ပရဟိတသမားကြီးကို လေးစားလွန်းလို့

ပရဟိတမင်းကြီး.. ကို..တခြားသူတွေ မဝန်းရံတောင် ငွေတွေ ဖောဖောသီသီဝင်နေတဲ့ ဇာတ်ကား တစ်ကား သိန်း ၂၀၀ရာ ကျော်ရတဲ့ မင်းသားကြီးတွေ…ကိုဝေဠုနောက်က ထောက်ပံ့ပေးကြရင် တော်တော်ကောင်းမယ်ဗျာ… …ကျွန်တော်ကဖြင့်..အသက်သာ ချေးငှါး ပေးလို့ရရင် ပေးချင်ပါတယ်ဗျာ… လေးစားလွန်းလို့ပါ..   #မောင်တော_လမ်းခရီးကြမ်းပေမဲ့ ထောက်ပံ့မှုကို ဆက်လက်လုပ်ဆောင်နေတဲ့ ကိုဝေဠုကျော်တို့အဖွဲ့.. #မောင်တောမြို့နယ်ထဲမှ_တောင်ပြိုမြို့ဘက်သွားလျှင်_တစ်ညအိပ်_ထမင်းတနပ်ငတ်ပါတယ်တဲ့ဗျာ… အစိုးရလူကြီးမင်းများ လမ်းကောင်းအောင်ပြုပြင်ကြပါလို့တောင်းဆိုပါရစေ… Credit to လင်းသုတကို ရမ္မာမြေမှသတင်းစုံ     Unicode လေးစားလွန်းလို့   ပရဟိတမင်းကြီး.. ကို..တခြားသူတွေ မဝန်းရံတောင် ငွေတွေ ဖောဖောသီသီဝင်နေတဲ့ ဇာတ်ကား တစ်ကား သိန်း ၂၀၀ရာ ကျော်ရတဲ့ မင်းသားကြီးတွေ…ကိုဝေဠုနောက်က ထောက်ပံ့ပေးကြရင် တော်တော်ကောင်းမယ်ဗျာ… …ကျွန်တော်ကဖြင့်..အသက်သာ ချေးငှါး ပေးလို့ရရင် ပေးချင်ပါတယ်ဗျာ… လေးစားလွန်းလို့ပါ..     […]

Continue Reading

အဲဒါ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟုခေါ်သည်

မနေ့က ဂျာမနီနိုင်ငံ ဖရန့်ဖွတ်လေဆိပ်ကနေ ထိုင်းလေကြောင်းလိုင်း TG နှစ်ထပ်လေယဉ်ကြီးနဲ့ မြန်မာပြည်ပြန်အလာ၊ လေဆိပ်ထဲခနစောင့်နေတုန်း၊ လေယဉ်ဝန်ထမ်းတယောက်က မိမိထံလာပီး၊ “မင့်ခုနံပါတ်ပြောင်းပေးလို့ရမလားတဲ့” Is it possible to change your seat number? လာပြောလာတယ်၊ မိမိအထင်တော့ ဘေးခုံက အမျိုးသမီးဖြစ်လို့နေမှာပေါ့၊ ok ရတယ် မင့်သဘောလို့၊ ခနနေတော့ လက်မှတ်အသစ်လာပြန်ပေးတယ်   ဘေးက နိုင်ငံခြားသားတစ်ယောက်က ဟ မင့်ခုံနံပါတ်က VIP တဲ့။ အချိန်ကျတော့ ဂိတ်ကနေ လေယဉ်ပေါ်ခေါ်တော့ ရှေ့ဆုံးကနေ လက်အုပ်ချီပီး လာပင့်လာတယ်။ ထိုင်ခုံနံပါတ်ရှိတဲ့နေရာထိ ဝန်ထန်းတစ်ယောက်က လိုက်ပို့လို့ သတ်မှတ်ထားတဲ့နေရာမှာဘဲ ထိုင်နေလိုက်တယ်။ လေယဉ်တာ ထွက်လာခဲ့တယ် ထိုင်ခုံ၃ခုံစလုံး တစ်ပါးထဲ။ ဘေးကလူတွေလဲ မိမိကိုသတိထားပီး ကြည့်နေကြတယ် ဘယ်လိုဘုန်းကြီးလဲပေါ့။ ကိုယ်ကတော့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမာရွတ်မြို့နယ်ရှိ ဂရင်းဟံသာ နိုင်ငံ တကာဆေးရုံ၌ စက်တင်ဘာ ၂၉ ရက် က ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ ကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက 7Day Daily အား အတည် ပြုပြောကြားသည်။   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဆေးရုံသို့ စတင် ရောက်ရှိလာပြီး နှစ်နာရီကျော် ကြာ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်လေ့ ရှိပြီး လိုအပ်ပါက ခြောက်လတစ် ကြိမ် ကျန်းမာရေးစစ်ဆေးလေ့ရှိ ကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြော ကြားထားသည်။   […]

Continue Reading

ကမ္ဘာ့အကြီးဆုံး Tsar ခေါင်းလောင်းကြီး နှင့် အသံမမြည်ရခြင်းအကြောင်း

ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံးခေါင်းလောင်းကြီးကတော့ ရုရှားနိုင်ငံ ကရင်မ်လင်နန်းတော်အနီးမှာထားရှိတဲ့ Tsar ခေါင်းလောင်းကြီးဖြစ်ပါတယ်။ သူ့ကို Tsrasky Kolokol, Royal Bell အစရှိသဖြင့် ခေါ်ကြပါသေးတယ်။ တတိယမြောက် Tsar ခေါင်းလောင်းလို့လည်းခေါ်ကြပါသေးတယ်။ ဒါကတော့ ဒီခေါင်းလောင်းကြီးရဲ့ရှေ့မှာ Tsar ခေါင်းလောင်းနှစ်လုံးကို တည်ဆောက်ဖူးတဲ့အတွက်ကြောင့်ပါ။ အမြင့် ၂၀.၁ပေ ၊ အချင်း ၂၂ ပေ ရှိကာ အလေးချိန် ၂၀၂ တန်ခန့် ရှိပါတယ်။ တည်ဆောက်ခိုင်းတဲ့သူကတော့ ရုရှားအင်ပါယာတည်ထောင်သူ ပီတာသည်ဂရိတ်ရဲ့ တူမတော် ရုရှားအင်ပါယာသခင်မ Anna Ivanovna ပဲဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးကို ကမ္ဘာပေါ်က အခြားခေါင်းလောင်းများကဲ့သို့ ဘယ်တုန်းကမှ ချိတ်ဆွဲခဲ့ခြင်း မရှိခဲ့ပါဘူးတဲ့။ ထူးခြားနေတာကတော့ ခေါင်းလောင်းကြီးမှာ ပဲ့ထွက်နေတဲ့အပိုင်းရှိပြီး အဲဒီအပဲ့ကြီးဟာ ၁၁တန်ခန့် အလေးချိန်ရှိပါတယ်။   ရုရှားတွေဟာ […]

Continue Reading

မြန်မာနိုင်ငံကို လက်နက်ကူညီပေးတာ ဆိုင်းငံ့ဖို့ အမေရိကန်သံအမတ် တောင်းဆို

မြန်မာနိုင်ငံကို လက်နက်ကူညီထောက်ပံ့ ပေးနေတာ ဆိုင်းငံ့ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။   အမေရိကန် သံအမတ်က မြန်မာအစိုးရအပေါ် အရေးယှုမှု ပြုလုပ်ရမှာကို စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ရခိုင်ပြည်နယ် အရေးမှာ မြန်မာအစိုးရလုပ်ရပ်ဟာ ရှက်ဖိုကောင်းတယ်လို့လည်း နစ်ကီဟာလေက ပြောပါတယ်   ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မြန်မာအစိုးရရဲ့ ပြုမှုဆောက်ရွက်ချက်တွေကို အမေရိကန် လွှတ်တော်အမတ်တွေက ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ရီပတ်ဘလီကန် ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက မြန်မာ နိုင်ငံကို ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန် အစိုးရကို တောင်းဆို တိုက်တွန်းထားပါတယ်။ Credit to MCN TV News   Unicode […]

Continue Reading

သင့်ဆီမှာ ပွေး ရှိနေသလား ဘယ်လိုသိနိုင်မလဲ?

ªပွေး ဟာ အဖြစ်များတဲ့ အရေပြား ရောဂါပိုး တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ကူးစက်လွယ်ပြီး အနီရောင် အကွက်တွေ စက်ဝိုင်းပုံစံ ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒီ အနီရောင် အကွက်ဟာ အကြေးခွံပုံစံမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံမှာ ဒီအကွက်တွေဟာ ဦးရေပြားမှာ ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်း နဲ့ အရည်ကြည်ဖု တွေကို ဖြစ်စေပါတယ်။   ပွေး ဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ တိရိစ္ဆာန် ကနေ လူတွေကို ပွေးကူးစက်ခံရမှုတွေ ပါရှိပါတယ်။ ကလေးငယ် တွေမှာ အဖြစ်များပေမယ့် အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။   ပွေး တွေဟာ သံကောင်တွေကြောင့် ဖြစ်တာမဟုတ်ပဲ tinea လို့ ဆေးပညာအရ အသိများတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ […]

Continue Reading

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၃၀ ဦးပါ လှေတိမ်းမှောက် ၁၄ဦးသေဆုံးကြောင်း ကနဦးသတင်းရ ရှိ

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေနဲ့ ထွက်ပြေး လာကြတဲ့ လှေစီးပြေးဒုက္ခသည် ၁၃၀ လိုက်ပါလာတဲ့ စက်လှေတစင်း ဟာ Bengal မြစ်ဝှမ်း မှာ တိမ်းမှောက်သွားခဲ့ကြောင်း ကလေးငယ်တွေအပါအ၀င် သေဆုံးသူ တွေရဲ့ အလောင်း၁၄လောင်းကိုတွေ ရှိပြီဖြစ်ကြောင်း International Organization for Migration နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောဆိုလိုက်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အလုပ်လုပ်ကိုင်ဖို့ နေထိုင်စားသောက်ဖို့ အခက်အခဲရှိတာကြောင့် ထွက်ပြေးလာကြသူများဖြစ်တယ်လို့  BURMESE ROHINGHA ASSOCIATION IN THAILAND(BRAT) ကပြောပါတယ်။ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။         မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ရက်နေ့ ကစလို့ နယ်ခြားစောင့် ကင်းစခန်းတွေဝင်ရောက်တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲအဖြစ် ဟိန္ဒူဘာသာဝင်တွေ၊ […]

Continue Reading

ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်မည့် ဘင်္ဂါလီများကို တာဝန်ရှိသူများ တွေ့ဆုံရှင်းလင်း

လုံခြုံရေးအခြေအနေနှင့် စားဝတ်နေရေး အခက်အခဲအရ ဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ တိမ်းရှောင်မည့် ဘင်္ဂါလီ များကို မောင်တောခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများက သွား ရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် လုံခြုံရေးဆောင် ရွက်ပေးမည့် အစီအစဉ်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော် မတီက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။   ဘူးသီးတောင်မြို့နယ် ဒုအိုး သည်မ ကျေးရွာအုပ်စုနှင့် ပြိုင်း တောင်ကျေးရွာအုပ်စု၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေ တောင်ကျေးရွာတို့မှ ဘင်္ဂါလီများ သည် ဒေသအခြေအနေ မတည် ငြိမ်မှုအပေါ် ကြောက်ရွံ့၍ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ရန် မောင်တောမြို့နယ် အလယ်သံ ကျော်ကျေးရွာအုပ်စု လေယာဉ် ကွင်းကျေးရွာသို့ ရောက်ရှိနေသည်။   ၎င်းတို့ကို မောင်တောခရိုင် […]

Continue Reading

မဲသဝေါတွင် BGF နှင့် ဒီကေဘီအေခွဲထွက် အဖွဲ့ တိုက်ပွဲဖြစ်၊ BGF လေးဦးကျဆုံး လေးဦးဒဏ်ရာရ

မဲသဝေါ ဒေသတွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF)နှင့် ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ စက်တင်ဘာ ၂၇ ရက်ညကတိုက်ပွဲဖြစ်ပွားပြီး BGF မှ လေးဦးကျဆုံးကာ လေးဦးဒဏ် ရာရခဲ့သည်။   မဲသဝေါဒေသရှိ ၀ုသောနယ် ခြားစောင့်စခန်းကို ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင် ၅၀ ခန့်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးနိုင်မောင်ဇော်က ပြောသည်။   ဗိုလ်မှူး နိုင်မောင်ဇော်က ‘‘မနေ့ညက စတိုက်တယ်။ အစ် ကိုတို့ဆီက လေးယောက်ကျ တယ်။ သုံးယောက် ဒဏ်ရာရ တယ်။ ကရင်ပြည်နယ်မှာ သေ နတ်သံတွေ တိတ်သလောက်ဖြစ် နေတဲ့အချိန်မှာ အခုလိုဖြစ်တော့ အလားအလာသိပ်မကောင်းဘူး။ စစ်ရှောင်တွေတောင် နေရပ်မပြန် […]

Continue Reading

ငါ့သရောက်မြို့ တောပြားကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီတစ်ဆူ မြေခပျက်စီးမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောပြားကျေးရွာမြောက်ဘက်တွင် ဒေသခံ ပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသည့် ကျောင်းတော်ရာ မြတ်စွာဘုရားစေတီတော်မှာ စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေခပျက်စီးသွားခဲ့ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။   ငါ့သရောက်မြို့ တောပြားကျေးရွာ ဒေသခံပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသည့် ကျောင်းတော်ရာမြတ်စွာဘုရား စေတီတော်မှာ ဥာဏ်တော်အမြင့် (၉)တောင်ရှိပြီး၊ လုံးပတ်မှာ (၁၀)ပေခန့်ရှိကာ ကျောက်သားများဖြင့် ပြုလုပ်ထားသည့် စေတီတစ်ဆူဖြစ်ကြောင်း သိရပြီး၊ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေခပျက်စီးသွားခဲ့ကြောင်း သိရသည်။ ယခု အခါ အဆိုပါ မြေခပျက်စီးသည့်စေတီတော်အား တောပြားကျေးရွာ ရွှေဥမှင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက မှ ဦးစီး၍ ကျေးရွာသူ၊ ကျေးရွာသားများက ဘုရားပွဲကျင်းပရက်အမီ ပြန်လည်ပြုပြင်နိုင်ရေး […]

Continue Reading