
ကိုးနှစ်အတွင်း ကျပ်ဘီလျံတစ်ရာကျော် သုံးစွဲခဲ့သော်လည်း ဆယ်ရာခိုင်နှုန်းသာ ပြန်ရဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ညည်းတွား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ကိုးနှစ်အတွင်း ငွေကျပ် ဘီလျံပေါင်း တစ်ရာကျော်သုံးစွဲခဲ့သော်လည်း ဆယ်ရာခိုင်နှုန်းသာ ပြန်ရရှိခဲ့ကြောင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ညည်းတွားပြောကြားခဲ့သည်။ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် MPT နှင့် MNL ( Myanmar National League) တို့ လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မင်းသီဟန် Credit; Akonthi Media Unicode ဖြင့်ဖတ်ရန် ကိုးနှစ်အတွင်း ကျပ်ဘီလျံတစ်ရာကျော် သုံးစွဲခဲ့သော်လည်း ဆယ်ရာခိုင်နှုန်းသာ ပြန်ရဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ညည်းတွား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ကိုးနှစ်အတွင်း ငွေကျပ် ဘီလျံပေါင်း တစ်ရာကျော်သုံးစွဲခဲ့သော်လည်း […]

Continue Reading

ထိုင်းလိဂ်ဝမ်းမှာ မြင်တွေ့ရတော့မယ့် မြန်မာတိုက်စစ်မှုးအောင်သူ

မြန်မာအသင်းရဲ့တိုက်စစ်မှုး အောင်သူဟာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ T1 မှာ ယှဉ်ပြိုင်ကစားနေတဲ့ တယ်ရိုဆာစနာအသင်းကို ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။အဲဒီကလပ်ရဲ့ မန်နေဂျင်းဒါရိုတ်တာဖြစ်သူက ” His Name is Aung Thu” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပြီးနောက် ထိုင်းအခြေစိုက် အားကစားသတင်းစာတွေကလဲ အောင်သူဟာ လာမယ့်ဘောလုံရာသီသစ်မှာတော့ တယ်ရိုဆာစနာအသင်းကို ပြောင်းရွှေ့ကစားတော့မယ်လို့ ဖော်ပြနေကြပါတယ်။ ဒီသတင်း မထွက်ပေါ်မီ ပြီးခဲ့တဲ့ အောက်တိုဘာလကလဲ ထိုင်းလိဂ် 2 ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Samut Sakorn အသင်းဟာ မြန်မာတိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို နဲ့ အောင်သူတို့နှစ်ဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့သော်လဲ ကာယကံရှင်တွေကိုယ်တိုင်က လိဂ် 2 ထက် ပိုအဆင်မြင့်တဲ့ ပြိုင်ပွဲမှာသာ ကစားပေးချင်တာကြောင့် အဲဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။   […]

Continue Reading

အောင်လအန်ဆန် ဘာကြောင့် အနိုင်ရခဲ့တာလဲ

Zawgyi ဖြင့်ဖတ်ရန် မြန်မာ့စပါးအုံးမြွေ (Burmese Python) လို့ တင်စားကြတဲ့ အောင်လအန်ဆန် (Aung La N Sang) ဟာ အလိန်းဂါလာနီ (Alain Ngalani) နဲ့ ပထမအချီ ၄မိနစ်၃၁စက္ကန့်မှာပဲ လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကို အားပေးနေတဲ့ မြန်မာပရိသတ်တွေအနေနဲ့ တန်ဆောင်မုန်းလပြည့်ညဟာ ပျော်စရာအတိဖြစ်ခဲ့ရပါတယ်။ ပုံမှန်အခြေအနေမှာ (၁၈၅) ပေါင်သာရှိတဲ့ အောင်လအန်ဆန်ဟာ ဒီပွဲမှာ ဝိတ်တင်ပြီး ပေါင် (၂ဝဝ) ဝန်းကျင်နဲ့ ပွဲထွက်လာခဲ့သလို ၂၂၉ ပေါင် (၁ဝ၃.၈၇ ကီလိုဂရမ်) ရှိတဲ့ အလိန်းဂါလာနီကလည်း ဝိတ်အနည်းငယ်လျော့ပြီး ရင်ဆိုင်ခဲ့တာပါ။ အလိန်းဂါလာနီဟာ ကစ်ဘောင်ဆင်ပွဲပေါင်း (၃၅) ပွဲထိ ကစားခဲ့ပြီး (၂၅) ပွဲအနိုင်ယူခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကစ်ဘောင်ဆင်လောကမှာပဲ အချိန်ကုန်ခဲ့သူပါ။ အဲဒီနောက်မှာ […]

Continue Reading

ကြားသိရသမျှအောင်လအန်ဆန် ဘာကြောင့် အနိုင်ရခဲ့တာလဲ

Zawgyi ဖြင့်ဖတ်ရန် မြန်မာ့စပါးအုံးမြွေ (Burmese Python) လို့ တင်စားကြတဲ့ အောင်လအန်ဆန် (Aung La N Sang) ဟာ အလိန်းဂါလာနီ (Alain Ngalani) နဲ့ ပထမအချီ ၄မိနစ်၃၁စက္ကန့်မှာပဲ လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကို အားပေးနေတဲ့ မြန်မာပရိသတ်တွေအနေနဲ့ တန်ဆောင်မုန်းလပြည့်ညဟာ ပျော်စရာအတိဖြစ်ခဲ့ရပါတယ်။ ပုံမှန်အခြေအနေမှာ (၁၈၅) ပေါင်သာရှိတဲ့ အောင်လအန်ဆန်ဟာ ဒီပွဲမှာ ဝိတ်တင်ပြီး ပေါင် (၂ဝဝ) ဝန်းကျင်နဲ့ ပွဲထွက်လာခဲ့သလို ၂၂၉ ပေါင် (၁ဝ၃.၈၇ ကီလိုဂရမ်) ရှိတဲ့ အလိန်းဂါလာနီကလည်း ဝိတ်အနည်းငယ်လျော့ပြီး ရင်ဆိုင်ခဲ့တာပါ။ အလိန်းဂါလာနီဟာ ကစ်ဘောင်ဆင်ပွဲပေါင်း (၃၅) ပွဲထိ ကစားခဲ့ပြီး (၂၅) ပွဲအနိုင်ယူခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကစ်ဘောင်ဆင်လောကမှာပဲ အချိန်ကုန်ခဲ့သူပါ။ အဲဒီနောက်မှာ […]

Continue Reading

လူပိန်လေးမှ ကာယဗလ ကမ္ဘာ့ချန်ပီယံဖြစ်လာသူ

ငယ်စဉ်က ကိုယ်ခန္ဓာအရွယ်အစား သေးလွန်းသဖြင့် သူငယ်ချင်းများ၏ လှောင်ပြောင်မှုကိုအမြဲ ရင်ဆိုင်ခဲ့ရသည့် လူကောင် သေးသေးလေးက ကမ္ဘာ့အဆင့် ကာယဗလပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပြီ။ အောက်တိုဘာ ၆ ရက်က မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပခဲ့ သည့် (၉) ကြိမ်မြောက်ကမ္ဘာ့ကာ ယဗလပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံ ပေါင်း ၁၃၀ ကျော်ယှဉ်ပြိုင်ခဲ့သည်။ပြိုင်ပွဲဝင် ၁၅ ဦးယှဉ်ပြိုင်သည့် ၆၀ ကီလိုတန်း၌ ထွန်းထွန်းအောင်က မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ထွန်းထွန်းအောင်နှင့် ထွန်းမင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထွန်းမင်းက ၆၅ ကီလိုတန်း တွင် ငွေတံဆိပ်ရရှိခဲ့သည်။ လက်ရှိတွင် အရပ် ၅ ပေ ၃ လက်မရှိသော ထွန်းထွန်းအောင်သည် အလယ်တန်းကျောင်းသားဘ၀က ကိုယ်အလေးချိန်ပေါင်၁၀၀ခန့်သာရှိကာ သူငယ်ချင်းများက လူပိန်ဂျပုလေး၊ […]

Continue Reading

ကျော်ကိုကိုရဲ့ နောက်ကျဂိုးကြောင့် မြန်မာအသင်း အဖိုးတန် သရေတစ်မှတ်ရ ရှိခဲ့

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စု(က) အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် မြန်မာအသင်းနှင့် ကာဂျစ်စ္စတန်အသင်းတို့သည် အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။   မြန်မာအသင်းနှင့် ကာဂျစ်စ္စတန်အသင်းတို့ ပွဲတွင် ကာဂျစ်စ္စတန်အသင်းအတွက် အဖွင့်ဂိုးကို အန်တွန်က ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ချေပဂိုး ပြန်လည်ရရှိမည့် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီး၌ ကာဂျစ်စ္စတန်အသင်းက ၁-၀ ဂိုးဖြင့်ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး လေးမိနစ်အကြာတွင် ကာဂျစ်စ္စတန်အသင်းက ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး မာအီယာက သွင်းယူေ   ပးခဲ့သည်။ ပွဲချိန် ၅၂ မိနစ် တွင် မြန်မာအသင်းမှ ပထမချေပဂိုး စတင်ရခဲ့ပြီး အောင်သူက သွင်းယူပေးခဲ့သည်။ […]

Continue Reading

အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် မြန်မာအသင်းအတွက် အမှားမခံတဲ့ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် ယနေ့ညယှဉ်ပြိုင်မည်

နေပြည်တော် အောက်တိုဘာ ၁၀ ၂၀၁၈ အာရှဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက် အရေးကြီးသော ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်ကာဂျစ္စတန်အသင်းတို့ ယနေ့ည (၇)နာရီအချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။   ယနေ့ ပွဲစဉ်သည် နှစ်သင်းစလုံးအတွက်အရေးပါသည့်ပွဲစဉ်ဖြစ်နေပြီး ယခုပွဲစဉ်အနိုင်ရသည့်အသင်းက ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းသွားမည်။     အာရှဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ပါဝင်သောအုပ်စု၌ အိန္ဒိယ၊မြန်မာ၊ကာဂျစ္စတန်နှင့်မကာအိုအသင်းတို့ပါဝင်သည်။အိန္ဒိယအသင်းက အုပ်စုဗိုလ်အဖြစ် (၃)ပွဲကစား(၃)ပွဲလုံးအနိုင်ရထားကာ မြန်မာအသင်းက (၂)ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရမှတ်(၃)မှတ်ဖြင့် ကာဂျစ္စတန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြား ချက်အသာဖြင့် အုပ်စုဒုတိယနေရာတွင်ရပ်တည်နေသည်။   ထိုကြောင့် ယနေ့ညပွဲစဉ်သည် မြန်မာအသင်းအတွက် အိမ်ရှင်ပရိတ်သတ်အားပေးမှုနှင့်အတူ မဖြစ်မနေအနိုင် သုံးမှတ်ကို ရယူရန်လိုအပ်သည်။ ယနေ့ည ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် လက်မှတ်များကို သုဝဏ္ဏ ကွင်းတွင်နေ့လည်ပိုင်းမှ စတင်ရောင်းချပေးမည် ဟုသိရသည်။မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန် အသင်းတို့ ပွဲစဉ်ကို MRTV ရုပ်သံလိုင်းမှလည်း တိုက်ရိုက် […]

Continue Reading

မိသားစုအခြေအနေကြောင့် S- လိဂ်သို့ ပြောင်းရွှေ့ကစားရန် ကောင်းဆက်နိုင်ကြိုးစားနေ

ရန်ကုန် အောက်တိုဘာ ၆ မြန်မာ့လက်ရွေးစင် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတိုက်စစ်မှူး ကောင်း ဆက်နိုင်သည် မိသားစုအခြေအနေကြောင့် မြန်မာနိုင်ငံမှထွက်ခွာ၍ ၄င်း၏မိသားစု ရှိသည့် စင်ကာပူနိုင်ငံရှိ စင်ကာပူလိဂ် (S-လိဂ်) သို့ သွားရောက် ကစားရန် ကြိုးစား နေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား စာရင်းတွင် ရွေးချယ်ခံ ထားရသော ကောင်းဆက်နိုင် အနေဖြင့် မိသားစုအရေး ကိစ္စကို ဦးစားပေးကာ S-လိဂ် သို့ပြောင်းရွှေ့ ကစားရန် စီစဉ်နေသောကြောင့် အပြီးသတ် ကစားသမား စာရင်းတွင် ရွေးချယ် ရန် စောင့်ကြည့်နေကြောင်း မြန်မာ့လက် ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဇီဆီကပြော သည်။ ”ကောင်းဆက်နိုင် အခြေအနေကတော့ သူ့ရဲ့အနာဂတ်အတွက် ဦးစားပေးနေတဲ့ အနေအထားမှာ […]

Continue Reading

အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းအတွက် ပရိတ်သတ်များကို မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူ တောင်းပန်

ထိုင်းအသင်း နှင့် ခြေစမ်းပွဲတွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသည့် မြန်မာအသင်း တိုက်စစ်မှူး အောင်သူ သည် ၄င်း၏ အနီကတ်အတွက် ပရိတ်သတ်များကို တောင်းပန်ခဲ့သည်။     အောက်တိုဘာ(၅)ရက်က မန္တလေးမြို့ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဒုတိယပိုင်း ပွဲချိန်(၈၉)မိနစ်၌ မြန်မာအသင်း တိုက်စစ်မှူး အောင်သူက ပြိုင်ဘက် ကစားသမားကို ရန်လိုသည့် အပြုအမူ နှင့် ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။   ” ပရိတ်သတ်အားလုံးကို တောင်းပန်ပါတယ်။ ဒါပထမဆုံး အနီကတ် ဖြစ်သလို ဒီကတ်ကလည်း နောက်ဆုံးပါပဲ။ နောင်ကို ကျွန်တော့်ကြောင့် အသင်း ဒုက္ခရောက်စေမယ့် အဖြစ်မျိုး မဖြစ်စေရ ပါဘူး။ အားလုံးကို တောင်းပန်ပါတယ်။ ဘယ်သူ မှားမှား […]

Continue Reading

အောင်မြင်မူမရခဲ့လို့ မြန်မာယူ၁၈ နည်းပြဘန်လာဘီ ကိုစာချုပ်ဖျက်သိမ်း/ယင်းနေရာကို ပြည်တွင်းနည်းပြဖြင့်အစားထိုးမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ပြင်သစ်လူမျိုးနည်းပြ ဘန်လာဘီကို စာချုပ် ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ဘန်လာဘီအနေနဲ့ မြန်မာ ယူ-၁၈ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ယခုပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးစားပေးခဲ့ပေမယ့်လည်း အောင်မြင်မှု မရခဲ့တာကြောင့် ယခုကဲ့သို့ စာချုပ် ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSports ကို ပြောပါတယ်။   “အဓိကကတော့ အောင်မြင်မှု မရတာကြောင့်ပါ။အဖွဲ့ချုပ်အနေနဲ့ စာချုပ်ပါအချက်အလက်တွေအရ သူ့ကို နစ်နာကြေးအပြည့်အ၀ ပေးအပ်ပြီး လမ်းခွဲလိုက်တာပါ။သူ့နေရာမှာတော့ ပြည်ပနည်းပြကို မခေါ်ယူတော့ပဲ ပြည်တွင်းနည်းပြနဲ့ပဲ တာဝန်ယူ ကိုင်တွယ်စေမှာပါ” လို့ ဦးကိုကို သိန်းက ပြောပါတယ်။ မြန်မာ ယူ-၁၈ အသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲကို […]

Continue Reading