မြန်မာနိုင်ငံ၌ သုံးကောင်သာ ကျန်ရှိတော့သော မျိုးသုဉ်းရန် အလွန်နီးစပ်နေသည့် သောင်လိပ်အား မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တွေ့ရှိခဲ့ပြီး မျိုးဆက်ပြန့်ပွားနိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် သုံးကောင်သာ ကျန်ရှိတော့သော သောင်လိပ် (ရေငန်လိပ်) အား မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရှိ ရေကန်တွင် သောင်လိပ်တစ်ကောင်နှင့် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ရေကန်တွင် သောင်လိပ် အထီး၊ အမ နှစ်ကောင်ရှိရာရွာ လွတ်ကျေးရွာရှိ သောင်လိပ်များအား မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်း WCS/TSA လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန် ဗိုလ်တထောင်ဘုရားက သောင်လိပ်ကတော့ သောင်လိပ်အမပေါ့။သူ့ကို မျိုးဆက်ပြန့်ပွားအောင်လုပ်ဖို့ တောင်းတော့ ဘုရားဂေါပကတွေက မပေးဘူး။ နောက်တော့ ရွာလွတ်ကျွန်းက ဘုန်းကြီးကျောင်း ဘုရားကန်မှာ အထီး၊ အမ တစ်စုံထပ်တွေ့တော့ မျိုးဖောက်ဖို့ ထပ်တောင်းတော့လည်း မပေးဘူး။ သူတို့ကလည်း သူများဘေးမဲ့ လွှတ်ထားတာဆိုတော့ […]

Continue Reading

ကနီမြို့တွင် ဘော်ဒါဆောင်ကြီးကြပ်ဆရာနှစ်ဦး ဦးဆောင်၍ ကျောင်းသား ၂၁ ဦးက အထက်တန်းကျောင်းဝင်းအတွင်းမှ ကျောင်းသားခြောက်ဦးကို ရိုက်နှက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဒီဇင်ဘာ ၁၁ ရက်က ဘော်ဒါဆောင် ကြီးကြပ်ဆရာနှစ်ဦးဦးဆောင်၍ ကျောင်းသား ၂၁ ဦးက အထက်တန်းကျောင်းဝင်းအတွင်းမှ ကျောင်းသားခြောက်ဦးကို လက်နက်မျိုးစုံဖြင့် ၀င်ရိုက်ခဲ့မှုကြောင့် ဒဏ်ရာများအသီးအသီးရရှိကာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။ အုပ်စုဖွဲ့ရိုက်ခဲ့သည့် အလင်းရောင်စာသင်ဝိုင်းရှိ ကျောင်းသားများနှင့် အရိုက်ခံရသည့် ကနီမြို့ခံကျောင်းသားများသည် ယခင်က ခိုက်ရန်ဖြစ်ပွားခဲ့ဖူးကြောင်း၊ အဆိုပါခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ မိဘများနှင့်အတူခေါ်ယူကာ သတိပေးဆုံးမမှု ပြုလုပ်ခံခဲ့ရသည်ကိုမကျေနပ်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အလင်းရောင်စာသင်ဝိုင်းမှ ကြီးကြပ်ဆရာ ဦးရဲမင်းဇော် (၂၆ နှစ်) နှင့် ဦးကျော်ဇင်ဦး (၂၃ နှစ်) တို့ဦးဆောင်သည့် ကျောင်းသား ၂၁ ဦးသည် အရှည်သုံးပေခန့်၊ လုံးပတ်သုံးလက်မခွဲ သံပိုက်တစ်ချောင်းနှင့် သစ်သားတုတ်များ ကိုယ်စီကိုင်ဆောင်ကာ ကနီမြို့ အ.ထ.က ကျောင်းဝင်းအတွင်းရှိ ကျောင်းသားခြောက်ဦးအား […]

Continue Reading

ပန်ဆယ်လို (ခ) အိမ့်ပိုးဥကို ၆၆ (ဃ) နဲ့ အမှုဖွင့်

ဆရာတော် ဦးဣန္ဒက၊ ဦးဝီရသူ (ခ) ဦးဝိစိတ္တာဘိဝံသနဲ့ ဗိုလချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ ရေးသားချက်ကြောင့် ဦးမောင်မောင်တာ ဆိုသူက ပန်ဆယ်လို (ခ) အိမ့်ပိုးဥ ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင်ကို တာမွေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ဆရာတော် ဦးဣန္ဒက ရိုက်နှက်ခံရမှုနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံး ညှိုးနွမ်းအောင် ရေးသားမှု၊ ဦးဝီရသူကိုလည်း ကြိမ်ဖန်များစွာ စော်ကားရေးသားမှု၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက အကြည်ညိုပျက်အောင် စော်ကားရေးသားမှုတွေနဲ့ အခု နေရပ်လိပ်စာ မသိရှိတဲ့ ပန်ဆယ်လိုကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ ဦးမောင်မောင်တာက အမှုဖွင့် တိုင်ကြားတာ ဖြစ်ပါတယ်။ ပန်ဆယ်လို ရေးသားခဲ့တဲ့ […]

Continue Reading

သုဝဏ္ဏ (YPI) အထည်ချုပ်စက်ရုံမီးလောင်မှု သိန်းခုနစ်ထောင်ကျော် ဆုံးရှုံး

မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကမာကြည်တံတားနားက Yangon Pan-Pacific International (YPI) အထည်ချုပ်စက်ရုံမှာ ဒီနေ့ (ဒီဇင်ဘာ ၁၂ ရက် ) မနက် ၄ နာရီ ၄၅ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဒီမီးလောင်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 3 မီးသတ်ယာဉ်အုပ်စုနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး  ၆ နာရီခွဲလောက်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၈ နာရီ ၃၀ မှာတော့ မီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် (၈) စီး၊ အထောက်အကူပြုယာဉ်(၁၀) စီး၊ စက်တင်ယာဉ် ၁ စီးတို့နဲ့ […]

Continue Reading

ကာကွယ်ရေးဝန်ကြီးဌာနက အကူအညီပေးတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို လက်နက်အစစ်တွေ သုံးပြီး ရိုက်ကူးမယ်

ကာကွယ်ရေးဝန်ကြီးဌာနက အကူအညီပေးတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို လက်နက်အစစ်တွေ သုံးပြီး ရိုက်ကူးမယ်လို့ ဒီရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးမယ့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက မြန်မာ့ပလက်ဖောင်းကို ပြော ပါတယ် “ကျွန်တော်ရှေ့မှာက ၁၂ မိနစ်စာလောက်ကြာတဲ့ အမြည်းလေးတစ်ခုရိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွင်း ဝန်ရုံးနေရာရဖို့အတွက် တော်တော်ကြီး အချိန်ချိန်ကြာကြာ ကျွန်တော်တို့ ပြောဆိုဆွေးနွေးရတယ်။ ပြီးတော့ စစ်လက်နက်။ ဘာလိုလဲဆိုတော့ ရုပ်ရှင်ဆိုတော့လည်း ကျွန်တော်တို့ ဒီ ရုပ်ရှင်လုပ်ငန်း ထဲမှာလည်း လက်တွေ့အားဖြင့်ပေါ့ တကယ်တမ်း သဏ္ဍာန်လုပ်သရုပ်တူ တကယ့်အစစ်နီးပါးတူတဲ့ လက်နက်အတုဆိုတာ ရှိကိုမရှိဘူး။ အဲ့တော့ အဲဒီအစစ်လေးတွေကို ကိုင်ပြီးတော့ ရိုက်ရရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်ဆိုတဲ့ ခံစားမှုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ချဉ်းကပ်ဖူးတယ်။ အကူအညီ လေးပေးနိုင်မလားလို့။ ဒါပေမဲ့ လုံးဝကို မတုန့်ပြန်ခဲ့ပါဘူး။ အခုဟာက အစိုးရက ပါဝင်လာတော့ လိုအပ်တဲ့အဆောက်အဦတွေ  […]

Continue Reading

ကနီမြို့ အထကကျောင်းတွင်ရိုက်ပွဲဖြစ်၊ ကျောင်းသားအချို့ ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းထဲမှာ ဒီဇင်ဘာ ၁၁ ရက်နေ့၊ နေ့လယ်ကျောင်းဆင်းချိန်မှာ ရိုက်ပွဲဖြစ်ပွားခဲ့လို့ ကျောင်းသားအချို့ ဒဏ်ရာရကာ ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။လွန်ခဲ့တဲ့ ၂ ပတ်လောက်က ခိုက်ရန်ဖြစ်ပွားခဲ့တာကို ကျောင်းအုပ်ကြီးက ရုံးခန်းသို့ ကျောင်းသားတွေရော၊ မိဘတွေပါ ခေါ်ယူသတိပေးဆုံးမခဲ့တာကို မကျေနပ်တာကြောင့် ရိုက်ပွဲထပ် ဖြစ်ရတာလို့ သိရပါတယ်။ ကနီမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အလင်းရောင်စာသင်ဝိုင်းက ကြီးကြပ်ဆရာတွေဖြစ်တဲ့ ဦးရဲမင်းဇော်၊ ဦးကျော်ဇင်ဦးတို့ပါဝင်တဲ့ ၁၀ တန်းကျောင်းသား ၁၈ ယောက်နဲ့ ၉ တန်း ကျောင်းသား ၃ ယောက်တို့က နေ့လယ်ကျောင်းဆင်းချိန်မှာ သံပိုက်၊ တုတ်တွေကိုယ်စီ ကိုင်ဆောင်ပြီး ကျောင်းဝင်းအတွင်းကိုဝင်ကာ ၉ တန်းဆောင်နှင့် ၁၀ တန်းဆောင်အကြား မြေကွက်လပ်မှာ ရန်ဖြစ်ခဲ့ဖူးတဲ့ကျောင်းသားတွေကို အသင့်ပါလာတဲ့ တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမတွေက […]

Continue Reading

ရွှေဘိုတွင် အနုကြမ်းစီးမှု သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်၊ ပျဉ်ဈေးရပ်ရှိ ဇွဲမိသားစုနေအိမ်တွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီကျော်ခန့်က အနုကြမ်းစီးခံရမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းက သိရသည်။ ရွှေဘိုမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်မောင်က “အခင်းဖြစ်ရပ်က တရားခံကို ဖမ်းဆီးရမိဖို့ စုံစမ်းနေပါတယ်၊ အမှုဖြစ်စဉ် အသေးစိတ်တော့ ပြောလို့မရသေးဘူး၊ ပစ္စည်းတွေ ပါသွားတာလည်း မရှိပါဘူး၊ ဒဏ်ရာရ တဲ့သူတွေက စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး”ဟု ပြောသည်။အခင်းဖြစ်ပွားမှုတွင် အိမ်ရှင်အမျိုးသား၊ ဇနီးနှင့် သမီးဖြစ်သူတို့ သုံးဦးဒဏ်ရာများရရှိခဲ့သော်လည်း ဖြစ်ပွားသည့် အခြေအနေ အသေးစိတ်ကို မသိရကြောင်း၊ လက်ရှိတွင် ဒဏ်ရာရသူများကို ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဘိုမြို့မရဲစခန်းမှ (ပ) ၇၀၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ […]

Continue Reading

ဘင်္ဂါလီများ တကျော့ပြန် တိုက်ခိုက်လာနိုင်ခြေရှိကြောင်း ICG ပြော

နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ ရောက်ရှိခိုလှုံနေသော ဘင်္ဂါလီများအနေဖြင့် တဖက်နယ်စပ်မှနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူဆလင်မဟုတ်သူများအပေါ် တိုက်ခိုက်မှုများပြု လာဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာအကျပ်အတည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group – ICG) ၏ အစီရင်ခံစာသစ်က ဆိုသည်။ ”မြန်မာနိုင်ငံမှ ဘင်္ဂါလီအကျပ်အတည်း အန္တရာယ်ရှိသည့် အခြေအနေသစ်တခုသို့ ဆိုက်ရောက်လာ”ဟု အမည်ပေးထားသည့်အစီရင်ခံစာကို ICG က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ ယင်းအစီရင်ခံစာတွင် ARSA သည် ရှင်သန်လှုပ်ရှားဆဲဖြစ်ပြီး တိုက်ခိုက်မှုများထပ်မံကျူးလွန်လုပ်ရန် ပြန်လည်စုဖွဲ့နေဟန်ရှိကြောင်း ဆိုသည်။ARSA အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ် ၂၅ တိုက်ခိုက်မှုနောက်ပိုင်း လက်ရှိအချိန်ထိ တိုက်ခိုက်မှုများပြုလုပ် နိုင်ခြင်း မရှိသော်လည်း အားယူစုဖွဲ့နေသည်ကို သံသယဖြစ်ဖွယ်မရှိဟု အစီရင်ခံစာက ဆိုသည်။ကျေးရွာအတွင်းလေးစားမှုရရှိသည့် ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် […]

Continue Reading

အသက်မပြည့် စိတ်ဝေဒနာရှင် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မူ ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာမှာ အသက်မပြည့်တဲ့ စိတ်ဝေဒနာရှင် မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရလို့ မိခင်ဖြစ်သူ ဒီဇင်ဘာ ၈ ရက်မှာ အမှုလာဖွင့်တယ်လို့ ခမုံနယ်မြေ ရဲစခန်းက ပြောပါတယ်။ “မိဘတွေက တောင်ယာအလုပ်လုပ်တယ်၊ တောင်ယာလုပ်ကိုင်ဖို့ နေ့စဉ်သမီးဖြစ်သူ မ—(၁၂) နှစ်ကို နေအိမ်ခြံချင်းကပ် တရားခံ ကျော်လှိုင်ရဲ့ နေအိမ်မှာ အပ်ထားခဲ့တာပေါ့နော်။ တစ်ရွာတည်းသာခြင်းဆိုတော့ထားပြီးအလုပ်လုပ်တာပေါ့ လချီနေပြီ။ မိခင်ဖြစ်သူက သမီးကို မသင်္ကာလို့ ညောင်လေးပင် ကျေးရွာ ဆေးခန်းကို သွားပြရာ သမီးဖြစ်သူမှာ ကိုယ်ဝန် ၅ လရှိနေပြီဖြစ်ကြောင်း သိရတာ။ မိခင်ဖြစ်သူက မေးမြန်ရာ ကျော်လှိုင်က သားမယားအဖြစ်ပြုကျင့်နေပြီမှာ ကြာပြီးဖြစ်ကြောင်း အခြားသူတွေကို ပြန်ပြောရင် ဓားနဲ့ခုတ်လို့ ပြောထားတယ်ဆိုပြီး ကလေးမက ပြန်လည်ပြောပြတယ်” လို့ ဦးလေးတော်စပ်သူ […]

Continue Reading

သုံးလောင်းပြိုင်လူသတ်မှုမှ သေဆုံးသူ၏ခင်ပွန်းရေးသားချက်များနှင့်ပတ်သက်၍ ပြောစရာမရှိကြောင်း ဒုရဲမှူးကြီးပြော

လှိုင်မြို့နယ်တွင် ဖြစ်ပွားသော သုံးလောင်းပြိုင်လူသတ်မှု တွင် တရားခံကို ဖော်ထုတ်ပြီးဖြစ် ၍ သေဆုံးသူ၏ခင်ပွန်းထင်မြင်ယူ ဆရေးသားချက်များကို မှတ်ချက် ပေးရန်မရှိကြောင်း အနောက်ပိုင်း ခရိုင်မှူး ဒုရဲမှူးကြီး သိန်းလွင်က ပြောသည်။ နိုဝင်ဘာအတွင်း ဖြစ်ပွားခဲ့ သော အဆိုပါလူသတ်မှုနှင့်ပတ် သက်၍ မျက်မြင်သက်သေမရှိ သော လူသတ်မှုကို ကျူးလွန် သည်ဟု ဝန်ခံသူ၏ ဖြောင့်ချက် တစ်ခုတည်းဖြင့် အတည်ပြုပြီး လူသတ်မှု၊ လုယက်မှုအဖြစ် ပုဒ်မတပ်ကာ သတင်းထုတ်ပြန်ခဲ့သ ဖြင့် လက်မခံနိုင်ကြောင်း အသတ်ခံရသူ၏ခင်ပွန်းက ဝေဖန်ခြင်း ဖြစ်သည်။ဦးလှမျိုးထွန်း၏ထိုသို့ပြော ကြားချက်များနှင့်ပတ်သက်၍ ဒုရဲ မှူးကြီးသိန်းလွင်က ‘‘သူကလည်း သူ့ခံစားချက်နဲ့ ပြောတာတွေရှိမှာ ပါ။ ကျွန်တော်တို့ကလည်း ကျွန် တော်တို့စစ်ဆေးချက်အတိုင်း တရားခံကို ဖော်ထုတ်ပြီးသားပါ။ ဒီအတွက် ဘာမှ ပြောစရာမရှိပါ ဘူး’’ဟု […]

Continue Reading