ပေါက်တောတွင် ၁ သောင်းတန်ငွေစက္ကူအတု သုံးစွဲသူ ၅ ဦးကို ဖမ်းဆီး

    ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ၁ သောင်းတန် ငွေစက္ကူ အတုတွေ သုံးစွဲနေတဲ့သူ ၅ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ပေါက်တောမြို့ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ဒေသခံမဟုတ်သူအချို့က ကျေးရွာရဲ့ ဈေးဆိုင်တွေမှာ ၁ သောင်းတန်ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်စဉ်မှာ ဈေးဆိုင်ပိုင်ရှင်ဖြစ်သူ မသင်္ကာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို သွားရောက် တိုင်တန်းခဲ့တာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးက ပေါက်တောမြို့ရဲစခန်းကိုတိုင်းတန်းခဲ့လို့ ငွေစက္ကူအတုသုံးစွဲနေသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပေါက်တောမြို့မရဲစခန်းမှူး ဦးသန်းဌေးက ဒီဗွီဘီကိုပြောပါတယ်။ “သူတို့တွေ ရွာက ဈေးဆိုင်မှာ အဲဒီငွေစက္ကူအတုတွေနဲ့ဈေးဝယ်တယ်။ ၁ သောင်းတန်ကို ၃၀၀ ရာဖို့လောက် ဝယ်တာ။ အဲ့ဒီမှာ ဈေးပိုင်ရှင်က ဒီပိုက်ဆံကအတု။ မရဘူးဆိုပြီး […]

Continue Reading

အောင်လအန်ဆိုင်း ကမ္ဘာ ချန်ပီယံဖြစ်ပြီ

One Championship မစ်ဒယ် ဝိတ်တန်း ချန်ပီယံ အောင်လ အန် ဆန် ပထမ အချီမှာ ကတည်းက မြန်မာ့ စပါးအုံးလို့ နာမည်ကျော်တဲ့ အောင်လ က ချန်ပီယံ ဗစ်ဒစ်ရှ်ကို အသာစီး နဲ့ ထိုးသတ် နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယ အချီ၊ တတိယ အချီ နဲ့ စတုတ္ထ အချီ တွေမှာ တော့ လက်ရည် က သူတင် ကိုယ်တင် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ငါးချီ မြောက်မှာလည်း နှစ်ယောက်စလုံးက အနိုင်ရဖို့ ကြိုးပမ်း လာတဲ့ အတွက် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ငါးချီ ပြည့် ထိုးသတ် ပြီးတဲ့ အချိန်မှာတော့ ဒိုင်တွေ […]

Continue Reading

မယားကြောက်

တစ်ခါက……အင်မတန် မိန်းမကြောက်ရတဲ့ မွိုင်ရှီ အမည်ရှိ လက်သမားဆရာတစ်ဦးရှိပါသတဲ့..။ တစ်နေ့တော့ လက်သမားဆရာဟာ သူပြုလုပ်ဖန်တီး ထားတဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို မြို့တစ်မြို့မှာ သွားရောက်ရောင်းချခဲ့တယ်။ အဲဒီလို ရောင်းချပြီး ငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။ လက်သမားဆရာဟာ သူရရှိလာတဲ့ငွေကြေးတွေကို အိတ်တစ်လုံးနဲ့ သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။ အဲဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာတော့သေနတ် တစ်လက်ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က သူ့ကို ဓါးပြတိုက်တယ်.. “ဟေ့လူ.. ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာ ကျုပ်မြို့မှာကတည်းကသိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊ ဇီးသီးနွားစားသလို အသက်ပါ ပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်” ဓါးပြဟာ ပြောပြောဆိုဆိုနဲ့ လက်သမားဆရာကို သေနတ်နဲ့ထောက်လိုက်တယ်..။ အဲဒီအခါ လက်သမားဆရာကြီးက “မလုပ်ပါနဲ့ဗျာအိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ ဓါးပြက.. “ခင်ဗျားက မိန်းမကို အသက်သေမှာထက်ပိုပြီးကြောက် […]

Continue Reading

အလုပ်သမားဥပဒေသစ်ကြောင့် နစ်နာမှုများ ရှိသဖြင့် ထိုင်းဝန်ကြီးချုပ် ပြန်ဖြေလျော့

June 30, 2017 ထိုင်းအစိုးရမှ ထုတ်ပြန်လိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေသစ်ဟာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို အခက်တွေ့စေပြီး လုပ်ငန်းခွင်အချို့ကိုလည်း ထိခိုက်စေတာကြောင့် အဲဒီဥပဒေတချို့ကို ဖြေလျော့ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားက အလုပ်သမားဝန်ကြီးဌာနကို မနေ့က ညွှန်ကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်က သူတို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေသစ်မှာ ဥပဒေချိုးဖောက်သူတွေအနေနဲ့ ဒဏ်ငွေ ဘတ် ၄ သိန်း မှ ၈ သိန်းထိ ပေးဆောင်ရမှာမို့ အလုပ်ရှင်နဲ့ အလုပ်သမားကို အခက်တွေ့စေပြီး SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးနဲ့ အိမ်အကူလုပ်ငန်း စတဲ့ လုပ်ငန်းခွင် ၃ ခုမှာ အလုပ်သမား ပြတ်လပ်မှု ဖြစ်စေနိုင်တာကြောင့် ဥပဒေအချို့ကို ဖြေလျော့ပေးဖို့ […]

Continue Reading

“နွား”ကိုချောက်ထဲတွန်းချလိုက်ပါ

တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဥ့်အမှောင်ဟာ တဖြည်းဖြည်း ၀င်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ် – “တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး” – အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုတ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုတ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။ – အဲဒီလို စုတ်ချာလှတဲ့တဲပုတ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို […]

Continue Reading

အမျိုးသမီးရေးရာပွဲက “ဥ” သီချင်းကြောင့် ပြသနာဖြစ်ခဲ့ရတဲ့ အရိုးနဲ့ စိန်ဝင်းထွန်း

အမျိုးသမီးရေးရာဖျော်ဖြေပွဲမှာ ၀င်ရောက်ဖျော်ဖြေပေးခဲ့တဲ့ တေးသံရှင် စိန်ဝင်းထွန်းကတော့ တေးရေး၊တေးဆို အရိုးရဲ့ “ဥ” သီချင်းကို ခွင့်မတောင်းပဲ သီဆိုခဲ့တယ်ဆိုတဲ့အပေါ် ဖြေရှင်းမှုတွေ ပြန်လည်ပြုလုပ်နေရပါပြီ။ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသမီးရေးရာဖျော်ဖြေပွဲမှာ ၀င်ရောက်ဖျော်ဖြေခဲ့တဲ့ စိန်ဝင်းထွန်းက အရိုးရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဥ” သီချင်းကို သီဆိုခဲ့ပြီးတဲ့နောက် သူ့ဆီကိုခွင့်တောင်းခြင်းမရှိပဲ သီချင်းယူသုံးတဲ့အပေါ် အရိုးက ဖြေရှင်းချက်တောင်းခဲ့တာပါ။ အရိုးက သူ့သီချင်းတွေအပေါ် အဲဒီလိုပြောရခြင်းဟာ ငွေကြေးတန်ဖိုးကြောင့်မဟုတ်ပဲ အနုပညာကြောင့် ပြောနေရတာဖြစ်တယ်လို့ သူ့ရဲ့ Facebook အကောင့်မှာ ရေးသားသွားခဲ့ပါတယ်။ သီဆိုဖျော်ဖြေခဲ့တဲ့ စိန်ဝင်းထွန်းကလည်း ပြန်လည်ဖြေရှင်းတဲ့ စာကို သူ့ရဲ့ Facebook မှာရေးသားသွားခဲ့ပြီး ပွဲစီစဉ်တဲ့အဖွဲ့အစည်းအနေနဲ့ ခွင့်ပြုချက်တောင်းပြီးပြီလို့ ထင်မိလို့သာ သီဆိုခဲ့တာဖြစ်ကြောင်းနဲ့ ဂီတသက်တမ်း နှစ် ၅၀ အတွင်းမှာ ပထမဆုံးပရိသတ်ရဲ့အထင်လွဲမှုကိုခံလိုက်ရပြီဖြစ်ကြောင်း ပြန်လည်ရေးသားသွားခဲ့ပါတယ်။ […]

Continue Reading

ဂျပန်နိုင်ငံသားတစ်ဦးနဲ့ ဆီလီကွန်အရုပ်တို့ရဲ့ ဇာတ်လမ်း

ဂျပန်နိုင်ငံသား တစ်ယောက်က သူ့ရဲ့ ဇနီးသည်ကို လူသားစစ်စစ်အစား ဆီလီကွန် အရုပ်ကြီး တစ်ခုကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မာဆာယူကီ အိုဇာကီက မာယူလို့ နာမည်ပေးထားတဲ့ လိင်ဖျော်ဖြေရေး အရုပ်ကြီးကို ဇနီးမယားအဖြစ် လက်ထပ်ထားသူပါ။ မာယူကြောင့် သူ့ရဲ့ အထီးကျန်မှုတွေ ပြေပျောက်ခဲ့ရကြောင်း အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ ကာယကုထုံးဆရာက ပြောပါတယ်။ မာဆာယူကီဟာ ပြခန်းထဲမှာ ရောင်းချနေတဲ့ အရုပ်ကို တွေ့တွေ့ချင်း အရမ်းသဘောကျပြီး ဝယ်ယူခဲ့တာပါ။ သူက မာယူကို တကယ့် လူသား ဇနီးမယားလိုပဲ အဝတ်အစားတွေ၊ လက်ဝတ်တန်ဆာတွေ လက်ဆောင်ဝယ်ပေးလေ့ ရှိသလို အပန်းဖြေ ခရီးလည်း အတူတူ ထွက်လေ့ရှိပါတယ်။ သူက ဂျပန်အမျိုးသမီးတွေဟာ အသည်းမာပြီး တစ်ကိုယ်ကောင်းလည်း ဆန်ကြောင်း၊ သူ့အတွက်တော့ မာယူကသာ […]

Continue Reading


ဖမ်းဆီးရမိသော တရားမဝင်အရက်ဘီယာများကို ကျိုက်ထို မရမ်းချောင်းဂိတ်တွင် တာဝန်ရှိသူများက ဇွန်လ ၂၉ရက်နေ့က ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ ဖျက်ဆီးမှုများကို တာဝန်ရှိသူများမှ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးသည့် အချိန်တွင် ဒေသခံများက အချို့သော အရက်ဘီယာကတ်များကို ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့အား မေးမြန်းရာတွင် ”အဲဒီသယ်သွားတဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ အရေးမယူခဲ့ပါဘူး။ နောက်တစ်ချက်က ဒီဖျက်ဆီးမှု တွေက အကောက်ခွန်ဦးစီးဌာနကနေ ဦးဆောင်ပြီး လုပ်တာပါ၊ ကျွန်တော် တို့ကတော့ လုံခြုံရေးအနေနဲ့ တာဝန်ယူပေးခဲ့တာပါ” ဟု တာဝန်ကျ တာဝန်မှူးမှ ပြန်လည်ပြောကြားခဲ့သည်။ TTL (Photo – က်ဳိက္ထိုလူငယ္ေလးမာ်း) Credit# Pyi Myanmar Unicode ဖျက်ဆီးမည့် တရားမဝင်အရက်ဘီယာများကို ဒေသခံအချို့ဝင်ရောက်ယူဆောင် ဖမ်းဆီးရမိသော တရားမဝင်အရက်ဘီယာများကို ကျိုက်ထို မရမ်းချောင်းဂိတ်တွင် […]

Continue Reading

“ပုဂံကို ပိုက်ဆံတပြားမှ မပါပဲ သွားနည်း”

ပုဂံကို စရိတ် သက်သက်သာသာနှင့်သွားနည်း အို…….လုပ်မနေပါနဲ့ အာ့တွေက ရိုးနေပါပြီ။ ပုဂံကို ပိုက်ဆံတပြားမှ မပါပဲ သွားနည်း ခရီးမသွားခင် ဘာတွေ ပြင်ဆင်သွားရမလဲ။ -ကိုယ့် တကိုယ်ရည် အသုံးအဆောင်များ ယူသွားပါ။ နောက်ယူရမယ့် ပစ္စည်းတွေကတော့ -Paracetamol အမှုန့်ကြိတ်ပြီး ပျားရည်နှင့်လုံးသွားပါ။ -ခေါင်းလောင်းတစ်လုံး -ပဒေါင်ကြေးကွင်းများနှင့် နားဆွဲ -တိုင်းရင်းသား တဘက် -အနက်ရောင် ဖျင်ကြမ်းသား လက်ရှည် ဝမ်းဆက် -သနပ်ခါးတုံး ကျောက်ပြင် -အသည်းပုံသော့ခလောက်၅ခုနှင့် အဲ့သော့ခလောက်တွေအတွက် သော့ပို ၁၀စုံစီ ?ဘယ်လိုသွားမလဲ နီးစပ်ရာ နာမည်ကြီး ပရဟိတအသင်းရဲ့ အင်္ကျီကိုဝတ်ပါ။ ပြီးရင် ကားဂိတ်ကိုသွား ပုဂံကို ငလျင်ကြောင့် ပျက်စီးတဲ့ ဘုရားတွေ ပြင်ဆင်ရေးအတွက် အသင်းမှ တာဝန်ပေးအပ်ချက်အရ သွားပါမယ်ပြော။ ဘယ်ဂိတ်တာဝန်ရှိသူက နှလုံးခံနိုင်ဦးမလဲ။ ပုဂံရောက်ပါပြီ။ […]

Continue Reading

ဖြတ်နိုင်တာကိုဖြတ်

ဟိုတစ်လောက စုံတွဲတစ်တွဲ..လဘက်ရည်ဆိုင်မှာအတူထိုင်နေကြရင်း.. ကောင်မလေးက သူ့ကောင်လေး ဖုန်းကို ယူကြည့်တယ်.. Messenger ထဲ ဟိုကြည့်ဒီကြည့်လုပ်ပြီးတဲ့အခါမှာတော့ သူ့ကောင်လေးနဲ့ စကားပြော ထားတဲ့ တစ်ယောက် (သူပြောတဲ့ အီပြော) တစ်ယောက်ကို သူ့ကောင်လေးရှေ့တင် ဘလော့လိုက်တယ်။ ရန်ဖြစ်ကြတယ်၊ အခု အဲ့ဒီစုံတွဲ ပြတ်သွားပြီ။ နောက်တစ်တွဲကျတော့ ကောင်မလေးက တစ်မျိုး။ ကောင်လေးကို ဘာမှမပြောဘူး။ သူ့ကောင်လေးနဲ့အီတဲ့ မိန်းကလေးမှန်သမျှကို လိုက်အပ်တယ်၊ မိတ်ဆက်တယ်၊ ပြီးတော့ သူ့အပိုင်ဖြစ်ကြောင်း မသိတစ်မျိုး သိအောင်တစ်မျိုး ပြောတယ်.. တစ်ခါတစ်လေ သူဟာ ငါ့အပိုင်ဖြစ်ကြောင်း မဏ္ဍပ်တိုင်တက်တဲ့ ပို့စ်မျိုးတွေတင်တယ်၊ အခု အဲ့ဒီစုံတွဲလဲ ပြတ်သွားပြီ။ နောက်တစ်တွဲမှာတော့ ကောင်မလေးက တစ်ခြားသူတွေကို ဘာမှမလုပ်ဘူး။ ကောင်လေးတင်သမျှပို့စ်တွေ ဖတ်တယ်၊ အောက်က Like တွေ၊ မန့်တွေ၊ အသည်းတွေ […]

Continue Reading