၇ဦးဒဏ်ရာရှိထား

တွမ်တီးမီး (ယမ်းချိန် ၃၇ ပိဿာ / တန်ဘိုး သိန်း ၄၀ )ကို အဖွဲ့ခေါင်းဆောင်သော်ဇင်ညီညီ နှင့် ပြည့်ဖြိုးအောင် တို့က ယနေ့ည၈နာရီ၄၅တွင် လွှတ်တင်ရာ ကွင်းအတွင်းVIP စင်အနီး မီးလောင်ပျက်ကျခဲ့သည်။ ဝက်သားတုတ်ထိုးဆိုင်ပေါ်သို့ပြုတ်ကျမီးလောင်မှုကြောင့် မအေးအေးသိန်း( အသက်၄၃) စိန်ပန်းရပ်ကွက် နယ်မြေ၅ နေသူနှင့် အိစန္ဒာမင်း(၁၂နှစ်) စိန်ပန်းရပ်ကွက်နယ်မြေ၅ နေသူ၂ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု သိရသည်။ အခြားဒဏ်ရာသူ ၅ဦးရှိပြီး မစိုးရိမ်ရကြောင်းနှင့်စဝ်စံထွန်းဆေးရုံသို့ လူနာများအားပို့ဆောင်ကုသလျက်ရှိကြောင်းသိရသည်။ ဒဏ်ရာရသူများမှာ မသီတာဦး(နယ်မြေ၅)/မောင်ထူးခန့်လင်း(၇နှစ်)နယ် မြေ၅/ မဇင်မာဝင်း(၂၅နှစ်) ကျောင်းဆရာမအေးသာယာ/ ခိုင်သဇင်ကျော် (၂၁နှစ်) GTU ကျောင်းသူ အေးသာယာ/ ကောင်းမြတ်မိုး(၃၀နှစ်)ကန်ရှေ့ရပ်ကွက်/ဝေဝေအောင်( ၂၁နှစ်) အေးသာယာ နှင့်ဇာခြည်ထွန်း (၂၁နှစ်)့မြန်မာစာအဝေးသင်ရေဦးရွာ ရွာငံနေသူတို့ ဖြစ်သည်။ ကနဦးသတင်းအရကလေးတစ်ဦးသေဆုံးသည်ဟုသတင်းထွက်ပေါ်နေပြီး ယနေ့ည ၁၀နာရီခွဲရရှိသောသတင်းအရ ထိုကလေးနှင့် အမျိုးသမီးတစ်ဦးတို့စိုးရိမ်ရသည့်ဒဏ်ရာရရှိထားခြင်းဖြစ်သည်ဟုသက်ဆိုင်ရာမှသိရှိရသည်။ […]

Continue Reading

နတ်မောက် ဗိုလ်ချုပ်နေအိမ်ပြတိုက်ရှိ ပုံတူဆီလီကွန်ရုပ်တုတွင် အမဲကွက်များပေါ် ပြီး အမြင်မတင့်တယ်ဖြစ်လို့နေ

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အပေါ်ထပ်၌ ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ်အဖြစ်ထားရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တု၏ ခန္ဓာကိုယ်နေရာအချို့တွင် အမည်းကွက်များဖြစ်ပေါ်နေပြီး အမြင်မတင့်တယ်ဖြစ်လျက်ရှိကြောင်း သတင်းရသည်။ “ဗိုလ်ချုပ်ပုံတူရုပ်တုရဲ့ လက်နဲ့ခြေထောက်တွေမှာ တင်းတိတ်နဲ့ခရုသင်းစွဲသလို အဖြူ၊ အမည်းကွက်တွေ တွေခဲ့ ရတယ်။ ဗိုလ်ချုပ်ကိုချစ်တဲ့သူတယောက်အနေနဲ့ ဒီလိုတွေ့လိုက်ရတာ စိတ်ထဲမကောင်းဖြစ်မိတယ်”ဟု မကွေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေသူ ဦးဌေးလွင်မှပြောသည်။ ဆီလီကွန်ရုပ်တုကို မကိုင်ရ၊ မထိရ၊ မ၀င်ရဟု စည်းကမ်းသတ်မှတ်ထားသည့်အပြင် ကြိုးဖြင့်စည်းခြားထားသော်လည်း ကြည့်ရှုသူအချို့မှ မြတ်နိုးသည့်စိတ်ဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်းများပြုလုပ်ကြသောကြောင့် ယင်းသို့ အမည်းကွက်များဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း နတ်မောက်မြို့ခံအချို့ကပြောသည်။ “အညာဒေသက ဖုန်ရှိတယ်။ မိုးရွာတဲ့အချိန် အေးတဲ့အချိန်ကျ ဖုန်နဲ့အအေးဓါတ်နဲ့ရောပြီး အပေါ်မှာအညှိတက် သလို ဖြစ်နေတာပေါ့။ ရေချိုးလို့ရတာလည်း မဟုတ်ဘူး။ နေ့စဉ်ဖုန်တွေ ခါတယ်။ စွပ်ကျယ်နဲ့ ဖုန်သုတ်တယ်။ အဲလောက်လေးပဲလုပ်တာ။ ဒီမှာရှိတဲ့ကော်မတီအဖွဲ့တွေနဲ့ […]

Continue Reading

ရွှေစက်တော်ဘုရား စွန့်လွှတ်စက္ကူအမှိုက်များမှ ရွှေမိုက်ထုတ်ရာ ရွှေ ၂၆ကျပ်သားကျော် ရရှိ

အောက်တိုဘာ ၂၆ ။          ။ မကွေးတိုင်းဒေသကြီး မင်းဘူး /စကုမြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားကြီးတွင် ဘုရားရွှေသင်္ကန်း ကပ်လှူ ပူဇော်ပြီး စွန့်လွှတ်စက္ကူအမှိုက်များမှ ရွှေမိုက်ထုတ်ခဲ့ရာ ရွှေ ၂၆ကျပ်သားကျော် ရရှိခဲ့ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပြီးသည့်အမှိုက်များအား မင်းဘူးမြို့ရှိ ရွှေစက်တော်ဂေါပကရုံး တွင် ပန်းထိမ်ပညာရှင်များ အကူအညီဖြင့် အောက်တိုဘာလ ၂၀ရက်နေ့မှစ၍ အမှိုက်များကို ကြိုပြီး ရွှေမိုက်ထုတ်ခဲ့ရာ ယနေ့ လုပ်ငန်းပြီးစီးပြီး ရွှေ ၂၆ကျပ်သား ၇ပဲ ၅ရွေး ရရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ “ ရွှေစက်တော်ဘုရားကြီးအတွင်း ရွှေသင်္ကန်းကပ်လှူပြီး တဲ့ ရွှေမှုန်ရွှေအမွှားလေးတွေ ကျန်နိုင်တဲ့ စက္ကူအမှိုက် တွေ။ရွှေသင်္ကန်းကပ်လှူပြီး လက်သုတ်တဲ့ လက်ကိုင်ပဝါတွေကို စုဆောင်းသိမ်းဆည်းထားတဲ့ အမှိုက်တွေကို ကြိုပြီး ရွှေမိုက်ထုတ်တာပါ။ အခုရတဲ့ရွှေက ၂၆ကျပ်သားကျော် […]

Continue Reading

တောင်ကြီး ရွှေဆိုင်တစ်ဆိုင်ကို သေနတ်တုဖြင့် ဓါးပြတိုက်ရာ ချက်ချင်း အဖမ်းခံလိုက်ရ

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိလုံဝမ် ရတနာရွှေဆိုင်တွင် အောက်တိုဘာ ၂၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီခန့်အချိန်တွင် သေနတ်တုဖြင့် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူသည် ချက်ချင်းအဖမ်းခံလိုက်ရပြီး၊ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မှာ တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိ လုံဝမ် ရတနာရွှေဆိုင် တွင် အောက်တိုဘာ ၂၆ ရက် နေ့လည်ပိုင်း ၁ နာရီခန့်အချိန်တွင် လူတစ်ဦးသည် ရွှေထည်ပစ္စည်းများကို ပြန်လည် ယူရောင်းရန် သိန်း ၂၀၀ တန်ဖိုးရှိသော ပစ္စည်းများကို အဆင်သင့် ထုပ်ပိုးထားချိန် သေနတ်ထုတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူက ၀င်ရောက် နားပန်းလုံးပြီး ဖမ်းဆီးခဲ့ရာ၊ Ocean […]

Continue Reading

တောင်ကြီး ရွှေဆိုင်တစ်ဆိုင်ကို သေနတ်တုဖြင့် ဓါးပြတိုက်ရာ ချက်ချင်း အဖမ်းခံလိုက်ရ

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိ လုံဝမ် ရတနာရွှေဆိုင်တွင် အောက်တိုဘာ ၂၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီခန့်အချိန်တွင် သေနတ်တုဖြင့် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူသည် ချက်ချင်းအဖမ်းခံလိုက်ရပြီး၊ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မှာ တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိ လုံဝမ် ရတနာရွှေဆိုင် တွင် အောက်တိုဘာ ၂၆ ရက် နေ့လည်ပိုင်း ၁ နာရီခန့်အချိန်တွင် လူတစ်ဦးသည် ရွှေထည်ပစ္စည်းများကို ပြန်လည် ယူရောင်းရန် သိန်း ၂၀၀ တန်ဖိုးရှိသော ပစ္စည်းများကို အဆင်သင့် ထုပ်ပိုးထားချိန် သေနတ်ထုတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူက ၀င်ရောက် နားပန်းလုံးပြီး ဖမ်းဆီးခဲ့ရာ၊ […]

Continue Reading

ခွန်တန်မှ မိန်းမပျိုလေးများအား ဖျက်ဆီးနေသည်မှာ မဟုတ်မှန်ကြောင်း ကာယကံရှင်အမျိုးသမီးများ ပြောကြား

မွန်ပြည်နယ်သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာဘုရား သာသနာ့နယ်မြေအတွင်း ဘာသာရေးအကြောင်းပြပြီး မိန်းမပျိုလေးတွေကို ဖျက်ဆီးခံနေရတယ်လို့ပြောဆိုနေတာဟာ မမှန်ကန်ဘူးလို့ကာယရှင်မိန်းမပျိုတွေက ပြောပါတယ်။လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ခွန်တန် (ခေါ်)ဇာတ်လိုက်က ဘာ သာရေးအကြောင်းပြပြီးမိန်းမပျိုလေးတွေကို ဖျက်ဆီးနေပြီး၊ ပန်းဦးလွှတ်ခံနေရတယ်လို့ ပြောဆိုနေကြတဲ့ အတွက်ကာယကံရှင် မိန်းကလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုရှိကြောင်း၊ ပန်းဦး လွှတ်ခံရတယ်ဆိုတာဟာ စွပ်စွဲပြောဆိုနေကြတာဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရတဏှာမပါဘဲ မေတ္တာထားပြီး ရဟန်းသံဃာလူကြီး မိဘတွေရှေ့မှာ နှစ်ဦးသဘောတူ လက်ချည်ပွဲကျင်းပပြုလုပ်တာဖြစ်တယ်လို့ ခွန်တန်(ခေါ်)ဇာတ်လိုက်နဲ့ လက်ချည်ပွဲပြု လုပ်ထားသူ နန်းအေးခင်က ပြောပါတယ်။ လက်ချည်ပွဲ ပြုလုပ်တာကြောင့် မိန်းမပျိုလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပန်းဦးလွှတ်ခံရတယ်လို့ ပြောဆိုတဲ့ အပေါ် ဘာသာရေးနဲ့ လူမျိုးရေးထိခိုက်ရတယ်လို့ နန်းအေးခင်က ပြောပါတယ်။ ခွန်တန်(ခေါ်)ဇာတ်လိုက်ကို မိမိတို့ရွာသူ၊ ရွာသားတွေ အနေနဲ့ အပြည်အ၀ယုံကြည်မှုရှိပြီး လက်ချည်ပွဲ ပြုလုပ်ရတာဟာ […]

Continue Reading

ခွန်တန်မှ မိန်းမပျိုလေးများအား ဖျက်ဆီးနေသည်မှာ မဟုတ်မှန်ကြောင်း ကာယကံရှင်အမျိုးသမီးများ ပြောကြား

မွန်ပြည်နယ်သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာဘုရား သာသနာ့နယ်မြေအတွင်း ဘာသာရေးအကြောင်းပြပြီး မိန်းမပျိုလေးတွေကို ဖျက်ဆီးခံနေရတယ်လို့ပြောဆိုနေတာဟာ မမှန်ကန်ဘူးလို့ ကာယရှင်မိန်းမပျိုတွေက ပြောပါတယ်။လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ခွန်တန် (ခေါ်) ဇာတ်လိုက်က ဘာသာရေးအကြောင်းပြပြီးမိန်းမပျိုလေးတွေကို ဖျက်ဆီးနေပြီး၊ ပန်းဦးလွှတ်ခံနေရတယ်လို့ ပြောဆိုနေကြတဲ့ အတွက်ကာယကံရှင် မိန်းကလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုရှိကြောင်း၊ ပန်းဦး လွှတ်ခံရတယ်ဆိုတာဟာ စွပ်စွဲပြောဆိုနေကြတာဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ တဏှာမပါဘဲ မေတ္တာထားပြီး ရဟန်းသံဃာလူကြီး မိဘတွေရှေ့မှာ နှစ်ဦးသဘောတူ လက်ချည်ပွဲကျင်းပပြုလုပ်တာဖြစ်တယ်လို့ ခွန်တန်(ခေါ်)ဇာတ်လိုက်နဲ့ လက်ချည်ပွဲပြုလုပ်ထားသူ နန်းအေးခင်က ပြောပါတယ်။ လက်ချည်ပွဲ ပြုလုပ်တာကြောင့် မိန်းမပျိုလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပန်းဦးလွှတ်ခံရတယ်လို့ ပြောဆိုတဲ့ အပေါ် ဘာသာရေးနဲ့ လူမျိုးရေးထိခိုက်ရတယ်လို့ နန်းအေးခင်က ပြောပါတယ်။ ခွန်တန်(ခေါ်)ဇာတ်လိုက်ကို မိမိတို့ရွာသူ၊ ရွာသားတွေ အနေနဲ့ အပြည်အ၀ယုံကြည်မှုရှိပြီး လက်ချည်ပွဲ […]

Continue Reading